စောလယ့်ထူး ၂၃နှစ်
ပညာအရည်အချင်း ၁ဝတန်းအောင်
နေရပ်ဇာတိ ကွီးကလယ်ကျေးရွာ၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်။
ကျနော် ချက်မြှုပ်တဲ့နေရာက ကွီးခလယ်ကျေးရွာမှာ ဖြစ်တယ်ဆိုပေမယ့် အရွယ်နည်းနည်းရောက်လာတော့ ဖားအံမြို့ မှာ ပြောင်းနေတယ်။ ၂၀၀၃ခုနှစ်က ဖားအံ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှာ ဆယ်တန်းအောင်မြင်ခဲ့ တယ်။ မောင်နှမတွေထဲမှာ ကျနော်က ဒုတိယမြောက်သား ဖြစ်တယ်။ အစ်မတွေညီမတွေက မြန်မာနိုင်ငံက ဘွဲ့ရတဲ့အ ထိ ကျောင်းနေကြပါတယ်။ ဒါပေမယ့် ကျနော်က မိသားစု အခက်အခဲ နည်းနည်းရှိတဲ့အတွက် တက္ကသိုလ် ဆက်မ တက်တော့ဘဲ ကရင်တော်လှန်ရေးနယ်မြေဘက်ကို ရောက်လာခဲ့တယ်။
တော်လှန်ရေးလုပ်တဲ့ ဦးလေးတွေနဲ့ ဆက်သွယ်ပြီး ၂၀၀၄ခုနှစ်မှာ တော်လှန်ရေးနယ်မြေ (ဒူးပလာယာခရိုင်)ထဲမှာ ရောက်လာခဲ့တယ်။ သွေးက စကားပြောတယ်ထင်ပါရဲ့ ကျနော်ကိုယ်တိုင်က တော်လှန်ရေးထဲမှာ အလုပ်လုပ်ဖို့ စိတ် အားထက်သန်တယ်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၁၇)မှာ တာဝန်ထမ်းဆောင်နေ တဲ့ ဦးလေးနောက်ကိုလိုက်ရင်း ၂၀၀၈ခုနှစ်မှာ ကျနော် တပ်ရင်း (၁၇)ထဲမှာ တရားဝင် စာရင်းသွင်းလိုက်တယ်။ အဲဒီ နောက်မှာ ဗဟုသုတတွေ များလာအောင် ကျနော် ခေါင်းဆောင်မှု ရက်တိုသင်တန်းတွေ၊ အခြေခံစစ်သင်တန်းတွေ တက်ခဲ့တယ်။
၂၀၁ဝခုနှစ်ကစပြီးတော့ လက်ရှိအချိန်ထိ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာဖွင့်တဲ့ မျိုးဆက်သစ်ကျောင်းမှာ ပညာဆည်း ပူးနေတယ်။ ဒီကျောင်းကတော့ ကရင့်တော်လှန်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့ ဌာနတွေက လူငယ်တွေကို ခေါ်ယူပြီး အရည်အချင်း၊ အသိအမြင်ကြွယ်ဝလာအောင် မွေးထုတ်ပေးတယ်လေ။ ကျနော်က တပ်ရင်း(၁၇)က လာ တာဆိုတော့ ကျောင်းပြီးရင် တပ်ထဲမှာပြန်ပြီး အလုပ်လုပ်မယ်။ အရင်တုန်းကတော့ ကျနော် စစ်ရေးဘက်မှာလုပ်မယ် လို့ စဉ်းစားထားတယ်။ ဒါပေမယ့် အခုလက်ရှိ အခြေအနေမှာ ကျနော်တို့ ကရင်တော်လှန်ရေးလုပ်ငန်းတွေမှာ လိုအပ် ချက်တွေက အဘက်ဘက်မှာ ရှိနေတော့ ကိုယ်ဖြစ်တာချည်းပဲ လုပ်လို့မရဘူး။ အထက်ခေါင်းဆောင်ကြီးတွေက ပေး အပ်တဲ့ တာဝန်မှန်သမျှကို ကိုယ်တတ်စွမ်းသလောက် လုပ်ဆောင်သွားမယ်။
အခုချိန်ခါမှာ ဒုက္ခသည်စခန်းမှာပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲဖြစ်ဖြစ် လူငယ်တချို့ မူးယစ်ဆေးဝါး သုံးစွဲတာတွေ၊ အကျင့်စရိုက် ပျက်ပြားလာတာတွေ တွေ့ရတယ်။ အဲဒါကောင်းတဲ့အရာတွေ မဟုတ်ပါဘူး။ ကျနော်ဖြစ်စေချင်တာက လူငယ်လေးတွေ ကိုယ့်အမျိုးသား၊ ကိုယ့်ယဉ်ကျေးမှုတွေကို ထိန်းသိမ်းစေချင်တယ်။ ကျနော်တို့ ကရင်လူမျိုးတွေ အဖိ နှိပ်ခံ အခက်အခဲကြားက လွတ်မြောက်အောင် ဝိုင်းဝန်းပါဝင် လုပ်ဆောင်စေချင်တယ်။ ကျနော်တို့ တော်လှန်ရေးထဲမှာ အထူးသဖြင့် စစ်တပ်တွေထဲမှာ အလုပ်လုပ်တဲ့သူတွေက ပညာတတ်တွေ နည်းတယ်။ ပညာတတ်တဲ့ လူငယ်လေးတွေ လည်း ကိုယ့်ကရင်လူမျိုးတွေရဲ့ သမိုင်းကြောင်း၊ ခံစားနေရတဲ့ ဒုက္ခတွေကို လေ့လာပြီး အဲဒီဒုက္ခတွေကနေ လွတ် မြောက်အောင် တတ်နိုင်တဲ့ဘက်က ပါဝင်လုပ်ဆောင်စေချင်တယ်။