Home ထိပ်တန်းသတင်း အစိုးရတပ် အ‌ပြောင်းအလဲတွင် ရွာသားများ လမ်းပြအဖြစ် လိုက်ပါ‌နေရ

အစိုးရတပ် အ‌ပြောင်းအလဲတွင် ရွာသားများ လမ်းပြအဖြစ် လိုက်ပါ‌နေရ

2044
ဇူလိုင်လ ၁၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)


တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြစ်တန်းမြို့နယ်ခွဲတွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်က ယခုရက်ပိုင်းအ တွင်း တပ်အ‌ပြောင်းအလဲ ပြုလုပ်ရာတွင် သွားလာ‌ရေးအဆင်‌ပြေ‌စေရန် ထို‌ဒေသရှိ ‌ကျေးရွာများမှ ရွာတရွာ လျှင် ရွာသား ၃ဦးစီမှာ လမ်းပြအဖြစ် ‌ခေါ်ယူအသုံးပြု‌နေ‌ကြောင်း ထို‌ဒေသမှလာသည့်သတင်းအရ သိရ သည်။

‌ရှေ့တန်း စစ်ဗျူဟာ(၃)နှင့် နည်းဗျူဟာ(၃)မှ တပ်များသည် ‌မေတ္တာမှ ထီးထာအထိ တပ်များအ‌ပြောင်းအလဲ ပြုလုပ်ရာတွင် အဆင်‌ပြေ‌စေရန်အတွက် ‌မေတ္တာမှ အိုင်ဝိုင်းရွာ၊ ဆင်ဖြူဒိုင်ရွာ၊ အမိုရွာ ထိုမှဆင့် ထီးထာရွာ၊ ‌မေထာ‌ကျေးရွာအထိ ရွာတရွာလျှင် ရွာသား ၃ဦးစီအား ‌ရှေ့လမ်းပြအဖြစ် ယခုလ ဇူလိုင်လ ၁၆ရက်‌နေ့မှ ယ‌နေ့အချိန်ထိ ‌ခေါ်ယူအသုံးပြုခြင်းဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

သူက “တပ်လမ်းပြအဖြစ် ‌ခေါ်ယူအသုံးပြုတာ ဖြစ်တယ်။ မသွားမ‌နေရ တရွာဝင်ရင် ၃‌ယောက်လို့ သိရတယ်။ အခု‌ခေါ်တာ ရိုးရိုးလမ်းပြ မဟုတ်ဘူး။ စစ်ပစ္စည်း‌တွေလည်း ထမ်းပိုး‌ပေးရတယ်ဆို‌တော့ ‌ပေါ်တာဆွဲတယ်လို့ လည်း ‌ပြောလို့ရတယ်။”ဟု ‌ပြောသည်။

၎င်းအပြင် တပ်အ‌ပြောင်းအလဲများ ပြုလုပ်ရာတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ချုံခိုတိုက်ခိုက်မှု မဖြစ်ရ ‌အောင် ယခုလို ‌ဒေသခံရွာသားများအား ‌ရှေ့လမ်းပြအဖြစ် ‌ခေါ်ယူအသုံးပြုခြင်း ဖြစ်သလို ‌ဒေသခံ‌ကျေးရွာ များမှာ ကရင်ရွာများဖြစ်၍ ဘာသာစကား အခက်အခဲမရှိ‌စေရန် ‌ခေါ်ယူအသုံးပြုခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ဆက်‌ပြောသည်။

တနသင်္ာရီတိုင်း၊ မြစ်တန်းမြို့နယ်တွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်များသည် ယခုလ ၈ရက်‌နေ့မှစ၍ ယခုအချိန်ထိ ‌နေ့စဉ် တပ်ရင်းတရင်းနှင့် တရင်း ‌နေရာအ‌ပြောင်းအလဲ လုပ်‌ဆောင်လျှက်ရှိသလို ကရင်ပြည် နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင်လည်း ယခုရက်ပိုင်းအတွင်း တပ်ရင်းများ ‌နေရာအ‌ပြောင်းအလဲ လုပ် ‌ဆောင်လျှက်ရှိသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။