Home ထိပ်တန်းသတင်း မြို့ပြတိုက်ပွဲ ‌ချေမှုန်‌ရေးအတွက် မြန်မာအစိုးရတပ် စစ်သင်တန်း‌ပေးမည်

မြို့ပြတိုက်ပွဲ ‌ချေမှုန်‌ရေးအတွက် မြန်မာအစိုးရတပ် စစ်သင်တန်း‌ပေးမည်

1506
ဇွန်လ ၂ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း မြိတ်ခရိုင် ပု‌လောမြို့နယ်အတွင်းရှိ ပြည်ချာစစ်‌လေ့ကျင့်‌ရေးသင်တန်း‌ကျောင်းတွင် မြို့ပြတိုက်ပွဲ အနီးကပ်‌ချေ မှုန်း‌ရေးအတွက် မြန်မာစစ်တပ်က အရာခံနှင့် ဒု-အရာခံဗိုလ် ၈၅ဦးကို ယခုဇွန်လ ၂၅ရက်‌နေ့မှ ဩဂုတ်လ ၃ဝရက်‌နေ့အထိ စစ် သင်တန်းတစ်ခု ပို့ချ‌ပေးသွားရန်ရှိသည်ဟု နီးစပ်သူများထံမှ သတင်းရရှိသည်။

မြို့ပြတိုက်ပွဲဆင်နွှဲရန် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA)သည် ပြီးခဲ့သည့် မတ်လက တရားဝင် စာထုတ်ပြန်ပြီးသည့်‌နောက် မြန်မာစစ်တပ်သည် ဒု-အရာခံဗိုလ် ၇ဝဦးနှင့် အရာခံ ၂၅ဦးကို ယခုလို စစ်သင်တန်း ‌ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

တနသင်္ာရီတိုင်းအတွင်းရှိ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၈)၊ (၁၃)၊ (၂၀)တို့၏ လက်‌အောက်ခံ တပ်ရင်းများနှင့် စစ်ဗျူဟာ-စဗဟ(၁)၊ (၂)၊ (၃)တို့၏ လက်‌အောက်ခံတပ်ရင်းများမှာ စစ်သင်တန်းတက်ရန်အတွက် ၎င်းတို့၏ တပ်ရင်းတစ်ရင်းလျှင် ၂ဦး နှုန်းဖြင့် ပို့‌ဆောင်ရမည်ဟု ညွှန်ကြားထား‌ကြောင်း စစ်တပ်နှင့်နီးစပ်သူတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

သူက “စစ်တပ်က‌တော့ အကျိုးရှိမယ်လို့ ထင်တဲ့အတွက် အခုလို သင်တန်း‌ပေးတာပဲ။ တပ်ရင်းတစ်ရင်းကို ၂‌ယောက်ပဲ။ သင် တန်းက‌တော့ ၂လ‌ကျော်‌ပေါ့‌နော်။ သင်တန်းပြီးရင်‌တော့ မြို့ပြတိုက်ပွဲ‌ချေမှုန်း‌ရေးကို ဘယ်လို အ‌ကောင်အထည်‌ဖော်မလဲဆို တာ‌တော့ ‌စောင့်ကြည့်ရအုံးမှာ‌ပေါ့။”ဟု ‌ပြောသည်။

ပြည်ချာစစ်‌လေ့ကျင့်‌ရေး‌ကျောင်းသည် ကဒဲနှင့် ပု‌လောရွာ(ပု‌လောမြို့နယ်ခွဲ)အနီးမှ အိမ်‌ခြေ ၃၀ဝခန့်ရှိ ပြည်ချာရွာတွင် တည်ရှိ ပြီး မြန်မာစစ်တပ်၏ သင်တန်းမှူး ဒုဗိုလ်မှူးကြီးတင်မြင့်က ဦးစီးကွပ်ကဲလျှက်ရှိသည်ဟု သိရသည်။

ယခုလို အရာခံနှင့် ဒု-အရာခံဗိုလ်တို့ကို သင်တန်း‌ပေးရန် ‌ခေါ်ယူခြင်းသည် စစ်တပ်နှင့်သာ ပတ်သက်သည့်အတွက် ‌ဒေသခံ များအ‌နေဖြင့် တစုံတရာ ကြားသိရခြင်း မရှိ‌သေး‌ကြောင်း ‌ပြောဆို‌နေကြသည်။