Home အယ်ဒီတာ့အာဘော် တစ်ပြည်လုံး လွတ်ငြိမ်းချမ်းသာမှု ဖန်တီးပိုင်ခွင့်ရှိ‌စေချင်

တစ်ပြည်လုံး လွတ်ငြိမ်းချမ်းသာမှု ဖန်တီးပိုင်ခွင့်ရှိ‌စေချင်

1613
အယ်ဒီတာ့အာ‌ဘော်

မြန်မာပြည်တွင် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး လအတန်ကြာလာခဲ့‌သော်လည်း မြင်သာထင်သာသည့် ‌ပြောင်းလဲမှု တစုံတရာမျှ လူထုအတွင်း မရှိ‌သေး‌ပေ။ ဦးသိန်းစိန်အ‌နေဖြင့် ‌မေလ ၁၆ရက်‌နေ့က အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်‌ကြေညာခဲ့‌သော်ငြား အမှန်စင်စစ် အကျဉ်းသားများအတွက် ‌လျှော့‌ပေါ့ခွင့်ကို ထုတ်ပြန်လိုက်သည့် သ‌ဘောမျိုးသာဖြစ် ‌ကြောင်း နိုင်ငံ‌ရေးသမားများနှင့် ဥပ‌ဒေပညာရှင်များက ‌ထောက်ပြ‌ဝေဖန်ခဲ့ကြသည်။

ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်က အစိုးရသည် နိုင်ငံ‌ရေး အကျဉ်းသားများကို လွှတ်‌ပေးလိုပါက အလွယ်တ ကူလုပ်နိုင်ပြီး မလွှတ်လိုလျှင်လည်း ဆင်‌ခြေအမျိုးမျိုး ပြနိုင်‌ကြောင်း ဗီအို‌အေ အင်တာဗျူးတွင် ‌ဖြေကြား‌ပြောဆိုခဲ့သည်။ တိုင်း ပြည်တစ်ခုတွင် အစိုးရသစ်တစ်ရပ် တက်လာတိုင်း ယခင် အစိုးရ‌ဟောင်းလက်ထက်က အကျဉ်းကျခံရသူများကို အပြီးအပိုင် လွှတ်‌ပေးရမည်ဖြစ်သည်။ ယခု အစိုးရသစ်သည် ပြီးခဲ့သည့်လ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံများ ထိပ် သီးအစည်းအ‌ဝေး‌နောက်ပိုင်း အတုအ‌ယောင် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ကာ နိုင်ငံ‌ရေးအမြတ်ထုတ်ခဲ့သည်။

အာဏာရှင်ဟူသည် စစ်ဖက်၌ဖြစ်‌စေ၊ အရပ်သားဖက်၌ဖြစ်‌စေ မည်သည့်အာဏာရှင်မှ လူထုအတွက် ‌ကောင်းကျိုးချမ်းသာကို ‌ဆောင်ကြဉ်းမည်မဟုတ်။ အစိုးရဟူသည် ပြည်သူလူထု၏ လိုအပ်ချက်၊ ‌တောင်းဆိုချက်များကို အ‌လေးထားသင့်‌သော်လည်း ယ‌နေ့ မြန်မာပြည်တွင် စီးပွား‌ရေးအရ အုပ်ချုပ်သူနှင့် လက်‌ဝေခံ လူတန်းစား အနည်းစုသာ ကြီးပွားတိုးတက်‌နေသည်။ သာ မန်ဝန်ထမ်းနှင့် အရပ်သား၊ လက်လုပ်လက်စား၊ အလုပ်သမား၊ လယ်သမားများမှာ ဒုက္ခသည်များကဲ့သို့ အသက်ရှင် ရပ်တည် ‌နေကြရသည်။ မိမိတို့၏ လူသားဖြစ်တည်လာမှုအ‌ပေါ် ရသင့်ရထိုက်သည့် အခွင့်အ‌ရေးများကို ‌ပြောဆိုတင်ပြသူများ ပြစ်ဒဏ်ခံ ရသည်။ ဒီမိုက‌ရေစီစနစ်ကို အ‌ကောင်အထည် ‌ဖော်ရမည့်အစား အများသိသာ‌စေရန် စီးပွား‌ရေး၊ လူမှု‌ရေးကိစ္စများကိုသာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ‌ပြောဆို‌ကြေညာခဲ့သည်။

လာမည့် ၂၀၁၄ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဌရာထူးကို မြန်မာအစိုးရက အိပ်မက်သဖွယ် ‌မျှော်လင့်ထား‌သော်လည်း မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ဒီမိုက‌ရေစီ‌ဖော်‌ဆောင်‌ရေး အလားအလာကို ကြည့်ပြီးမှသာ ဆုံးဖြတ်မည် ဖြစ်‌ကြောင်း အ‌မေရိကန်ပြည်‌ထောင်စု ဝါရှင်တန်ဒီစီမြို့‌တော်မှ Woodrow Wilson Center တွင် ပြုလုပ်ခဲ့သည့် ဒီမိုက‌ရေစီ နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ‌ပြောင်းလဲမှုဆိုသည့် ‌ခေါင်းစဉ်ဖြင့် ‌ဆွေး‌နွေးပွဲတွင် လက်ရှိ အာဆီယံ အတွင်း ‌ရေးမှူးချုပ် Mr. Surin Pisuwan က ‌ပြောဆိုသွားခဲ့သည်။

အစိုးရသစ်အ‌နေနဲ့ နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲမှု‌တွေကို ‌ပေးထားသည့် ကတိအတိုင်း အ‌ကောင်အထည်‌ဖော်ရန် အစိုးရရုံးစိုက် ရာ ‌နေပြည်‌တော်သို့ ‌မေလ ၁၁ရက်‌နေ့မှစ၍ ၃ရက်တာ သွား‌ရောက်ခဲ့သည့် ကုလသမဂ္ဂ အတွင်း‌ရေးမှူးချုပ်၏ အထူးကိုယ်စား လှယ် Mr. Vijay Nambiar က ‌ပြောဆိုခဲ့သည်။ ထို့အတူ ‌မေလ ၁၈ရက်‌နေ့က အ‌မေရိကန် အ‌ရှေ့အာရှနှင့် ပစိဖိတ်‌ရေးရာဌာ န ဒုလက်‌ထောက် နိုင်ငံခြား‌ရေးဝန်ကြီး Joseph Yun၊ ‌မေလအကုန်တွင် အ‌မေရိကန် အထက်လွှတ်‌တော်အမတ် Mr. John Mc Cain တို့လည်း မြန်မာပြည်သို့ သွား‌ရောက်ခဲ့ကြသည်။

မြန်မာပြည်တွင် အရပ်သားအမည်ခံ အစိုးရသစ်၊ ပြည်နယ်နှင့် တိုင်း‌ဒေသများ၏ ဝန်ကြီးချုပ်သစ်များ ‌ပေါ်‌ပေါက်လာ‌စေကာမူ နယ်စပ်‌ဒေသများ၌ စစ်မက်ဖြစ်ပွားမှုကို ရပ်တန့်‌အောင် လုပ်‌ဆောင်ခြင်း မရှိ‌သေးသလို စစ်‌ပြေးဒုက္ခသည်များ မရှိဟုပင် ‌ပြော ဆို‌နေသည်။ သို့ဖြစ်ရာ မြန်မာပြည်သူပြည်သားများအ‌နေဖြင့် စစ်‌ဘေးဒဏ်ခံဘဝ၊ တရားမဝင် ‌ရွှေ့‌ပြောင်းအလုပ်သမားဘဝ၊ စားဝတ်‌နေ‌ရေး ကြပ်တည်းမှုဘဝများမှ လွတ်‌မြောက်‌အောင် တစ်ပြည်လုံး အတိုင်းအတာဖြင့် လွတ်ငြိမ်းချမ်းသာမှုကို မိမိတို့ဖာ သာ ဖန်တီးရယူသွားရမည်ပင် ဖြစ်သည်။