Home ထိပ်တန်းသတင်း ‌ကေအဲန်ယူနှင့် တိုက်ခိုက်မှု‌ကြောင့် BGF တပ်ဖွဲ့ဝင် ၁ဦး ကျဆုံး

‌ကေအဲန်ယူနှင့် တိုက်ခိုက်မှု‌ကြောင့် BGF တပ်ဖွဲ့ဝင် ၁ဦး ကျဆုံး

2698
ဇူလိုင်လ ၂၁ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ ထီးပယ်ရွာအနားတွင် နယ်ခြား‌စောင့်တပ်(BGF)နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KLNA)တို့ ယမန်‌နေ့က တိုက်ပွဲဖြစ်ပွားရာ BGF ဘက်မှ ၁ဦး ကျဆုံးသွားခဲ့သည်ဟု ‌ကေအဲန်ယူဘက်က ‌ပြော သည်။

ယမန်‌နေ့ နံနက် ၄နာရီတွင် KNLA တပ်မဟာ(၇) တပ်ရင်း(၂၁)၊ (၂၂)တပ်ဖွဲ့ဝင်များနှင့် BGF တပ်ရင်း(၁၀၁၅)တို့ ၁နာရီခွဲအ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ဘက်မှ ၁ဦး ကျဆုံးကာ လက်နက်ခဲယမ်းအချို့ကို ‌ကေအဲန်ယူဘက်မှ သိမ်းဆည်းရရှိခဲ့သည်ဟု KNU ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက ‌ကေအိုင်စီကို ‌ပြောသည်။

Photo-NPG (‌ကေအဲန်ယူ တပ်မဟာ(၇) တပ်ဖွဲ့ဝင်တစ်ဦး)
၎င်းက “မ‌နေ့က နံနက် ၄နာရီအချိန် ကျ‌နော်တို့ ‌ကေအဲန်ယူ တပ်မဟာ(၇)တပ်ဖွဲ့နဲ့ နယ်ခြား‌စောင့်တပ်တို့ ထီးပယ်ရွာဘက်မှာ ၁နာရီကြာ တိုက်ပွဲဖြစ်ပြီး ရန်သူဘက်က ၁‌ယောက်ကျတယ်။ ပြီး‌တော့ ရန်သူ့ဆီက ၆၀-မမ တစ်လက်၊ RPG-7 ၆လုံး၊ စကား ‌ပြောစက် ၂လုံး သိမ်းဆည်းလိုက်တယ်။”ဟု ‌ပြောသည်။

အဆိုပါတိုက်ပွဲမှာ BGF တပ်ဖွဲ့ဝင် ၂ဝဦးရှိသည့် စခန်းကို သိမ်းဆည်းသည့်တိုက်ပွဲဖြစ်ပြီး ၆၀-၄၄ ကျည် ၁၅လုံး၊ ‌ရှေ့ထွက်မိုင်း ၄လုံး၊ ‌ဆေးဝါးတအိတ်နှင့် အီကွင့်မန့် ၅ချပ်ကိုပါ သိမ်းဆည်းရရှိခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော ‌ဂျော်နီက ထပ်မံ ‌ပြောဆိုသည်။

“ကျ‌နော်တို့လူ‌တွေက ‌စော‌စောစီးစီး စခန်းတက်သိမ်းတဲ့ တိုက်ပွဲပါ။ အဲဒီမှာ နယ်ခြား‌စောင့်တပ်က ကျဆုံးသွားတဲ့ အ‌လောင်း တစ်ခု‌တော့ ‌တွေ့တယ်။ ဒဏ်ရာရတာက ၃‌ယောက်လို့ သိရ‌ပေမဲ့ အတည်မပြုနိုင်ဘူး။ စခန်းကို‌တော့ မီးရှို့ပစ်လိုက်တာ‌ပေါ့။ ဒီ နယ်ခြား‌စောင့်‌တွေက အစိုးရစစ်တပ်နဲ့ ပူး‌ပေါင်းတဲ့တပ်‌တွေ‌လေ။”ဟု ဆိုသည်။

BGF (၁၀၁၅) တပ်ရင်းကို ဗိုလ်မှူး‌စောဝင်းနိုင်စိန်က တပ်ရင်းမှူးအဖြစ် ဦးစီးကာ ပိုင်ကျုံမြို့နယ်၊ ထန်းတပင်‌ကျေးရွာတွင် ၎င်း ၏တပ်ရင်းဌာနချုပ် ထားရှိ‌ကြောင်း ‌ကေအဲန်အယ်လ်‌အေဘက်က ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၅ရက်‌နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲ့ပလဲ့တိုဂွင်၌ လှုပ်ရှား‌နေသည့် နယ်ခြား‌စောင့်တပ် ဖွဲ့နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA တပ်မဟာ(၇)တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ရာ BGF ဘက်မှ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။