Home ထိပ်တန်းသတင်း ပြည်တွင်းစစ်ရပ်စဲရန် ဦးသိန်းစိန် အစိုးရအား ဒီမိုက‌ရေစီအင်အားစု ၉ဖွဲ့‌ပြောဆို

ပြည်တွင်းစစ်ရပ်စဲရန် ဦးသိန်းစိန် အစိုးရအား ဒီမိုက‌ရေစီအင်အားစု ၉ဖွဲ့‌ပြောဆို

2056
ဇူလိုင်လ ၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

သမ္မတဦးသိန်းစိန် အစိုးရအ‌နေဖြင့် တိုင်းရင်း သား‌ဒေသများတွင် ထိုးစစ်ဆင်မှုများ ရပ်စဲပြီး ဒီမိုက‌ရေစီနိုင်ငံ ထူ‌ထောင်နိုင်ရန်အ တွက် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ခေါ်ယူ ရမည်ဖြစ်‌ကြောင်း ဒီမိုက‌ရေစီအင်အားစုအဖွဲ့ (၉)ဖွဲ့က ယ‌နေ့ တိုက်တွန်း ‌ပြောဆိုလိုက်သည်။

လတ်တ‌လောအချိန်တွင် အစိုးရစစ်တပ်က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မြန်မာနိုင်ငံတဝှမ်း လုံးတွင် တဖက်သတ် ထိုးစစ်ဆင်မှုနှင့် ပတ်သက်၍ ရပ်တန့်ရန်နှင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ခေါ်ယူနိုင်ရန်အတွက် ယခုလို ဒီမိုက‌ရေစီအင်အားစု ၉ဖွဲ့က ‌ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဒီမိုက‌ရေစီ အင်အားစု ၉ဖွဲ့မှာ ပြည်တွင်းအ‌ခြေစိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်‌ပေါင်းစုအဖွဲ့ကြီး၊ ၈၈မျိုး ဆက်‌ကျောင်းသားများ၊ ရက္ခအလင်းတန်း၊ ရန်ကုန်တိုင်းအတွင်း ဒီမိုက‌ရေစီ‌ရေး တက်ကြွလှုပ်ရှားသူ ‌ကျောင်းသားလူငယ်များ အင်အားစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ၂၀၀၇မျိုးဆက် ‌ကျောင်းသားများသမဂ္ဂ၊ ရခိုင်‌ကျောင်းသား များသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂနှင့် အ‌ခြေခံပညာ ‌ကျောင်းသားများသမဂ္ဂတို့ ဖြစ်ကြသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်များသည် ကချင်‌ဒေသတွင် ထိုးစစ်ဆင်မှု လတ်တ‌လော အ‌ကြောင်းရင်းမှာ ကြံ့ဖွံ့အစိုးရ ၏ အကျိုးစီးပွားအတွက် ‌ဆောင်ရွက်‌နေသည့် ‌ရေကာတာစီမံကိန်းများ‌ကြောင့် ဖြစ်သလို ပြည်တွင်းစစ်ပြဿနာသည် တိုင်းရင်း သားအင်အားစုများနှင့် စစ်အုပ်စုကြား ပြဿနာသက်သက် မဟုတ်ဘဲ မြန်မာပြည်သူတရပ်လုံးနှင့်ဆိုင်သည့် မြန်မာနိုင်ငံ ဒီမိုက ‌ရေစီ‌ရေး တိုက်ပွဲပြဿနာဖြစ်‌ကြောင်း ၎င်းအဖွဲ့‌ပေါင်းစုံက ဆိုသည်။

၎င်းအပြင် နဝတ-နအဖ စစ်အစိုးရ၏ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် အပစ်ခတ်ရပ်စဲမှု လုပ်ခဲ့ခြင်းသည် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား လက်နက်ချ‌စေ‌ရေး ‌ရေရှည်စီမံကိန်းသာဖြစ်ပြီး ကိုးကန့်အ‌ရေးအခင်း၊ နယ်ခြား ‌စောင့်တပ် ဖွဲ့စည်း‌ရေး ဖိအား‌ပေးမှုများ၊ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တင်းမာ‌နေ‌သော အ‌ခြေ အ‌နေများ၊ ယ‌နေ့ဖြစ်‌ပေါ်‌နေသည့် ကချင်‌ဒေသသို့ ထိုးစစ်ဆင်မှုများ၊ မွန်ပြည်သစ်ပါတီအား လက်နက်အပ်ခိုင်းသည့် လုပ်ရပ် များ၊ ကရင်လူမျိုးများအ‌ပေါ် မတရား ‌ချေမှုန်းမှုများသည် စစ်အုပ်စုဘက်တွင် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေး သ‌ဘောထား မရှိ‌ကြောင်း လုံးဝ ‌ပေါ်လွင်‌နေသည်ဟုလည်း ‌ထောက်ပြထားသည်။

ထို့‌ကြောင့် ပြည်တွင်း ငြိမ်းချမ်း‌ရေး လှုပ်ရှားမှုကို နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်‌ရေးလှုပ်ရှားမှုနှင့်အတူ ပြည်တွင်း၊ ပြည်ပရှိ ဒီမိုက‌ရေစီ လှုပ်ရှား‌ဆောင်ရွက်‌နေသူ အင်အားစုများအားလုံးနှင့် ပြည်သူ တရပ်လုံးက အင်တိုက်အားတိုက် လှုပ်ရှား ‌ဆောင်ရွက်ကြရမည်ဖြစ်‌ကြောင်း ၎င်းအဖွဲ့များက တိုက်တွန်းလိုက်သည်။

အဆိုပါအဖွဲ့ ၉ဖွဲ့က တရုတ်အစိုးရအ‌နေဖြင့် အိမ်နီးနားချင်း မြန်မာပြည်သူများ၏ဘဝကို စာနာ‌သောအားဖြင့် ဦးသိန်းစိန် စစ် အစိုးရနှင့် ပူး‌ပေါင်း‌ဆောင်ရွက်‌သော ‌ရေကာတာ စီမံကိန်းများအား ရပ်တန့်‌ပေးရန်၊ မြန်မာနိုင်ငံအား လက်နက်တင်ပို့ ‌ရောင်းချ ‌နေမှုများအား ရပ်တန့်‌ပေးရန်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်း‌ရေးကို ဦးသိန်းစိန်အစိုးရဘက်မှ ပူး‌ပေါင်းရပ်တည်‌ပေးကာ ဝင်‌ရောက် စွက်ဖက်‌နေမှုများအား ရပ်တန့်‌ပေးရန်ကိုလည်း ယ‌နေ့ရက်စွဲဖြင့်ပင် သီးသန့်‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်‌တောင်းဆိုလိုက် သည်။