Home ကဗျာ ရဲ‌ဘော်သူငယ်ချင်းသို့

ရဲ‌ဘော်သူငယ်ချင်းသို့

1899
(လကင်္ာဒီပ)

ဇူလိုင် ၁၊ ၂၀၁၁။

အခွင့်အ‌ရေးကမ္ဘာ
အခွင့်အ‌ရေးရှာထွက်တဲ့သူငယ်ချင်း
မပြင်းထန် ‌မှေးမှိန်‌နောက်ကျိ
အိပဲ့အိပဲ့နဲ့ နင့်ရဲ့နှုတ်ဆက်‌နေခြင်းမှာ
ဝမ်းနည်းစွာ နှ‌မျော‌နေစဉ်
ငါ့‌ကျောပြင်ထက်က နင့်‌ခြေရာများ
ထင်ရှား ကျန်ရစ်‌နေတုန်းပါ သူငယ်ချင်း။

အခု‌တော့‌လေ
အစွမ်း‌တွေရှိ‌သော်လည်း
တလွဲမှား အ‌တွေးအ‌ခေါ်‌တွေနဲ့
ခွဲခွာသွားတဲ့နင့်ကို
အလိုလို ငါ အံ့ဩမိတယ် သူငယ်ချင်း။

အနာဂတ်မဲ့‌နေတဲ့ဘဝ
မဝ‌ရေစာနဲ့ ‌သေရမဲ့ရက်ကို
ငိုခြင်း ထိတ်လန့်ရခြင်း‌တွေနဲ့
‌စောင့်စားလုံးပါးတဲ့ ငါတို့ရဲ့ဘဝ‌တွေ
နင်‌လေ…တခါက အံကြိတ်‌တောက်‌ခေါက်ကာ
စာနာ‌ဖေးမခဲ့ဖူးတယ်‌လေ။

ငါတို့ဘဝ ဒုက္ခ‌တွေများ
ဆိုးရွားလှ‌လေခြင်း
ဖြစ်ရခြင်းရယ်လို့
အံတင်းပြီးကျခဲ့တဲ့ နင့်မျက်ရည်
ငါ‌လေ…နင့်ကို ‌လေးစား‌မျှော်လင့်ခဲ့ဖူးတယ်။

တစ်‌ထောင့်တစ်ညပုံပြင်
ယုံကြည်ချင်စရာ‌ကောင်းတဲ့ အပြုအမူ
လူ‌တွေကို လူသားနဲ့တူ‌စေချင်တဲ့
နင့်ရဲ့‌စေတနာစကား
ငါ…နား‌ထောင် မြင်‌ယောင်ခဲ့ဖူးပြီ။

‌ရေ‌ဝေး ‌မြေ‌ဝေး ဌာ‌နေ‌ဝေးရာ
စိတ်‌တွေပါ ‌ဝေးသွားပြီလား သူငယ်ချင်း
အကျဉ်းကျ ငြင်းမရ
လင်းတလို တို့ဘဝဖြစ်အင်
ထီမထင် နင်ပြုံးရယ်ဖွဲ့
‌ကျောခိုင်းခဲ့ပြီ ထင်ပါရဲ့‌လေ။

“အခြား‌ရေအိုး မပြည့်ချင်‌နေ‌စေ
ငါ့‌ရေအိုး အရင်ပြည့်လျှံဖို့” အ‌ရေး
အ‌တွေးတခုနဲ့ ရုန်းထွက်သွားတယ်
သူငယ်ချင်း…နင့်အ‌ပြောနဲ့နင်လည်း
တထပ်တည်း မကျ‌တော့ပါလား။

နင် ကြား‌စေချင်စမ်းပါသည်
ဒီပတ်ကြား ခ‌ရောင်းလမ်းအိုထက်မှာ
ငါဆို‌နေတဲ့ အမျိုးသား‌ရေးသီချင်းကို
မျက်ရည်စို‌တွေသုတ်‌ပေးဖို့
လို‌နေတာ‌တွေ ကုစားဖို့
တို့‌တွေအားလုံး သတိရှိရမယ်။

အစွမ်း‌တွေရှိ‌သော်လည်း နင် မ‌တောင့်
ပန်း‌တွေရှိ‌သော်လည်း နင် မ‌ကောက်
လမ်း‌တွေရှိ‌သော်လည်း နင် မ‌လျောက်
နန်း‌ပျောက်တဲ့ ပန်းပိ‌တောက်လို
ခမ်း‌ခြောက်သွား မျိုးချစ်မာန်
ဟင်း…နင် ပြန်မလာ‌တော့ဘူးလား သူငယ်ချင်း။