Home အယ်ဒီတာ့အာဘော် မြို့ပြတိုက်ပွဲနှင့် ငြိမ်းချမ်း‌ရေး

မြို့ပြတိုက်ပွဲနှင့် ငြိမ်းချမ်း‌ရေး

1755
အယ်ဒီတာ့အာ‌ဘော်

နိုင်ငံ‌တော်တည်ငြိမ်‌ရေး၊ ရပ်ရွာ‌အေးချမ်းသာယာ‌ရေးနှင့် တရားဥပ‌ဒေ စိုးမိုး‌ရေး ဆိုသည့်‌ဆောင်ပုဒ်ပါ လက်‌တွေ့ အ‌ကောင်အ ထည်‌ဖော်‌ဆောင်မှုမှာ ဗမာပြည်နှင့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအတွက် ယခုအချိန်ထိ ‌ပေါ်ထွန်းလာခြင်း မရှိ ‌သေး။ မဆလ၊ နဝတ၊ နအဖ ‌ခေတ်အဆက်ဆက်‌သော စစ်အစိုးရလက်ထက် နိုင်ငံ‌ရေးပြဿနာကို စစ်‌ရေးအရ ‌ဖြေရှင်းလာမှု များ၏ ‌နောက်ဆက်တွဲမှာ ကြံ့ဖွံ့အစိုးရလက်ထက်တိုင် မပြီးဆုံးနိုင်‌သေး‌ကြောင်း ‌နေပြည်‌တော်၊ မန္တ‌လေး၊ ကြပ်‌ပြေး၊ ‌တောင်ငူ ဗုံး‌ပေါက်ကွဲမှုများနှင့် ဘုရားသုံးဆူ မြို့ပြတိုက်ပွဲများက သက်‌သေပြလျှက်ရှိသည်။

ပြီးခဲ့သည့် ၁၉၉၄ခုနှစ်ကတည်းက ယခုနှစ်အထိ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည့် ကချင်လွတ်‌မြောက်‌ရေးတပ်ဖွဲ့(KIA)ပင်လျှင် နှစ်‌ပေါင်း ၁၇နှစ်ကြာကာလအတွင်း ပထမဆုံး ပြန်လည် တိုက်ခိုက်လာသည်မှာ ဖိနှိပ်မှုကို ‌တော်လှန်လာခြင်းပင်။ အများက ထင်မြင်ယူဆခဲ့သည့်အတိုင်း ‌ရွေး‌ကောက်ပွဲလွန်ကာလမှ အစိုးရသစ် တက်လာသည်အထိ တိုင်းရင်းသား‌ဒေသများတွင် တိုက် ပွဲသံများမှာ ‌နေ့စဉ်ရက်ဆက် အဆက်မပြတ်ဘဲ ပိုမို ဆူညံလာသည်။ စစ်မှန်သည့် ငြိမ်းချမ်း‌ရေးကို မတည်‌ဆောက်သ‌ရွေ့ နယ် စွန်နယ်ဖျားမှ တိုက်ပွဲကြီးငယ်များမှာ မြို့ပြဆီသို့ ကူးစက်‌တောက်‌လောင်လာ‌နေမည်ပင် ဖြစ်သည်။

နိုင်ငံကို မတည်မငြိမ်လုပ်သူ၊ ရပ်ရွာလူထု ‌အေးချမ်းစွာ လုပ်ကိုင်စား‌သောက်မရ‌အောင် ပြုလုပ်သူ၊ ပါးစပ်ဖျားက ထွက်ကျလာ သည့် ဥပ‌ဒေဖြင့် လူထုကို စိုးမိုးထားသူမှာ ယ‌နေ့ ‌ဒေသခံပြည်သူများကို ပစ်မှတ်ထားရင်း ကရင်၊ ကချင်၊ ရှမ်း လက်နက်ကိုင်အ ဖွဲ့များကို တိုက်ခိုက်‌ချေမှုန်း‌နေသည့် အစိုးရ တပ်မ‌တော်သာပင် ဖြစ်သည်။ ရက်‌ပေါင်း ၁၀၀‌ကျော်သာ ကြာမြင့်‌သေးသည့် သက်တမ်းအတွင်း အစိုးရက လူထုအတွက် ထိ‌ရောက်‌အောင်မြင်‌သော လုပ်‌ဆောင်ချက် မရှိ‌သေး‌သော်လည်း ‌ပေါက်ကွဲမှုများ လုပ်ကြံဖန်တီးခြင်းဖြင့် နယ်လှည့်စည်းရုံး‌ရေး ဆင်းမည်ဟု ထုတ်‌ဖော်‌ပြောဆိုထားသည့် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ၎င်း၏ ပါ တီဝင်များကို လုံခြုံ‌ရေးအရ စိတ်အ‌နှောက်အယှက် ဖြစ်သွား‌အောင် သွယ်ဝိုက်သည့်နည်းဖြင့် ခြိမ်း‌ခြောက်‌နေသည်။ ၎င်းတို့က သာမန်အရပ်သူကဲ့သို့‌သော သ‌ဘောထားသည့် ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ခြိမ်း‌ခြောက်မှုကြားမှပင် က‌နေဒါ Quebec ပြည်နယ်က ယခုနှစ်အတွက် The City of Saint-Luc လူ့အခွင့်အ‌ရေးဆုကို ချီးမြှင့်ခဲ့သည်။

ထိုအ‌ခြေအ‌နေကြားမှာပင် အစိုးရ၏ ပြည်ထဲ‌ရေးဝန်ကြီးဌာနက ၂၀၁၁ခုနှစ်၊ ဇွန်လ ၂၈ရက်စွဲဖြင့် ပါတီဥက္ကဌ ဦး‌အောင်‌ရွှေနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ထံသို့ နိုင်ငံ‌ရေး၊ လူမှု‌ရေးလုပ်ငန်းများကို ဥပ‌ဒေနှင့်အညီ လိုက်နာ‌ဆောင်ရွက်ရန် အ‌ကြောင်းကြား စာ ‌ပေးပို့ခဲ့သည်။ ၁၉၉ဝ ‌ရွေး‌ကောက်ပွဲတွင် လူထုမဲဖြင့် အနိုင်ရသည့်ပါတီအ‌နေဖြင့် လူထုမဲဖြင့်သာ ပယ်ဖျက်ရမည် ဖြစ်သည်။ စစ်အုပ်စု‌နောက်ခံသည့် ယခု အစိုးရသည် ပြည်ပရန်ဆိုသည်ထက် မိမိနိုင်ငံရှိ လူထုတစ်ရပ်လုံးနှင့် အတိုက်အခံပါတီများကို ‌နောက်ကွယ်တွင် (Black List)စာရင်း ထည့်သွင်းကာ ‌ချေမှုန်းလျှက်ရှိ‌နေသည်။ ဤသည်မှာ ဗမာပြည်အတွက် ထာဝရ ငြိမ်း ချမ်းမှုအသွင်ကို ‌ဆောင်ကြဉ်းနိုင်မှုမဟုတ်ဘဲ မြို့ပြတိုက်ပွဲဖြစ်ရန် စိန်‌ခေါ်မှုတစ်ခုသာ ဖြစ်သည်။

အစိုးရသစ်သည် သန့်ရှင်း‌သော အစိုးရမဟုတ်သလို ချွတ်ခြုံကျ‌နေသည့် မြန်မာ့စီးပွား‌ရေးအတွက် နိုင်ငံခြား‌ငွေလဲနှုန်းကိုပင် တည်ငြိမ်‌အောင် မ‌ဆောင်ရွက်နိုင်။ ၎င်းအပြင် အိမ်နီးချင်း‌ဒေသတွင်း နိုင်ငံများနှင့် ကျူး‌ကျော်ခိုက်ရန် ဖြစ်ပွား‌နေခြင်း မဟုတ်ဘဲ မိမိလူထုကိုပင် ပစ်မှတ်ထား တိုက်ခိုက်‌နေရာ ၎င်းတို့၏ ‌ဆောင်ပုဒ်အတိုင်း မင်းမဲ့စရိုက်ဖြင့် ဒီမိုက‌ရေစီ မရနိုင်သလို မင်းဆိုး မင်းညစ် အုပ်ချုပ်မှု‌အောက်တွင်လည်း ဒီမိုက‌ရေစီ ‌ပေါ်ထွန်းလာမည် မဟုတ်သည်ကို လူထုတစ်ရပ်လုံးက သတိချပ်ကာ စစ် မှန်သည့် ငြိမ်းချမ်း‌ရေး၏ အနှစ်သာရကို ခံစားနိုင်‌ရေးအတွက် မြို့ပြတိုက်ပွဲတွင် ပူး‌ပေါင်းပါဝင် ဆင်နွဲသင့်‌ပေသည်။