Home ထိပ်တန်းသတင်း ပြည်နယ်ဝန်ကြီးအိမ်ယာများ အကုန် မပြီးစီး‌သေး

ပြည်နယ်ဝန်ကြီးအိမ်ယာများ အကုန် မပြီးစီး‌သေး

1975
ဇူလိုင်လ ၃ဝရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ရှိ ပြည်နယ်ကွင်း၏ လမ်းတစ်ဖက်ခြား‌နေရာတွင် ပြည်နယ်ဝန်ကြီးများ၏ အိမ်ယာများကို ‌ဆောက် လုပ်‌နေဆဲဖြစ်ပြီး ယခုအချိန်ထိ ဝန်ကြီး ၄ဦးသာ ‌နေထိုင်လျှက်ရှိ‌သေး‌ကြောင်း ဖားအံမြို့ခံများက ‌ပြောဆို‌နေကြသည်။

“ဘဏ္ဍာ‌ရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဦးဝင်းထိန် အပါအဝင် အ‌ဝေးကလာတဲ့ ဝန်ကြီး ၄ဦး‌တော့ ‌နေ‌နေပါပြီ။ ကျန်တဲ့အိမ် ယာ‌တွေက‌တော့ မပြီးပြတ်‌သေးဘူး‌လေ။”ဟု ဖားအံမြို့ခံတစ်ဦးက ဆိုသည်။

၎င်းဝန်ကြီးအိမ်ယာများကို ‌ရွေး‌ကောက်ပွဲမပြီးခင်ကတည်းက ‌ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအနီးတဝိုက်ရှိ လမ်းများကိုလည်း ‌ကောင်းမွန်စွာ ပြန်လည် ပြုပြင်ထား‌ကြောင်း သိရသည်။

အခြားမြို့ခံတစ်ဦးက “ဖားအံမြို့ ကရင်ပြည်နယ်ပွဲလုပ်တဲ့ သီရိကွင်းဒုံးစင်နဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာ ဝင်‌ပေါက်ရှိတယ်။ သူတို့လမ်းကို ‌သေချာ ပြန်‌ဖောက်ထားတယ်။ လမ်းမကြီးနဲ့ ကန်သာယာအ‌နောက် သွားမယ့်လမ်းအလယ်မှာ‌ပေါ့။ အရင်က ချုံ ‌တွေကြီးပဲ။ အဲဒီမှာ ဝန်ကြီးအိမ်‌တွေ‌ပေါ့။ ခြံအကျယ်ကြီးပဲကိုး။”ဟု ‌ပြောသည်။

အသစ်‌ဆောက်လုပ်သည့် ဝန်ကြီးအိမ်များမှာ အနည်းဆုံး ၉လုံးခန့်ရှိသည်ဟု သိရသည်။

(‌ဆောက်လုပ်‌နေဆဲ ပြည်နယ်ဝန်ကြီး အိမ်ယာများ)

ထို့အပြင် ယခင်က အစိုးရဧည့်‌ဂေဟာအဖြစ် ထားရှိခဲ့သည့် ရိပ်သာအ‌ဆောက်အဦး နှစ်ခုကိုလည်း ပြန်လည် မွမ်းမံပြင်ဆင်ကာ လွှတ်‌တော်ဥက္ကဌ‌နေအိမ်ဟူ၍ ပြန်လည် သတ်မှတ်‌နေရာချထား‌ကြောင်း မြို့ခံများက ‌ပြောဆို‌နေကြသည်။