Home ထိပ်တန်းသတင်း ‌ကျောက်ကြီးမြို့နယ်မှ ‌ဒေသခံ ရွာသား ၃၀ဝနီးပါးကို စစ်တပ်က ‌နေ့စဉ် လုပ်အားခိုင်း‌စေ

‌ကျောက်ကြီးမြို့နယ်မှ ‌ဒေသခံ ရွာသား ၃၀ဝနီးပါးကို စစ်တပ်က ‌နေ့စဉ် လုပ်အားခိုင်း‌စေ

1776
ဇွန်လ ၂၇။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်ရှိ ‌ဒေသခံရွာသား ၂၀၀‌ကျော်သည် ဇွန်လဆန်းပိုင်းမှစ၍ ယ‌နေ့အချိန်ထိ အစိုးရတပ်များ၏ လုပ် အား‌ပေး ခိုင်း‌စေမှုကို ‌နေ့စဉ် ရင်ဆိုင်‌နေရသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

‌ကျောက်ကြီးမြို့ အ‌နောက်ဘက် (၆)မိုင်အကွာအ‌ဝေးရှိ ဝက်လာ‌တော၊ ပတ္တလား၊ ‌အေးနယ်၊ သာလဲ စသည့် ‌ကျေးရွာအုပ်စု များမှ ‌ဒေသခံရွာသူရွာသား ၂၉ဝဦးကို ဘုရားကုန်းရှိ အစိုးရတပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ် စကခ(၁၂) လက်‌အောက်ခံ ခမရ (၃၄၅)တပ်ရင်းက ဇွန်လ ၁၉ရက်‌နေ့မှ ယ‌နေ့အထိ ‌နေ့စဉ် လုပ်အားခိုင်း‌စေ‌နေ‌ကြောင်း ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

‌ဒေသခံတဦးက “ဝက်လာ‌တော‌ကျေးရွာအုပ်စုက အ‌ယောက် ၇၀၊ ပတ္တလား‌ကျေးရွာအုပ်စုက ၁၅၀၊ ‌အေးနယ်က ၁၀၀၊ သာလဲ က အ‌ယောက် ၇၀။ ဒီလ ၁၉ရက်က‌နေစပြီး‌တော့ ဒီက‌နေ့အထိ ဘုရားကုန်းက ခမရ(၃၄၅) တပ်ရင်းအတွက် တပ်စခန်း ‌ဆောက်၊ မြက်ခုတ်၊ သစ်ခုတ်၊ ဝါးခုတ် ‌နေ့တိုင်းပဲ သွားလုပ်‌ပေး‌နေရတယ်။ တစ်ရက်ပြီးတစ်ရက် မပြီးတတ်တဲ့အခါကျ‌တော့ ရွာ သား‌တွေလည်း မခံနိုင်‌တော့ဘူး။”ဟု ဆိုသည်။

လုပ်အား‌ပေး ခိုင်း‌စေခံရသူ ‌ဒေသခံ ရွာသူရွာသားများမှာ တပ်စခန်း‌ဆောက်၊ လမ်းရှင်းလင်း‌ရေးအတွက် လိုအပ်သည့် ပစ္စည်း များအပြင် စား‌သောက်ရန် ထမင်းထုပ်ကိုလည်း မိမိတို့ဖာသာ ယူ‌ဆောင်သွားရသည်ဟု ၎င်းက ဆက်လက်‌ပြောဆိုသည်။

ထို့အပြင် မနက် ၈နာရီအချိန်မှစ၍ ည‌နေမိုးချုပ်သည့်အထိ သွား‌ရောက် လုပ်ကိုင်‌ပေးရပြီး စခန်းတွင် ခံတုတ်ကျင်း ‌ဆောက် လုပ်ရန်အတွက် ဝက်လာ‌တော၊ နို့‌ဝေါ်၊ ပတ္တလား၊ သူးကဘီး၊ ‌အေးနယ် စသည့်‌ကျေးရွာအုပ်စုများမှ ဆန်အိတ်အလွတ် အလုံး ၂,၀၀ဝ ရှာ‌ဖွေ‌ပေးရသည်ဟု သိရသည်။

Photo-KNU (‌ညောင်‌လေးပင်ခရိုင်အတွင်းရှိ မြန်မာစစ်တပ် စခန်းတခု)
ယခုလို အစိုးရစစ်တပ်၏ ‌နေ့စဉ် လုပ်အားခိုင်း‌စေမှုကို ‌ဒေသခံများမှာ ဆက်လက် လုပ်‌ဆောင်နိုင်စွမ်း မရှိ‌တော့သည့်အဆုံး ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ထံသို့ လာ‌ရောက်တင်ပြကြသည်ဟု ‌ကေအဲန်ယူ ‌ကျောက်ကြီးမြို့နယ် ဥက္ကဌ ပဒိုနဲ ထူးဗျိုင်းက ‌ပြောသည်။

“အဲဒီ‌ဒေသမှာရှိတဲ့ ရွာသား‌တွေအားလုံးက လယ်၊ ကိုင်း၊ ကျဘမ်းအလုပ်‌တွေ လုပ်ကြတာ များတယ်။ အခု ‌နေ့တိုင်း လုပ်အား ‌ပေးသွားရတဲ့အခါကျ‌တော့ သူတို့ စားဝတ်‌နေ‌ရေးအတွက် အများကြီးနစ်နာတယ်။ ဒီလို ‌စေခိုင်းမှု‌တွေကို မခံနိုင်‌တော့လို့ ကျ‌နော်တို့ဆီကို လာ‌ရောက် ‌ပြောဆိုတင်ပြတာ‌တွေ လုပ်လာကြတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

လုပ်အားခိုင်း‌စေခံရသည့် ‌ကျောက်ကြီးမြို့နယ်မှ ‌ကျေးရွာအုပ်စုများသည် အစိုးရစစ်တပ်များ၏ ထိန်းချုပ်နယ်‌မြေတစ်ခုဖြစ်ပြီး ‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင်၊ တပ်မဟာ(၃) လက်‌အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်များလည်း လှုပ်ရှားသွားလာ‌နေသည့် နယ် ‌မြေတစ်ခုဖြစ်သည်။

ထို‌ဒေသသည် ယခင်ကလည်း စစ်တပ်၏ အလားတူ လုပ်အားခိုင်း‌စေမှု မကြာခဏ ကြုံခဲ့ရပြီး ရွာသူရွာသားများအ‌နေဖြင့် အစိုး ရအာဏာပိုင်များကို တိုင်ကြားမှု ရှိခဲ့ဘူး‌သော်လည်း ထိ‌ရောက်မှုမရှိ‌ကြောင်း သိရသည်။