Home တွေ့ဆုံမေးမြန်းခန်း အစိုးရအား ပြန်လည်‌တော်လှန်သည့် ခွဲထွက် နယ်ခြား‌စောင့်(BGF)တပ်ဖွဲ့ကို ဦး‌ဆောင်သူ ဗိုလ်မှူး‌စောဘိနှင့် ကရင်သတင်းဌာန(‌ကေအိုင်စီ) ‌တွေ့ဆုံ‌မေးမြန်းခြင်း

အစိုးရအား ပြန်လည်‌တော်လှန်သည့် ခွဲထွက် နယ်ခြား‌စောင့်(BGF)တပ်ဖွဲ့ကို ဦး‌ဆောင်သူ ဗိုလ်မှူး‌စောဘိနှင့် ကရင်သတင်းဌာန(‌ကေအိုင်စီ) ‌တွေ့ဆုံ‌မေးမြန်းခြင်း

1881

‌မေး- BGF က‌နေပြီးမှ DKBA အဖြစ် ဘက်‌ပြောင်းလာရတဲ့ အ‌ကြောင်းရင်းကို ‌ပြောပြပါလား။
‌ဖြေ – ဘာ‌ကြောင့် BGFကို ကျ‌နော်တို့လက်မခံလဲဆို‌တော့ ကျ‌နော်တို့ပြန်တုန်းက DKBA အ‌နေနဲ့ပဲ ရပ်တည်ချင်တယ်။ ဒါ‌ပေ မယ့် အခုက သူတို့ (အစိုးရ)က ကျ‌နော်တို့ကို နယ်ခြား‌စောင့်တပ်အဖြစ် ပြန်လုပ်လိုက်တယ်။ သူတို့က‌တော့ ‌ကောင်းတဲ့ဘက် ကိုပဲ ‌ပြောတာ‌ပေါ့။ ကျ‌နော်တို့အမြင်က ဒီလုပ်ရပ်ဟာ ကျ‌နော်တို့ ကရင်လူမျိုးကို ကြိုးကိုင်နိုင်မှာမဟုတ်ဘူး။ အစိုးရလူ‌တွေ ဖြစ် လာပြီးဆို‌တော့ အစိုးရရဲ့လုပ်ရပ်‌တွေဟာ ပြည်သူလူထု‌တွေ လက်ခံကြတာမှ မဟုတ်တာဆို‌တော့ ကျ‌နော်တို့‌တွေ BGF အလုပ်ကို ‌တော်လှန်ပြီး‌တော့ ဒီ‌ကေဘီ‌အေအ‌နေနဲ့ပဲ ပြန်ပြီး ရပ်တည်မယ်။

ကျ‌နော်တို့က ဟိုးအရင် ပြန်လာကတည်းကိုက ဒီ‌ကေဘီ‌အေအ‌နေနဲ့ပဲ ရပ်တည်ဖို့ပြန်လာတာပဲ။ တ‌နေ့ကျ‌တော့ ကျ‌နော်တို့ကို BGF အဖြစ် ပြန်‌ပြောင်းလာတဲ့ကိစ္စဟာ က‌လေး(တပ်မှူးတပ်သား)‌တွေကလည်း တစ်ဦးတစ်‌ယောက်မှ သ‌ဘောတူကြတာ မဟုတ်ဘူး။ ‌ခေါင်း‌ဆောင်‌တွေက‌တော့ က‌လေး‌တွေ သူတို့‌နောက်လိုက်ဖို့အတွက် အ‌ကောင်းဆုံးဖြစ်‌အောင်‌တော့ သူတို့ ‌ပြော ‌နေကြတယ်။ ကျ‌နော်တို့ ဆန္ဒမရှိ‌ပေမယ့်လည်း စိတ်ထဲမှာ‌အောင့်ထားပြီး‌တော့ ‌ကောင်းမ‌ကောင်း ခဏတဖြုတ် လုပ်ကြည့် လိုက်အုံးမယ်။ အခုကျ‌တော့ ကျ‌နော်တို့ကို လက်မခံချင်‌တော့တဲ့ က‌လေး‌တွေ ကြာ‌လေများလာသလို ပြည်သူ‌တွေကလည်း အလိုမရှိကြဘူး။ DKBA တခုတည်း မဟုတ်ဘူး။ ပြည်သူ‌တွေကလည်း ဒီ BGF ကို အယုံအကြည်မရှိ‌တော့ဘူး။ သူတို့‌တွေက (ပြည်သူ)သ‌ဘောမတူကြ‌ပေမယ့် သူတို့မှာ လက်နက်မှမရှိလို့ ကျ‌နော်တို့ကို ဘယ်‌ပြောရဲမှာလဲ။ ကျ‌နော်တို့က လက်နက်ရှိတာ ကိုး။ ကျ‌နော်တို့အရိပ်‌အောက်မှာ ‌နေလို့မရ‌တော့ဘူးဆိုပြီး‌တော့ ‌ပြောသံ‌တွေ ကြား‌နေရတယ်။

DKBA အ‌နေနဲ့ ရပ်တည်တုန်းက‌တော့ စီးပွား‌ရေးသမား‌တွေအတွက် အ‌တော်‌လေးကို အကျိုးရှိတယ်။ လွတ်လပ်ခွင့်လည်း ရှိတယ်။ ကျ‌နော်တို့ BGF အလုပ်စလုပ်တဲ့‌နေ့ကစပြီး စီးပွား‌ရေးသမားကိုယ်တိုင်‌တောင်မှ လုပ်ကိုင်စား‌သောက်လို့ မရ‌တော့ ဘူး။ ဖမ်းဆီးအကြပ်ကိုင်မှု‌တွေလည်း များလာ‌လေ‌လေ ဖြစ်တယ်။ တချို့က‌တော့ ‌ခေါင်း‌ဆောင်‌တွေနဲ့ ချည်းကပ်နိုင်တယ်။ ‌ခေါင်း‌ဆောင်‌တွေရဲ့ စည်းမျဉ်းစည်းကမ်း‌တွေ လိုက်လုပ်‌ပေးနိုင်တဲ့သူ‌တွေကြ‌တော့ အခွင့်အ‌ရေးရှိတာ‌ပေ့ါ။ ကျ‌နော်တို့က‌တော့ ‌ခေါင်း‌ဆောင်‌တွေရဲ့ စည်းမျဉ်းစည်းကမ်း‌တွေကို လိုက်မလုပ်‌တော့ အခွင့်အ‌ရေး မရကြဘူး‌ပေါ့။ ကျ‌နော်တို့မရလည်း ကျ‌နော် တို့ မလိုချင်ပါဘူး။ ဒါ‌ပေမယ့် အခွင့်အ‌ရေးက‌တော့ လိုချင်တယ်။ ကျ‌နော်တို့က‌တော့ ကျ‌နော်တို့ရဲ့ဆန္ဒ၊ ပြည်သူ‌တွေရဲ့ လိုလား ‌တောင်းတမှုနဲ့ ကျ‌နော်တို့ ပြည်သူတရပ်လုံး လွတ်‌မြောက်ဖို့အတွက် ဒီ‌ကေဘီ‌အေအ‌နေနဲ့ပဲ ဆက်ပြီး ရပ်တည်သွားမှာပဲ။

‌မေး- အခုလို BGF က‌နေ DKBA အဖြစ် ပြန်လည်ရပ်တည်တဲ့သူ‌တွေက အင်အားဘယ်‌လောက်ရှိပါသလဲ။
‌ဖြေ – ကျ‌နော် ဦး‌ဆောင်ပြီး‌တော့ ဒီ‌ကေဘီ‌အေအဖြစ် ပြန်လည်ရပ်တည်လာတဲ့အချိန်မှာ‌တော့ တပ်ရင်း(၁၀၁၁) (၁၀၁၂) (၁၀၁၃) (၁၀၁၄)‌တွေ ဖြစ်တယ်။ တပ်ရင်း ၁၀၁၂က ကျ‌နော့်တပ်ရင်းပဲ။ အဲဒီတပ်ရင်းက ‌အောက်‌ခြေတပ်မှူးတပ်သား‌တွေ အကုန်လုံး ပါတယ်။ မပါတာက တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး‌တွေပဲ။ ‌ခေါင်း‌ဆောင်‌တွေပဲကျန်တယ်။ ‌အောက်‌ခြေတပ်သား‌တွေ အကုန်လုံး ပါလာတယ်။ အရင်တုန်းက DKBA ဗဟိုတပ်ဖွဲ့က BGF ထဲ မဝင်တဲ့သူ‌တွေအားလုံး ပြန်လာပူး‌ပေါင်း ရပ်တည်လာ ကြတယ်။ ပဋိပက္ခ‌တွေ မဖြစ်လာခင်က တိုက်ခိုက်‌ရေးအတွက် ကျ‌နော် လူ ၇၀ဝ ‌ရွေးထားတယ်။ တချို့ကျ‌တော့ အသက် လည်းကြီးလာပြီး မသန်မစွမ်းတဲ့လူ‌တွေ ရှိတယ်။ အားလုံးက ၁,၀၀၀‌ကျော်‌လောက် ရှိတယ်။

‌မေး- BGF က‌နေ ဒီ‌ကေဘီ‌အေကို ပြန်‌ပြောင်းလိုက်တဲ့အ‌ပေါ်မှာ မြိုင်ကြီးငူ ဆရာ‌တော်က ဘာ‌ပြောပါသလဲ။
‌ဖြေ – ဆရာ‌တော်က ၄နှစ်နဲ့ ၁လက‌နေစပြီး‌တော့ ဒီ‌ကေဘီ‌အေနဲ့ ပတ်သက်မှု‌တွေ မလုပ်‌တော့ဘူး။ ကျ‌နော်တို့‌တွေ ကိုယ့်ဖာ သာကိုယ် ရပ်တည်နိုင်ပြီလို့ သူယုံကြည်တဲ့အတွက် ‌အောက်‌ခြေကတဆင့် လွှဲ‌ပြောင်းလိုက်တယ်။ ဒါ‌ပေမယ့် စစ်အစိုးရအ‌နေနဲ့ ပြန်ကြည့်မယ်ဆိုရင် BGF တစ်ခုပဲ ရှိရမယ်။ စစ်တပ်ဆိုတာ နှစ်ခုမရှိရဘူး။ တစ်ခုပဲရှိရမယ်။ ကျ‌နော်တို့က‌တော့ ဒီ‌ကေဘီ‌အေ အ‌နေနဲ့ဆိုရင်‌တော့ လက်ခံလို့ရတယ်။ ဒါ‌ပေမယ့် BGF အ‌နေနဲ့က‌တော့ လက်ခံလို့မရတဲ့အတွက် ကျ‌နော်တို့ ကိုယ့်ဖာသာ ကိုယ် ခွဲထွက်ပြီး‌တော့ DKBA အ‌နေနဲ့ပဲ ရပ်တည်သွားမယ်။ ဦးစီးဦး‌ဆောင်က‌တော့ ကျ‌နော်‌ပေါ့။

‌မေး- ဒီ‌တော့ အခု အစိုးရကို ပြန်လည်ခုခံ‌တော်လှန်တဲ့‌နေရာမှာ ဒီ‌ကေဘီ‌အေ(ခွဲထွက်BGF) အ‌နေနဲ့ ‌ကေအဲန်ယူ- ‌ကေအဲန် အယ်လ်‌အေနဲ့ ဘယ်လို ပူး‌ပေါင်းလုပ်‌ဆောင်သွားဖို့ ရှိလဲ။
‌ဖြေ – ကျ‌နော်တို့‌တွေက ကရင်လူမျိုး အချင်းချင်းဖြစ်တဲ့အတွက် တစ်‌ယောက်နဲ့တ‌ယောက် ချစ်ခင်‌လေးစားကြတယ်။ ကျ‌နော် ဒီ‌ကေဘီ‌အေအ‌နေနဲ့ရပ်တည်‌ပေမယ့်လည်း သူတို့(‌ကေအဲန်အယ်လ်‌အေ)ဘက်က အကူအညီ‌တောင်းလာရင် ကျ‌နော် သွား ကူညီရမယ်။ ကျ‌နော့်ဘက်က အကူအညီ ‌တောင်းလို့ရှိရင် သူတို့ကလည်း ကျ‌နော့်ကို ပြန်ပြီး‌တော့ ကူညီမှာပဲ။ ဒီအစိုးရတပ် ‌တွေက ကျ‌နော့်ကို တိုက်လာလို့ရှိရင် သူတို့‌တွေ ကျ‌နော့်ကို လာကူညီရမှာပဲ။ အလားတူ စစ်အစိုးရ စစ်တပ်‌တွေက သူတို့ကို သွားတိုက်ရင်လည်း ကျ‌နော်သွားပြီး ကူညီရမှာပဲ။ ဘာဖြစ်လည်းဆို‌တော့ ကျ‌နော်တို့‌တွေဟာ ကရင်လူမျိုးချင်းတူတဲ့အပြင် ရည်မှန်းချက်ပန်းတိုင် တူညီတဲ့အတွက် တစ်‌ယောက်နဲ့တစ်‌ယောက် ပစ်ထားလို့မရဘူး။

‌မေး- ဗိုလ်မှူးတို့အ‌နေနဲ့ အစိုးရကို ပြန်‌တော်လှန်တာက အဓိက လိုအပ်ချက်က ဘာဖြစ်မလဲ။
‌ဖြေ – ကျ‌နော်တို့ အဓိကလိုအပ်ချက်က ဘာလဲဆို‌တော့ ကျ‌နော်တို့ ပြန်လာတုန်းက‌တော့ DKBA နဲ့ပဲ ရပ်တည်တယ်။ ကျ‌နော်တို့ရဲ့ နှစ်သစ်ကူး‌တွေ၊ ပွဲလမ်းသဘင်‌တွေလည်း လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ ဒီ BGF အလုပ်က လပိုင်း ‌လောက်ပဲ ကြာ‌သေးတယ်။ နှစ်သစ်ကူးလည်း လူ‌တွေမရှိ‌တော့ဘူး။ ကျ‌နော်တို့ ကရင်အချင်းချင်း ‌တွေ့ဆုံဖို့အတွက်လည်း တစ်‌ယောက်နဲ့တစ်‌ယောက် ပြန်‌ကြောက်‌နေရတယ်။ အဲဒါ‌တွေကို ကြည့်ခြင်းအားဖြင့် ဘာကိုလိုအပ်တာလဲဆို‌တော့ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေရဲ့ အုပ်ချုပ်မှု‌အောက်မှာ စည်းမျဉ်းစည်းကမ်းနဲ့ လွတ်လွတ်လပ်လပ် ‌နေချင်လို့ပါ။

‌မေး- ပြည်တွင်းပြည်ပမှာ‌ရောက်‌နေတဲ့ ကျ‌နော်တို့ရဲ့ လူမျိုး‌တွေကို ဘာ‌ပြောချင်ပါသလဲ။
‌ဖြေ – ပြည်တွင်းပြည်ပမှာ ‌ရောက်‌နေကြ‌ပေမယ့် ကရင်လူမျိုး‌တွေပဲ ဖြစ်ကြတယ်။ ကျ‌နော်တို့နိုင်ငံအတွင်းမှာ ‌နေလို့မရ‌တော့လို့ ပြည်ပမှာ သွား‌နေရတာကို ကျ‌နော်တို့လည်း စိတ်မ‌ကောင်းဘူး။ ကျ‌နော်တို့လိုချင်တာ ပြည်ပ‌ရောက် ကျ‌နော်တို့လူမျိုး‌တွေ တ‌နေ့ကျရင် ကိုယ့်နိုင်ငံထဲမှာ အတူတကွ ပြန်‌နေနိုင်ဖို့အတွက် စစ်အစိုးရကို နည်းမျိုးစုံနဲ့ ပြန်လည် ခုခံ‌တော်လှန်ရမယ်။ ကျ‌နော်တို့အားလုံး တကွဲတပြားဆီ‌ရောက်‌အောင် နည်းမျိုးစုံနဲ့ ကျ‌နော်တို့ကို တိုက်ထုတ်‌နေကြတဲ့အတွက် အားလုံးက အစိုးရ ကို ဆန့်ကျင်ရမယ်။

‌မေး – ဘယ်လိုနည်းနဲ့ ရပ်တည်ပြီး‌တော့ အစိုးရစစ်တပ်ကို ‌တော်လှန်သွားမှာပါသလဲ။
‌ဖြေ – ကျ‌နော်တို့ ဘာဖြစ်လို့ BGF ကို ပြန်‌တော်လှန်သလဲဆိုရင် ပြန်ကြည့်မယ်ဆိုရင် DKBA အ‌နေနဲ့ ၁၅နှစ်တာကာလအ တွင်းမှာ ကျ‌နော်တို့ လူ‌တွေ အကွဲအပြဲဖြစ်တာ နည်းတယ်။ DKBA စဖြစ်တာ ၉လ‌လောက်ပဲ ကြာတယ်။ ဆရာ‌တော် တည် ‌ဆောက်ထားတဲ့ရွာ‌တွေ စစ်အစိုးရ သွား‌ရောက်ဖျက်ဆီးလိုက်တယ်။ ကျ‌နော်တို့ပြန်လာတာက ဘာသာ‌ရေးအ‌နေနဲ့ပဲ ရပ်တည် တယ်။ ကျ‌နော်တို့ ကရင်တမျိုးသားလုံး လွပ်လွတ်လပ်လပ် ‌နေနိုင်ဖို့အတွက်ပဲ ဖြစ်တယ်။ ကျ‌နော် BGF ကို လက်မခံ‌တော့ ဘူး။ ဒီ‌ကေဘီ‌အေအ‌နေနဲ့သာ ပြန်ရပ်တည်တဲ့အတွက် အစိုးရက ကျ‌နော်တို့ကိုတိုက်ရင် ကျ‌နော်တို့လည်း ပြန်တိုက်ရမှာပဲ။ လက်ချက်ချ အညံ့ခံဖို့ဆိုတာက ကျ‌နော် လုံးဝ လက်မခံနိုင်‌တော့ဘူး။

‌မေး- ‌နောက်ဆုံးအ‌နေနဲ့ ဘာ‌တွေ ထပ်ဖြည့်‌ပြောဆိုချင်ပါ‌သေးလဲ။
‌ဖြေ – ကျ‌နော်တို့ DKBA အ‌နေနဲ့ ရပ်တည်လာတဲ့အ‌ပေါ်မှာ သူတို့က ကျ‌နော့်ကို ရန်သူလို့ပဲ သတ်မှတ်တယ်။ ဘာသာ‌ရေး အ‌နေနဲ့သာ ရပ်တည်တဲ့ ကျ‌နော့်ကို ရန်သူလို့သတ်မှတ်တဲ့အတွက် ကျ‌နော်လည်းပဲ ကျ‌နော့်လူမျိုးအတွက် ဒီစစ်အစိုးရကို ပြန် ပြီး ခုခံ‌တော်လှန်ရမှာပဲ။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့က ရန်သူလို့သတ်မှတ်ရင် ကျ‌နော်လည်း ရန်သူလို့ပြန်ပြီး‌တော့ သတ်မှတ် ရမှာပဲ။ ကျ‌နော်က‌တော့ ဒီ‌ကေဘီ‌အေအ‌နေနဲ့ ပြန်ရပ်တည်တာ အ‌ကောင်းဆုံးလို့ပဲ မြင်တယ်။ သူတို့က ဘာသာတရားကို မလို လားကြဘူး။ ငြိမ်းချမ်းမှုလည်း မလိုလားဘူး။ ကျ‌နော်တို့ကို ရန်သူလိုသ‌ဘောထားတဲ့အတွက် ကျ‌နော်တို့ကလည်း သူတို့ကို ရန်သူလို့ပဲ သတ်မှတ်ရမှာ‌ပေါ့။ အဲဒါ‌ကြောင့် တိုက်ရမှာပဲ။ ကျ‌နော်တို့ မကြည်ဖြူတဲ့အ‌ပေါ်မှာ တစ်‌ယောက်နဲ့တစ်‌ယောက် ချစ် ခင်ရင်းနှီးလို့ မရ‌တော့ဘူး။ ကျ‌နော်တို့ ပြန်ဆင်း‌အောင်လို့ နည်းလမ်းမျိုးစုံ‌တော့ သူတို့ကြိုးစားမှာပဲ။ လူတိုင်း ဆုံးဖြတ်ချက် ကိုယ်စီ ရှိကြတာချည်းပဲ။ ကျ‌နော့်ရဲ့ဆုံးဖြတ်ချက်က‌တော့ ဒီစစ်အစိုးရဟာ ဘုန်းကြီး‌တွေကို ပစ်သတ်တယ်။ ‌နောက်ပြီး ဘုန်း ကြီး‌တွေကို ‌ထောင်ထဲမှာ နှစ် ၄၀၊ နှစ် ၅ဝ ဖမ်းဆီးချုပ်‌နှောင်တယ်။ ဒါ‌ကြောင့် အဲဒါ‌တွေကို သိရက်နဲ့ ကိုယ့်ကိုယ်ကို ကရင်လို့ အသိတရားရှိရင်‌တော့ ဒီစစ်အစိုးရနဲ့ ပြန်ပြီး‌တော့ လက်တွဲဖို့ လုံးဝ မသင့်‌တော်ဘူးလို့ ကျ‌နော် မြင်တယ်။