Home ထိပ်တန်းသတင်း ၁ဝနှစ်‌အောက် က‌လေးငယ် များ နှာ‌စေး ‌ချောင်းဆိုးအဖြစ်များ

၁ဝနှစ်‌အောက် က‌လေးငယ် များ နှာ‌စေး ‌ချောင်းဆိုးအဖြစ်များ

1620
ဇူလိုင်လ ၂၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

‌တောင်ငူခရိုင်၊ ထန်းတပင်နှင့် သံ‌တောင်မြို့နယ်ရှိ ‌တောပိုင်းကျသည့်‌ဒေသများတွင် ယခု ရက်သတ္တပတ်အတွင်း မိုးသည်းထန် စွာ ဆက်တိုက် ရွာသွန်းမှု‌ကြောင့် ၁ဝနှစ်‌အောက် က‌လေးအများစုသည် နှာ‌စေး၊ ‌ချောင်းဆိုး အဖြစ်များလျှက်ရှိ‌ကြောင်း ‌ဒေသ ခံတဦးက ‌ပြောသည်။

“ဒီရက်ပိုင်း မိုးက အဆက်မပြတ် ရွာ‌တော့ က‌လေး‌တွေ ‌ကျောင်းတက်ရတာ လုံးဝ အဆင်မ‌ပြေဘူး။ စာသင်‌ကျောင်း အမိုး၊ ထရံ‌တွေ မလုံမခြုံဖြစ်‌နေ‌တော့ မိုးပက်၊ မိုးယိုတဲ့အတွက် က‌လေးငယ်‌တွေလည်း အ‌အေးမိတယ်။ ဖျားတဲ့လူကဖျား။ အထူးသ ဖြင့် နှာ‌စေး၊ ‌ချောင်းဆိုး အဖြစ်များတယ်။”ဟု ‌ပြောသည်။

အဆိုပါ က‌လေးငယ်များမှာ ဖျားနာမှုများလည်းရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အ‌ခြေအ‌နေ မရှိ‌သော်လည်း ‌ဆေးဝါးမလုံ ‌လောက်ဘဲ မိမိတို့ တတ်နိုင်သည့် ‌ဆေးဝါးတချို့နှင့် ရိုးရာတိုင်းရင်း‌ဆေးများဖြင့်သာ ကုသ‌နေကြသည်ဟု အဆိုပါ‌ဒေသခံက ‌ပြောသည်။

ထို့အပြင် ယခုလို မိုးရွာသွန်းမှု‌ကြောင့် ‌မြေပြန့်‌ဒေသရှိ လယ်ကွင်းတချို့သည် ‌ရေဖုံးလွှမ်းမှုများရှိသလို ဖာလာခြံ စိုက်ပျိုးသည့် ‌တောင်‌ပေါ်‌ဒေသဘက်တွင်လည်း ယခုလို ဖာလာပွင့်ချိန်၌ မိုးများသဖြင့် ဖာလာပွင့်များမှာ ပုပ်၍ပျက်စီးသွားသည်ဟု ‌ဒေသခံ များက ဆိုသည်။

‌တောင်ငူခရိုင်တွင် ယခုလို ရက်ရှည်ကြာစွာ မိုးရွာသွန်းမှုမှာ ပြီးခဲ့သည့် ၅-၆နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး ကြုံ‌တွေ့ရ ခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

နယ်‌မြေခံ ရွာသားတစ်ဦးက “ဒီလို မိုးဆက်တိုက်ရွာတာက ဒီ ‌လေး ငါး ‌ခြောက်နှစ်အတွင်းမှာ ဒီ‌လောက်အထိ ဆိုးဆိုးရွားရွား မကြုံဖူးဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့၏ ဒါရိုက်တာ ‌စောဝင်း‌ကျော်က ယခုလို မိုးရာသီအတွင်း မိုးရွာသွန်းမှု များပါက က‌လေးသူငယ်များ အ‌အေးမိ ဖျားနာ ဖြစ်ပွားမှုမှာ ဖြစ်‌လေ့ဖြစ်ထ ‌ရောဂါတစ်ခုသာဖြစ်သည်ဟု ဆိုသည်။

အလားတူ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်‌တော်‌ဆေးခန်းတွင်လည်း ရာသီဥတု အ‌ခြေအ‌နေ‌ကြောင့် အသက် ၁ဝနှစ်‌အောက် က‌လေးလူနာများ ယခုရက်ပိုင်းအတွင်း ပိုမို များပြားလာသည်ဟု စုံစမ်းသိရှိရသည်။