Home ထိပ်တန်းသတင်း ရှမ်းအမျိုးသမီးများအား အဓမ္မကျင့် နှိပ်စက်မှု SWAN နှင့် SHRF မှ နိုင်ငံတကာထံ တင်ပြ

ရှမ်းအမျိုးသမီးများအား အဓမ္မကျင့် နှိပ်စက်မှု SWAN နှင့် SHRF မှ နိုင်ငံတကာထံ တင်ပြ

1907
ဇူလိုင်လ ၁၈ရက်။ ‌နော်ခိုင် (‌ကေအိုင်စီ)

ပြည်တွင်းစစ်‌ကြောင့် အမျိုးသမီးများအား ရိုက်နှက်နှိပ်စက်၍ မုဒိမ်းကျင့် ‌စော်ကားမှုများ ရှမ်းပြည်နယ်တွင် ဖြစ်ပွား‌နေပြီး ရှမ်း အမျိုးသမီး‌ရေးရာ ဆက်သွယ်လှုပ်ရှား‌ဆောင်ရွက်‌ရေးအသင်းနှင့် ရှမ်းလူ့အခွင့်အ‌ရေးမဏ္ဍိုင်တို့မှ နိုင်ငံတကာ အသိုင်းအဝိုင်းထိ တင်ပြထားသည်ဟု သိရသည်။

မြန်မာအစိုးရ၏ ‌ခြေလျင်တပ်ရင်း(၅၁၃)နှင့် ရှမ်းပြည်နယ်‌မြောက်ပိုင်း တပ်မ‌တော်တို့ ဇူလိုင်လမှစ၍ ထိုးစစ်ဆင်လျှက်ရှိပြီး ဇူလိုင် ၅ရက်‌နေ့တွင် ‌ကျေးသီးမြို့ရှိ ဝမ်လွိုင်ရွာသို့ ‌ရောက်ရှိလာကာ တစ်နာရီကြာအတွင်း ရွာသူရွာသားများကို ဓားပြတိုက် လု ယက်ပြီး ရွာသူအမျိုးသမီး ၄ဦးကို နှိပ်စက်၊ မုဒိမ်းကျင့်လျှက်ရှိသည်ဟု ရှမ်းအမျိုးသမီး‌ရေးရာ ဆက်သွယ်လှုပ်ရှား‌ဆောင်ရွက် ‌ရေးအသင်း (SWAN)မှ ဇူလိုင်လ ၁၄ရက်‌နေ့က သတင်းထုတ်ပြန်‌ကြေညာခဲ့သည်။

ထိုသို့ ကျူးလွန်မှုများတွင် ကိုယ်ဝန်‌ဆောင်မိခင်များ အပါအဝင် ၁၂နှစ်အရွယ် က‌လေးများပါ ပါဝင်‌ကြောင်း သိရသည်။

ချင်းမိုင်အ‌ခြေစိုက် ရှမ်းအမျိုးသမီး‌ရေးရာ (SWAN)မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ယိင်းဟန်ဖက “ဒီလို အဖြစ်အပျက်‌တွေဟာ ထိုးစစ် မဆင်လည်း ဖြစ်တတ်ပါတယ်။ အခုက ပိုဆိုးရွား‌နေတာပါ။ ရွာ‌ပေါင်း ၁၂ရွာ ထွက်‌ပြေး‌နေရပြီး အမျိုးသား‌တွေလည်း ‌ပေါ်တာ ဆွဲခံ‌နေရတယ်။ အစိုးရဘက်ကို တင်ပြ‌တောင်းဆိုထားတာ ဘာမှမကြားရ‌သေးဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း တင် ပြထားပါ တယ်။”ဟု ‌ပြောသည်။

ဝမ်လွိုင်‌ကျေးရွာသည် ရှမ်းပြည်တပ်မ‌တော် ‌မြောက်ပိုင်း၏ ဝမ်ဟိုင်းဌာနချုပ်မှ ၁၅မိုင်ခန့် ကွာ‌ဝေး‌သော ရွာကြီးဖြစ်ပြီး ၎င်းဝမ် ဟိုင်းဌာနချုပ်ကို ပြီးခဲ့သည့် မတ်လ ၁၃ရက်‌နေ့မှစ၍ တပ်အင်အား ၃,၀၀၀‌ကျော်ရှိသည့် အစိုးရစစ်တပ်က စတင် တိုက်ခိုက် လာခြင်းသည် ၂၂နှစ်ကြာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်ကို ချိုး‌ဖောက်လိုက်ခြင်းဖြစ်သည်ဟု SWAN အဖွဲ့က ဆို သည်။

မြန်မာအစိုးရတပ်၏ ရက်စက်စွာ ညှင်းပမ်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ‌ကြောင့် ‌ထောင်နှင့်ချီ သည့် ရှမ်းရွာသူရွာသားများမှာ မိမိတို့၏‌ကျေးရွာမှ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရသည်။

‌ကြေညာချက်ထဲတွင် SWAN မှ နန်းဆိုင်မွန်းက “မြန်မာစစ်အစိုးရတပ်‌တွေဟာ မိန်းက‌လေး‌တွေ၊ ကိုယ်ဝန်‌ဆောင်မိခင်‌တွေ၊ အ သက်အရွယ်ရလာတဲ့သူ‌တွေကို မုဒိမ်းကျင့်ဖို့အခွင့် ရ‌နေဆဲဖြစ်တယ်။ ကျမတို့ အဲဒီစစ်ရာဇဝတ်မှုကို ပြင်းပြင်းထန်ထန် ကန့် ကွက်ရှုတ်ချပါတယ်။”ဟု ဆိုထားသည်။

အဆိုပါအဖြစ်အပျက်မှာ ပြီးခဲ့သည့်လက ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်တပ်များ တိုက်ပွဲဖြစ်ပွားချိန်အတွင်း ကချင် အမျိုးသမီး ၁၈ဦးကို အစိုးရတပ်မှ မုဒိမ်းကျင့်ခဲ့သည်ဟု ကချင်အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)က သတင်းထုတ်ပြန်ခဲ့ပြီး ‌နောက် တစ်ပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်တက်ပြီး‌နောက်ပိုင်း တိုင်းရင်းသားများအတွက် ‌ပေးထားသည့်ကတိများ ယခုအချိန်ထိ မလုပ်ရ‌သေး‌ကြောင်း ရှမ်း ပြည်နယ်‌မြောက်ပိုင်းသည် ‌ရေအားလျှပ်စစ် ‌ရေ‌လှောင်တမံကြီးများ အပါအဝင် သဘာဝဓာတ်‌ငွေ့နှင့် ‌ရေနံတူး‌ဖော်ရန်အတွက် အ‌ရေးကြီး‌သော မဟာဗျူဟာထဲတွင် ပါဝင်‌နေ‌ကြောင်း သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။