Home ထိပ်တန်းသတင်း ‌တောင်‌ပေါ်ကားလမ်း ‌မြေပြို၍ မြဝတီ-‌ကော့ကရိတ် ကားများ လမ်းပိတ်

‌တောင်‌ပေါ်ကားလမ်း ‌မြေပြို၍ မြဝတီ-‌ကော့ကရိတ် ကားများ လမ်းပိတ်

2305
ဇွန်လ ၁၁ရက်။ ‌ကေအိုင်စီ

နယ်စပ်ကုန်သွယ်လမ်း ဖြစ်သည့် မြဝတီ-‌ကော့ကရိတ် ‌တောင်‌ပေါ်ကားလမ်းတွင်မိုးရွာပြီး‌မြေပြိုသဖြင့် ကုန်ပစ္စည်းတင်‌ဆောင် သည့်ကားများနှင့် ခရီးသည်တင်ကားများ လမ်းပိတ်ခဲ့ရ‌ကြောင်း မြဝတီမြို့ခံများက ‌ပြောသည်။

‌တောင်‌ပေါ်ကားလမ်း တစ်‌တောင်‌ကွေ့တစ်‌နေရာ (Photo – KIC)

“ကားလမ်းက အလယ်ဘိုတဲနားက ‌ချောက်ကမ်းပါး‌နေရာမှာ ‌မြေပြိုတာ‌လေ။ ဆိုင်ကယ်‌တောင် သွားလို့မရဘူး။ ဒီ‌နေ့ ကားတန်းက အဆင်း‌နေ့ဆို‌တော့ လမ်းပိတ်‌တော့ ခရီးသည်တင် ကားအချို့ မြဝတီကို ပြန်တက်လာတယ်။ ပစ္စည်းတင်ကား‌တွေ က‌တော့ အဲဒီမှာပဲ ပိတ်မိပြီး ရပ်ထားရတာ‌ပေါ့။”ဟု မြို့ခံတစ်ဦးက ‌ပြောသည်။

 

အဆိုပါ ‌မြေပြိုမှုမှာ ကားတန်းများ မဆင်းခင် ဖြစ်ပွားဟန်ရှိပြီး လူများ၊ ကားများ ထိခိုက်မှုမရှိဘဲ ခရီးသွားလာ‌ရေးသာ အဟန့်အ တားဖြစ်ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ‌တောင်‌ပေါ်လမ်း၌ ပြိုကျ‌နေသည့် ‌မြေသားများကို ရှင်းလင်းရန် ‌တောင်‌ပေါ်ကားလမ်းပြင်ဆင်‌ရေး တာဝန် ယူထားသည့် AK ကုမ္ပဏီမှ လမ်းပွင့်သွားရန်အတွက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါကားလမ်းမှာ နှစ်စဉ် မိုးရွာသွန်းချိန်တိုင်း ယခုလို ‌မြေပြို‌နေကျဖြစ်ပြီး ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ကားလမ်း‌တောင်နံရံ ‌မြေသားပြိုကျမှု‌ကြောင့် ခရီးသွားများ ထိခိုက်‌သေဆုံးမှု ရှိခဲ့သည်။