Home ထိပ်တန်းသတင်း အစိုးရသတင်း မမှန်ကန်‌ကြောင်း ကချင်လူထုကို KIA ရှင်းလင်းချက်ထုတ်ပြန်

အစိုးရသတင်း မမှန်ကန်‌ကြောင်း ကချင်လူထုကို KIA ရှင်းလင်းချက်ထုတ်ပြန်

1710
ဇွန်လ ၂၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကချင်ပြည်နယ်တွင် ရက်သတ္တပတ်‌ကျော်ကြာ ဖြစ်ပွား‌နေသည့် အစိုးရစစ်တပ်နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော် (KIA)တို့အ ကြား ပစ်ခတ်မှုတွင် KIA ဘက်က စတင် ပစ်ခတ်ခြင်းဖြစ်သည်ဟု အစိုးရသတင်းစာများတွင် ‌ဖော်ပြထားခြင်းမှာ မှန်ကန်မှု မရှိ ‌ကြောင်း KIA က ဇွန်လ ၂ဝရက်‌နေ့စွဲဖြင့် ကချင်လူထုကို ရှင်းလင်းစာတစ်‌စောင် ထုတ်ပြန်ခဲ့သည်။

၂၀၁၁ခုနှစ်၊ ဇွန်လ ၁၇ရက်‌နေ့က အစိုးရ သတင်းစာတွင် ထုတ်ပြန်သည့် သတင်းသည် မှန်ကန်ခြင်းမရှိဘဲ ပြည်သူများ အဖြစ်အ ပျက်မှန်ကို သိရှိနိုင်ရန် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်‌ကြောင်း KIA ၏ သတင်းထုတ်ပြန်ချက်တွင် ‌ရေးသားထားသည်။

KIA တပ်ဖွဲ့များက ခြိမ်း‌ခြောက်ခြင်း၊ စတင်ပစ်ခတ် တိုက်ခိုက်ခြင်းများ ‌ဆောင်ရွက်ခဲ့သည့်အတွက် မိမိတပ်မ‌တော် စစ်‌ကြောင်းများ က မလွှဲမ‌ရှောင်သာ ပြန်လည်တိုက်ခိုက်ခဲ့ရသလို မိမိတပ်မ‌တော်သားများနှင့် နိုင်ငံ၏ အ‌ရေးကြီးသည့် လျှပ်စစ်စီမံကိန်းအား ကာ ကွယ်‌စောင့်‌ရှောက်လိုသည့် ရည်မှန်းချက်တခုတည်းဖြင့် ‌ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး အခြား‌သော ရန်လိုဖိနှိပ်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်မရှိ‌ကြောင်း ဇွန်လ ၁၇ရက်စွဲဖြင့် အစိုးရပိုင် ‌ကြေးမုံသတင်းစာတွင် ‌ဖော်ပြခဲ့သည်။

KIA သတင်းထုတ်ပြန်ချက်တွင် ၂၀၁၁ခုနှစ်၊ ဇွန်လ ၉ရက်‌နေ့မှ ယ‌နေ့အချိန်ထိ KIAတပ်နှင့် မြန်မာ့တပ်မ‌တော်တို့ တိုက်ပွဲများ ဖြစ် ပွားလျှက်ရှိသလို KIO-KIA အ‌နေဖြင့် ပြည်သူအများ စိုးရိမ်ပူပန်လျှက် ဒုက္ခကြုံ‌တွေ့ရမည်ကို မလိုလား‌ကြောင်း၊ အစိုးရစစ်တပ်နှင့် KIA တပ်ဖွဲ့တို့အကြား တင်းမာမှု ဖြစ်စဉ် အ‌ခြေအ‌နေ အ‌သေးစိတ်ကို အချက်‌ပေါင်း ၂၄ချက်ဖြင့် လူထုအား ရှင်းလင်းထားသည်။

ထိုအချက်များထဲတွင် ဇွန်လ ၈ရက်‌နေ့က KIA တပ်မဟာ(၃)၊ တပ်ရင်း(၁၅) ‌ရှေ့တန်းစခန်းသို့ နယ်ကျွံဝင်‌ရောက်လာသည့် ရဲတပ် သား ရဲနိုင်၊ မွန်းလွဲ ၂ နာရီခွဲတွင် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် နယ်ကျွံဝင်‌ရောက်လာသည့် ခမရ(၄၃၇)မှ ဗိုလ်ကြီးမြတ်ကိုကို နှင့် ဗိုလ်ကိုကိုဝင်းတို့အား ‌ခေတ္တ ထိန်းသိမ်းထားခဲ့ပြီး ၎င်းတို့၏ လက်နက်များနှင့်အတူ ပြန်လွှတ်‌ပေးခဲ့သည်။

သို့‌သော် အစိုးရတပ်မှာ ၎င်းတို့တပ်ဖွဲ့ဝင်များအား ပြန်လွှတ်‌ပေးရန် ဆက်သွယ်လာခဲ့‌သော်လည်း တစ်ဖက်တွင်မူ စစ်‌ရေးပြင်ဆင် ကာ ခမရ(၄၃၇)နှင့် (၃၄၈)တပ်ဖွဲ့ဝင်များသည် ဇွန်လ ၉ရက်‌နေ့တွင် ဆန်ဂန်‌ကျေးရွာသို့ ‌ရောက်ရှိလာပြီး KIA ‌ရှေ့တန်းကင်းစခန်း ကို စတင် ပစ်ခတ်ကာ KIA ဆက်ဆံ‌ရေးရုံးကို ဝိုင်းအပြီး ဒုတပ်ကြပ်ချန်းယိန်းအား ဖမ်းဆီး‌ခေါ်‌ဆောင်၊ နှိပ်စက်သတ်ဖြတ်ခဲ့သည် ဟု ‌ဖော်ပြထားသည်။

KIA နှင့် အစိုးရစစ်တပ် တိုက်ပွဲများ ဖြစ်ပွားမှုအ‌ပေါ် ကချင်ပြည်သူများအ‌နေဖြင့် ‌ကေအိုင်အိုကို လက်နက်ချ‌စေလိုသည့် သ‌ဘော ထားမရှိ‌ကြောင်း ကချင်သတင်းဌာန အယ်ဒီတာ လဖိုင်‌နော်ဒင်းက ယခုလို ‌ပြောသည်။

“အစိုးရက ဘယ်လိုပဲ သတင်းထုတ်ပြန်ပါ‌စေ။ ကချင်လူထုအားလုံး နားလည်သ‌ဘော‌ပေါက်တယ်။ စပြီး တင်းမာလာတဲ့အချိန်က တည်းက ‌ကေအိုင်အိုအ‌နေနဲ့ လက်နက်မချဖို့၊ အ‌ဖြေရှာ‌ဖြေရှင်းဖို့။ တိုက်လာမယ်ဆိုရင် ပြန်တိုက်ဖို့ ကချင်ပြည်သူ‌တွေက လိုလား ပြီးသားပါ။ ‌ကေအိုင်အို လုပ်ရပ်‌တွေအားလုံးဟာ ကချင်ပြည်သူ ‌ထောက်ခံတယ်။”ဟု ‌ပြောသည်။

မြန်မာအစိုးရ စစ်တပ်နှင့် KIA သည် လအတန်ကြာ စစ်‌ရေး တင်းမာမှုများ‌နောက်ပိုင်း ဇွန်လ ၉ရက်‌နေ့က ကချင်ပြည်နယ်၊ မိုး ‌မောက်မြို့အနီး တိုက်ပွဲများ စတင်လာသည့်အတွက် ကချင်ပြည်နယ် မိုး‌မောက်၊ ဗန်း‌မော်၊ မန်စီ၊ ဝိုင်း‌မော်တို့မှ ရွာသူရွာသား ၂ ‌သောင်း‌ကျော်မှာ တရုတ်နယ်စပ်ဘက်သို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည်။

ယင်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်သွားသည့် ‌ဒေသခံ ရွာသူရွာသားများမှာ လုံ‌လောက်သည့် အကူအညီ‌ထောက်ပံ့မှု မရရှိသလို အချို့ မှာ ‌တော‌တောင်‌ဒေသများတွင် ဖြစ်သလိုနှင့် ပုန်း‌အောင်း‌နေထိုင်‌နေကြရသည့်အတွက် ကချင်စစ်‌ပြေးဒုက္ခသည် အ‌ရေအတွက်မှာ ‌ကောက်ခံရရှိသည့် အ‌ရေအတွက်ထက် ပိုများနိုင်‌ကြောင်းလည်း ကချင်သတင်းဌာန အယ်ဒီတာက ‌ပြောသည်။

မြန်မာ့တပ်မ‌တော်နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော် KIA တို့၏ အပစ်အခတ် ရပ်စဲ‌ရေးမှာ ၁၇နှစ်တာ ကြာမြင့်ခဲ့ပြီး‌နောက် ယခုနှစ်မှသာ နှစ်ဖက်တိုက်ခိုက်မှုများ ပြန်လည် ဖြစ်‌ပေါ်လာခြင်း ဖြစ်သည်။