Home ထိပ်တန်းသတင်း အစိုးရတပ်၏ ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် စုစည်းကြဖို့ SYCB ထုတ်ပြန်‌ပြောဆို

အစိုးရတပ်၏ ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် စုစည်းကြဖို့ SYCB ထုတ်ပြန်‌ပြောဆို

1754
ဇွန်လ ၂၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား‌ဒေသများကို ထိုးစစ်ဆင်‌နေသည့် မြန်မာအစိုးရတပ်များကို ရိုက်ချိုးနိုင်ဖို့ တိုင်းရင်းသားများ အားလုံး စုစည်းညီညွှတ်မှု၊ အပြန်အလှန် ကူညီပံ့ပိုးမှုနှင့် ပူး‌ပေါင်း‌ဆောင်ရွက်မှုရှိကြရန် မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များ ကွန်ဂရက်-SYCB က ယမန်‌နေ့က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

လက်ရှိ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွား‌နေ‌သော စစ်ပွဲများသည် တိုင်းရင်းသားများ၏ လွတ်လပ်‌ရေး၊ ဒီမိုက‌ရေစီ ‌ရေးနှင့် အမျိုးသားတန်းတူ‌ရေး စသည့် နိုင်ငံ‌ရေးပြဿနာများဖြစ်‌သော်လည်း မြန်မာအစိုးရသည် စစ်‌ရေးနည်းဖြင့် ‌ဖြေရှင်း‌နေ သည့်အတွက် တိုင်းရင်းသားအားလုံးကလည်း ညီညီညွှတ်ညွှတ် ပြန်လည် ဆန့်ကျင်‌တော်လှန် တိုက်ပွဲဝင်ကြရမည်သာဖြစ် ‌ကြောင်း ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

SYCB ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးဖြစ်သူ ‌နော်ဆန်း(Nan San)က “ကျ‌နော်တို့ တိုင်းရင်းသား‌တော်လှန်‌ရေးအင်အားစု‌တွေ၊ ဒီမိုက‌ရေစီအင်အားစု‌တွေ မြန်မာ့အ‌ရေး ဝိုင်းဝန်းကြိုးပမ်းတဲ့‌နေရာမှာ အပြန်အလှန် အသိအမှတ်ပြုမှု၊ တန်ဖိုးထားမှုနဲ့ ဟန်ချက် ညီညီ အတူတကွ ပူး‌ပေါင်းအလုပ်လုပ်သွားကြဖို့ ရည်ရွယ်ပြီး ဒီ‌ကြေညာချက်ကို ထုတ်တာပါ။”ဟု ‌ပြောသည်။

အဆိုပါ ‌ကြေညာချက်၌ မြန်မာပြည်သူများအ‌ပေါ် အစိုးရတပ်၏ ဒီမိုက‌ရေစီနှင့် အ‌ခြေခံလူ့အခွင့်အ‌ရေး ချိုး‌ဖောက်‌နေမှု၊ အမျိုး သမီးများအ‌ပေါ် အဓမ္မပြုကျင့်‌နေမှု၊ စစ်ရာဇဝတ်မှု ကျူးလွန်‌နေမှုများကို ကုလသမဂ္ဂ အပါအဝင် အင်အားကြီးနိုင်ငံများအား အိမ်နီးချင်းနိုင်ငံများမှလည်း အ‌ရေးယူ‌ဆောင်ရွက်‌ပေးရန်နှင့် တိုက်ပွဲများ‌ကြောင့် ကျန်းမာ‌ရေး၊ စားဝတ်‌နေ‌ရေး၊ လုံခြုံ‌ရေး ဆိုး ဝါးမှုများနှင့် အိုးအိမ်၊ ‌တောင်ယာများစွန့်ပစ်ပြီး အခက်အခဲကြုံ‌နေရ‌သော စစ်‌ဘေးဒုက္ခသည်များကို နိုင်ငံတကာမိသားစုများမှ အမြန်ဆုံး အကူအညီ‌ပေးကြရန်လည်း ‌တောင်းဆိုထားသည်။

‌နော်ဆန်းက “လက်ရှိအ‌ခြေအ‌နေမှာ ကျ‌နော်တို့ တိုင်းရင်းသား‌တွေဟာ အာဏာရှင်ရဲ့ သား‌ကောင်‌တွေဖြစ်‌နေတယ်။ ‌နောက် တိုင်းရင်းသားရဲ‌ဘော်‌တွေဟာ ‌ရှေ့တန်းမှာ အသက်စွန့်ပြီး နယ်‌မြေနဲ့ ပြည်သူ‌တွေကို ကာကွယ်‌နေရတယ်။ သူတို့‌တွေဟာ ပြည် သူ‌တွေနဲ့အတူ ဆင်းရဲဒုက္ခခံ‌နေရတယ်ဆိုတာ ‌ဖော်ပြတာ ဖြစ်ပါတယ်။”ဟု ဆက်လက်‌ပြောဆိုသည်။

၎င်းအပြင် စစ်‌ဘေးဒဏ်ပြည်သူများသည် မိမိတို့‌ဒေသအတွင်း ပြန်လည်‌နေထိုင်နိုင်‌ရေးအတွက် ဒီမိုက‌ရေစီနှင့် တိုင်းရင်းသား အင်အားစုအားလုံး ပူး‌ပေါင်း‌ဆောင်ရွက်ပြီး ‌တောင်းဆို တိုက်ပွဲဝင်သွားကြရမည်ဖြစ်‌ကြောင်းလည်း SYCB က ဆိုသည်။

‌ကြေညာချက် နိဂုံးချုပ်၌ နှစ်‌ပေါင်း (၆၀)‌ကျော်လာသည့် မြန်မာ့ပြည်တွင်းစစ် ပြဿနာမှာ နိုင်ငံ‌ရေးပြဿနာဖြစ်၍ နိုင်ငံ‌ရေး နည်းဖြင့်သာ ‌ဖြေရှင်းရန်နှင့် အစိုးရအ‌နေဖြင့် တိုင်းရင်းသား‌ဒေသများရှိ ထိုးစစ်နှင့် စစ်‌ရေးပြင်ဆင်မှုများကို ချက်ချင်းရပ်တန့် ‌ရေးနှင့် တန်းတူ‌ဆွေး‌နွေးအ‌ဖြေရှာ‌ရေး ပြုလုပ်ရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များကွန်ဂရက်-SYCB ကို ၁၉၉၆ခုနှစ်၊ ဇန်နဝါရီလ၌ အိနိ္ဒယနိုင်ငံ နယူး‌ဒေလီမြို့တွင် ဖွဲ့စည်းခဲ့ ပြီး လက်ရှိတွင် တိုင်းရင်းသားလူငယ်အဖွဲ့(၁၅)ဖွဲ့ဖြင့် ထိုင်းနှင့် အိနိ္ဒယ-မြန်မာနယ်စပ်တွင် အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိသည်။