Home ထိပ်တန်းသတင်း ‌မြေပြို‌သော‌ကြောင့် ‌ကော့ကရိတ်-မြဝတီကား လမ်းပိတ်

‌မြေပြို‌သော‌ကြောင့် ‌ကော့ကရိတ်-မြဝတီကား လမ်းပိတ်

2417
ဇွန်လ ၂၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီ-‌ကော့ကရိတ်‌တောင်‌ပေါ် ကားလမ်းတွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်း၍ ‌မြေပြိုမှုများ ဖြစ်ပွား ကာ လမ်းပိတ်‌သော‌ကြောင့် မှန်လုံကား အပါအဝင် ကုန်တင်ကားကြီးများကို ဇွန်လ ၂၅ရက်‌နေ့မှစ၍ ငါးရက်တိုင် သွားလာခွင့် ရပ် ဆိုင်းထား‌ကြောင်း မြဝတီမြို့ရှိ ကုန်သည်များက ‌ပြောဆို‌နေကြသည်။

ယခုလို ‌မြေပြိုမှုမှာ မြဝတီ-‌ကော့ကရိတ်ကားလမ်းတ‌လျှောက်တွင် ၄‌နေရာ၊ ၅‌နေရာရှိပြီး တံတားကျိုးအ‌ပေါ် နတ်စဉ်အနီးတွင် အဆိုးဆုံးဖြစ်သလို ယခင်အပတ်က ‌မြေပြိုမှုများထက် ပိုမိုဆိုးရွားသည်ဟု မြဝတီမြို့ရှိ မြန်မာကုန်သည်အမျိုးသမီးတဦးက ‌ပြော သည်။

“‌မြေပြိုလို့ ကားမဆင်းနိုင်တာ မ‌နေ့ကပါဆို ၂ရက်ရှိပြီ။ ‌တော်‌တော်အ‌ခြေအ‌နေဆိုးတယ်။ ဆိုင်ကယ်‌တောင် သွားလို့မရဘူး။ ကား‌တွေ တက်လည်း မတက်နိုင်။ ဆင်းလည်းမဆင်းနိုင် ဖြစ်‌နေတယ်။ မိုးကလည်း ဆက်တိုက်ကို ရွာ‌နေတာကိုး။ ဒီ‌နေ့‌တော့ မြဝတီ ‌ဆောက်လုပ်‌ရေးနဲ့ AK လမ်းပြင်ကုမ္ပဏီက လာရှင်း‌ပေးလို့ ကား‌လေး‌တွေ‌တော့ ဒီ‌နေ့ ဆင်းလို့ရပြီတဲ့။ ဒါ‌ပေမဲ့ မှန်လုံကားနဲ့ အခြားကားကြီး၊ ၁၂ဘီးကား‌တွေကို‌တော့ ငါးရက်ပိတ်ထား‌သေးတယ်။”ဟု သူမက ‌ပြောသည်။

ယခုလို ‌မြေပြိုမှုသည် ‌တောင်ပြိုခြင်းမဟုတ်ဘဲ ‌ရေတိုက်စားကာ လမ်း‌မြေသားပြိုကျ‌သော‌ကြောင့် လမ်းပြန်လည် ‌ကောင်းမွန်လာ ‌ရေး ပြင်မည်ဆိုပါက အနည်းဆုံး တစ်ပတ်‌ကျော် အချိန်ယူရမည်ဖြစ်၍ ကုန်သွယ်မှုများအတွက် နစ်နာမှုရှိ‌ကြောင်း ထိုင်းနိုင်ငံမှ မြန် မာပြည်သို့ စား‌သောက်ကုန် တင်သွင်းသည့် ကုန်သည်တစ်ဦးက ‌ပြောသည်။

၎င်းက “ဒီမှာ နို့ဆီဝယ်ထားတာ နို့ဆီဖာ‌တွေ ‌ရေစိုကုန်‌တော့ နို့ဆီဗူး‌တွေက တစ်လုံးဆီဖြစ်ကုန်ပြီ။ ကားလမ်းပြို‌တော့ ကားကလည်း သွားလို့မရ‌သေး။ ကား‌ပေါ်မှာ တင်ထားတဲ့ ပစ္စည်း‌တွေ အမိုးမလုံတဲ့အခါကျ‌တော့ စိုရွှဲကုန်ပြီ။ လမ်းက အဂင်္‌တေနဲ့ လုပ်ရမယ်ဆို လည်း မိုးဆက်တိုက်ရွာ‌တော့ ဘယ်လိုလုပ်လဲ။”ဟု ‌ပြောသည်။

မြဝတီမြို့မှ အိမ်ရှင်မတဦးက “မြဝတီက လူ‌တွေက သားငါး‌တွေကျ‌တော့ မဲ‌ဆောက်လာလို့ ဝယ်စားလို့ရတယ်။ ကြက်သွန်တို့၊ ဆန် တို့၊ ငါး‌ခြောက် ဘာညာ‌တွေက ‌အောက်က‌နေလာတာ။ ကြာရင် ဘယ့်နှယ့်လုပ်မလဲ။”ဟု ‌ပြောသည်။

Photo-KIC (‌တောင်‌ပေါ်ကားလမ်းတွင် သွားလာ‌နေသည့် ကားငယ်များ)
လက်ရှိအချိန်တွင် မိုးရွာသွန်းမှုမှာ ရပ်တန့်ခြင်းမရှိ‌သေးသဖြင့် လမ်းပြုပြင်သူများအ‌နေဖြင့် ကြန့်ကြာမှုများ ရှိသလို သွားလာ‌နေ သည့် ဆိုင်ကယ်နှင့် ကားငယ်များအတွက်လည်း လမ်းတွင် ‌မြေပြိုမှုနှင့် ရင်ဆိုင်ရပါက အသက်အန္တရာယ်ရှိနိုင်‌ကြောင်း ‌ပြောဆို‌နေ ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ရက်‌နေ့ကလည်း မြဝတီ-‌ကော့ကရိတ် ‌တောင်‌ပေါ်ကားလမ်း၏ အလယ်ဘိုတဲအနီးရှိ ‌ချောက်ကမ်းပါး‌နေရာ တွင် အလားတူ မိုးရွာပြီး ‌မြေပြိုသဖြင့် ကုန်ပစ္စည်းတင်‌ဆောင်သည့် ကားများနှင့် ခရီးသည်တင်ကားများ တစ်ရက်‌ကျော်ကြာ လမ်း ပိတ်သွားခဲ့ပြီး ယမန်နှစ်က ဖြစ်ပွားခဲ့သည့် အဆိုပါ‌တောင်‌ပေါ်ကားလမ်း ‌မြေသားပြိုကျမှု‌ကြောင့် လူထိခိုက်‌သေဆုံးမှု ရှိခဲ့သည်။

ထိုင်း-မြန်မာ ကုန်သွယ်‌ရေး တံတားမပိတ်ခင်တွင် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှုတွင် တလအတွင်း ထိုင်းမှ ကုန် ပစ္စည်းတင်သွင်းမှု ဘတ်သန်း ၃,၀၀ဝဖိုးအထိရှိပြီး ယမန်နှစ် ဇူလိုင်လက ကုန်သွယ်‌ရေးတံတား ပိတ်လိုက်‌သော‌ကြောင့် ထိုင်းမှ မြန်မာပြည်သို့ ကုန်ပစ္စည်းတင်သွင်းမှု ဘတ်သန်း ၇၀ဝခန့်သာရှိ‌တော့သည်ဟု ထိုင်းကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။