Home ထိပ်တန်းသတင်း နယ်ခြား‌စောင့် ၆ဦး လက်နက် ခဲယမ်းနဲ့အတူ KNLA ထံ လာ‌ရောက်ပူး‌ပေါင်း

နယ်ခြား‌စောင့် ၆ဦး လက်နက် ခဲယမ်းနဲ့အတူ KNLA ထံ လာ‌ရောက်ပူး‌ပေါင်း

1550
ဇူလိုင်လ ၁၄ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်ရှိ မြဝတီမြို့နယ်တွင် အ‌ခြေစိုက်လှုပ်ရှား‌နေသည့် နယ်ခြား‌စောင့်တပ်ရင်း(၁၀၁၇)မှ စစ်သည် ၅ဦးနှင့် (၁၀၂၀) တပ်ရင်းမှ စစ်သည် ၁ဦးသည် ယမန်‌နေ့က ကရင်လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာ‌ရောက်ပူး‌ပေါင်းခဲ့သည်။

(နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်တစ်ဦး Photo:KIC)

ဇူလိုင်လ ၁၃ရက်‌နေ့ ည‌နေပိုင်းတွင် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ၅ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ တပ်ကြပ် ၁ဦးနှင့် တပ်သား ၃ဦးတို့သည် လက်နက် ၇လက်နှင့်အတူ KNLA တပ်ရင်း(၁၀၁)ထံသို့ လာ‌ရောက်ပူး‌ပေါင်းခဲ့ခြင်းဖြစ်‌ကြောင်း KNLA တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး‌စောအယ်ဆဲဆဲက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“နယ်ခြား‌စောင့်တပ်ရင်း ၁၀၁၇က တပ်ကြပ်ကြီး ‌စောအဲ‌တော‌တော အပါအဝင် စစ်သည် ၅ဦးဟာ မ‌နေ့က ည‌နေ ၃နာရီမှာ KNLA တပ်ရင်း(၁၀၁) ဌာနချုပ်မှာ လာပူး‌ပေါင်းတာ။ သူတို့နဲ့အတူ M-79 ၂လက်၊ M-16 ၂လက်၊ AK ၁လက်၊ ကျည်ဆံ‌တွေ ပါ တယ်။”ဟု ‌ပြောသည်။

၎င်းတို့သည် နယ်ခြား‌စောင့်စစ်သည်အဖြစ် ဆက်လက်တာဝန် မထမ်း‌ဆောင်လို‌တော့ဘဲ KNLA တပ်ဖွဲ့တွင်သာ ဆက်လက် တာဝန် ထမ်း‌ဆောင်လို‌သော‌ကြောင့် လာ‌ရောက်ပူး‌ပေါင်းကြခြင်းဖြစ်‌ကြောင်း KNLA (၁၀၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စော‌ဖော ဒိုက ‌ပြောသည်။

မြဝတီမြို့နယ် မဲ့ပလဲ့‌ကျေးရွာတွင် အ‌ခြေစိုက်သည့် နယ်ခြား‌စောင့်တပ်(၁၀၁၇)ကို ဗိုလ်မှူး‌စောဒိဒိက တပ်ရင်းမှူးအဖြစ် ဦးစီး လျက်ရှိသည်။

အလားတူ ဇူလိုင်လ ၁၂ရက်‌နေ့ကလည်း ဗိုလ်မှူးမုတ်သုန် ဦးစီးသည့် နယ်ခြား‌စောင့်တပ် (၁၀၂၀)မှ တပ်ကြပ်တစ်ဦးသည် RPG-7 ၁လက်၊ AK ၁လက်၊ စကား‌ပြောစက်တစ်လုံးနှင့်အတူ KNLA ထံ လာ‌ရောက်ပူး‌ပေါင်းခဲ့‌သေးသည်။