Home ထိပ်တန်းသတင်း ကွန်ပြူတာသင်တန်း အကျိုးရှိဟု ကရင်လူငယ်များ ‌ပြောဆို

ကွန်ပြူတာသင်တန်း အကျိုးရှိဟု ကရင်လူငယ်များ ‌ပြောဆို

2220
ဩဂုတ်လ ၃၁ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌လောင်းကိုင်‌ကျေးရွာတွင် တစ်လကြာ သင်ကြားပို့ချခဲ့သည့် ကွန်ပြူတာသင်တန်းမှာ အကျိုးရှိသည်ဟု ဩဂုတ်လ ၂၉ရက်‌နေ့တွင် ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲတွင် ပါဝင်တက်‌ရောက်ခဲ့သူ ကရင်လူငယ် သင် တန်းသားများက ‌ပြောဆိုသည်။

ဖလုံပညာတိုးတက်‌ရေးယူနစ် (Plone Education Development Unit-PEDU) မှ ဦးစီးပံ့ပိုးခဲ့သည့် အဆိုပါသင်တန်းကို ဇူလိုင် လ ၃၁ရက်‌နေ့မှ ဩဂုတ်လ ၂၉ရက်‌နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဟန်းသံဃာ အပါအဝင် လူထုပရိဿတ် ၃၀၀‌ကျော် တက် ‌ရောက်ခဲ့ကြသည်ဟု သိရသည်။

သင်တန်းတက်‌ရောက်ခဲ့သူ ‌လောင်းကိုင်ရွာခံတစ်ဦးက “ကျ‌နော်တို့ ‌လောင်းကိုင်ရွာမှာ ဒီလို ကွန်ပြူတာသင်တန်း တခါမှမလုပ် ဖူးဘူး။ ကွန်ပြူတာကို မြင်‌တောင်မမြင်ဖူးဘူး။ အခုလို PEDU အဖွဲ့က ဦးစီးပြီး လုပ်‌ပေးတာ ကျ‌နော်တို့ရွာခံအ‌နေနဲ့ အ‌တော်ပဲ ဝမ်းသာမဆုံး ဖြစ်ရပါတယ်။”ဟု ‌ပြောသည်။

သင်တန်းတွင် ‌ကော့ကရိတ်မြို့နယ်ရှိ ‌လောင်းကိုင်၊ သမိန့်ဒို၊ ဝိဇ္ဖာကုန်းနှင့် အခြားရွာတရွာတို့မှ ကရင်လူငယ်‌မောင်မယ် ၇ဝဦး သင်ယူခဲ့ကြပြီး PEDU အဖွဲ့မှ ကရင်လူငယ် ၇ဦးက ဆရာအဖြစ် သင်ကြားပို့ချ‌ပေးခဲ့ခြင်း ဖြစ်သည်။

ကွန်ပြူတာသင်တန်းဆရာ စ’စံသာကလည်း “ဒီကွန်ပြူတာ သင်တန်းဟာ သင်တန်းကာလ ၁လဆို‌ပေမယ့် မြို့‌တွေမှာလို သင် ကြားမယ်ဆိုရင် ၁နှစ်စာ‌လောက် ရှိတယ်။ ဒီသင်တန်းတစ်လဟာ သင်တန်းသူ သင်တန်းသား‌တွေအတွက် ဘဝ အာမခံချက် ‌ပေးနိုင်ပါတယ်။ သင်တန်းသား‌တွေသာ မိမိတို့ပညာရပ်ကို အသုံးချတတ်ဖို့ပဲ လို‌တော့တယ်။”ဟု မှာကြား‌ပြောဆိုခဲ့သည်။

Photo-KIC (ကွန်ပြူတာသင်တန်းဖွင့်ပွဲ အခမ်းအနား)

ကွန်ပြူတာ ၂၃လုံးဖြင့် သင်ကြားခဲ့သည့် ၎င်းသင်တန်းတွင် အ‌ခြေခံ စာစီစာရိုက်၊ Power point, Pagemaker, Photoshop, Video editing, Hardware, MP3-VCD-DVD ပြုလုပ်နည်းများကို သင်ကြား‌ပေးသွားခဲ့ပြီး သင်တန်းသားများအ‌နေဖြင့် ပညာ ‌တော်သင် သွား‌ရောက်ရာတွင် အကျိုးရှိနိုင်‌ကြောင်းလည်း သင်တန်းဆရာများက ‌ပြောဆိုသည်။

သင်တန်းသူ ‌နော်အဲ‌ဖောကလည်း ကွန်ပြူတာသင်တန်းတက်ရတာ အားရ‌ကျေနပ်မိ‌ကြောင်း၊ စိတ်ရှည်စွာ ‌စေတနာထား သင် ကြား‌ပေးသည့် ဆရာများနှင့် သင်တန်းဖြစ်‌မြောက်‌ရေး ‌ကော်မတီကိုလည်း အထူး ‌ကျေးဇူးတင်‌ကြောင်းနှင့် အလားတူ သင် တန်းမျိုး ဆက်လက် လုပ်‌ဆောင်သွား‌စေလို‌ကြောင်း ‌ကေအိုင်စီကို ‌ပြောဆိုသည်။

PEDU အဖွဲ့ကို ၂၀၀၃ခုနှစ်ခန့်က ‌တောင်က‌လေး ဆရာ‌တော် ဦးပညာသာမိနှင့် ကရင်လူငယ်များ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကရင်‌ကျေးရွာများတွင် အဂင်္လိပ်စာသင်တန်းများနှင့် ကွန်ပြူတာသင်တန်းများကို လိုက်လံ‌ဆောင်ရွက်‌ပေးလျှက်ရှိသည်။

လာမည့် စက်တင်ဘာလ ၄ရက်‌နေ့တွင်လည်း နိုင်ငံတကာ အဆင့်မီ အဂင်္လိပ်စာသင်တန်းကို ၃လကြာ သင်ကြားပို့ချသွားမည် ဟုလည်း သိရသည်။

Photo-KIC (ကွန်ပြူတာသင်တန်းမှ ကရင်လူငယ်များ)