Home ထိပ်တန်းသတင်း ၃နှစ်ပြည့်‌သော်လည်း နာဂစ်ဒဏ်သင့်‌ဒေသတွင် ပြန်လည်ထူ‌ထောင်‌ရေး လုပ်‌ဆောင်‌နေရဆဲ

၃နှစ်ပြည့်‌သော်လည်း နာဂစ်ဒဏ်သင့်‌ဒေသတွင် ပြန်လည်ထူ‌ထောင်‌ရေး လုပ်‌ဆောင်‌နေရဆဲ

1721
‌မေလ ၂ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် ယ‌နေ့ ‌မေလ ၂ရက်‌နေ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဝင်‌ရောက်တိုက်ခတ်သည့် ၃နှစ်ပြည့်ပြီဖြစ်‌သော်လည်း မုန်တိုင်းသင့် ဧရာဝတီတိုင်း‌ဒေသတွင် အဓိကလုပ်ငန်းများဖြစ်သည့် ‌ရေလုပ်ငန်း၊ ဆားလုပ်ငန်းနှင့် စိုက်ပျိုး‌ရေးလုပ်ငန်းများမှာ ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းများ လုပ်‌ဆောင်‌နေရ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ဧရာဝတီတိုင်းရှိ ‌လေ‌ဘေးသင့်ပြည်သူများအတွက် ထိ‌ရောက်သည့် ပံ့ပိုးကူညီမှုများ အစိုးရဘက်မှ လုပ်‌ဆောင်‌ပေးခြင်း မရှိ သည့်အတွက် ယခုချိန်အထိ လုပ်ငန်းခွင်အခက်အခဲများ ရင်ဆိုင်‌နေရဆဲပဲဟု နာဂစ်မုန်တိုင်းဒဏ်ခံစား‌နေရသည့် ‌ဒေသခံအမျိုး သမီးတစ်ဦးက ‌ပြောသည်။

သူမက “ကျမတို့‌ဒေသမှာ ခုချိန်အထိ နလန်မထူနိုင်‌သေးပါဘူး။ နဂိုကတည်းက လူထု‌တွေက စားဝတ်‌နေ‌ရေး ကြပ်တည်း‌နေ တဲ့အထဲ နာဂစ်မုန်တိုင်းထိ‌တော့ ပိုပြီး ဒုက္ခ‌ရောက်တယ်။ အစိုးရရဲ့ ကူညီပံ့ပိုးမှုဆိုတာကလည်း သိန်းနှင့်ချီတဲ့ ‌လေ‌ဘေးဒုက္ခ သည်‌တွေထဲမှာ အနည်းအကျဉ်း‌လောက်ပဲရတာဆို‌တော့ ဘာမှ ထိ‌ရောက်မှုမရှိဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

လပွတ္တာမြို့နယ် သက္ကယ်‌သောင်‌ကျေးရွာတွင် မိုးရွာသွန်း၍ ‌နေလှန်းဆားများ သိမ်း‌နေစဉ်
ဧရာဝတီတိုင်းသည် ဆားလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ၊ စိုက်ပျိုး‌ရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည့်‌ဒေသဖြစ်ပြီး ထို လုပ်ငန်းများသည် နာဂစ်‌ကြောင့် ယခုအချိန်အထိ ယခင်အတိုင်း ပြန်မဖြစ်‌သေး‌ကြောင်း ပြည်တွင်းသတင်းမီဒီယာများကလည်း ဆိုသည်။

နာဂစ်မုန်တိုင်းဒီ‌ရေ‌ကြောင့် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ စိုက်ပျိုး‌မြေဧက တစ်သန်း‌ကျော် ‌ရေငန်ဝင်‌ရောက်ခဲ့ပြီး မုန်တိုင်း ‌ကြောင့် ပျက်စီးခဲ့ရ‌သော ‌ရေငန်တားသည့် တာတမံအချို့မှာ ပြန်လည်မပြုပြင်ရ‌သေး‌သော‌ကြောင့် စိုက်ပျိုးထားသည့် လယ် ယာများကိုလည်း ဆန်စပါးအထွက်နှုန်း ကျဆင်းလျှက်ရှိ‌ကြောင်း Eleven Media Group သတင်းတွင် ‌ဖော်ပြထားသည်။

ထို့အပြင် ယခုနှစ် ဆားလုပ်ရာသီတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှု‌ကြောင့် ဆားအထွက်နှုန်း ‌လျှော့နည်းလာ‌သော‌ကြောင့် ဆား‌တောင်သူများ အခက်ကြုံရသလို ငါးဖမ်းလုပ်ငန်းများတွင် နာဂစ်ဖြစ်ပြီး ယခုချိန်အထိ ပြန်လည် လည်ပတ်နိုင်ပြီဖြစ်‌သော် လည်း ငါးရရှိမှုက ယခင်ကထက် ‌လျှော့နည်း‌နေ‌သေး‌ကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက ‌ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ခုနှစ်မှစ၍ ၅နှစ်ဆက်တိုက် သဘာဝ‌ဘေးအန္တရာယ် ကျ‌ရောက်ခဲ့ရာ ၂၀၀၆ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ခုနှစ် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း၊ ၂၀၀၉ခုနှစ်တွင် ဘစ်ဂျ်လီမုန်တိုင်းနှင့် ၂၀၁ဝခုနှစ်တွင် ဂီရိမုန်တိုင်း များ ကျ‌ရောက်ခဲ့သည်။ ထိုမုန်တိုင်းများအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတ‌လျှောက်တွင် ပျက်စီးဆုံးရှုံးမှုအ များဆုံးနှင့် လူအ‌သေအ‌ပျောက်အများဆုံးဖြစ်သည်ဟု ပြည်တွင်းပြည်ပမီဒီယာများတွင် ‌ဖော်ပြထားသည်။