Home လူထုအသံ ပေးစာကဏ္ဍ ‌စောအယ်ယား မှအကြံပြု‌ပေးစာ

‌စောအယ်ယား မှအကြံပြု‌ပေးစာ

2138

28-5-2011

ကရင်သတင်းစဉ်နဲ့ ပါဝင်‌သော သတင်းပုဒ်‌ရေမှာ နဲပါးလွန်းသည်ဟု ထင်ပါသည်။ သတင်းပုဒ်‌ရေ များလာရန်မှာ VOA-BBC- RFA- DVB ကဲ့သို့ သတင်းဌာနများမှ အင်တာနက်‌ပေါ်တင်ထား‌သော မြန်မာ နိုင်ငံရှိ လူမျိုးစုများနှင့် ပတ်သက်‌သော စစ်‌ရေး၊ နိုင်ငံ‌ရေး၊ လူမှု‌ရေးကဲ့သို့ သတင်း‌ခေါင်းစဉ် အတိုချုပ်များ ကို တည်းဖြတ်၍ ထည့်သွင်းခြင်းဖြင့် သတင်းပုဒ်‌ရေများလာနိုင်ပါသည်။

အ‌ကြောင်းအရာ ဆက်စပ်‌နေ‌သော သတင်းနှစ်ပုဒ်မှ အဓိပ္ပါယ်တူ‌သော ဝါကျနှင့် ဓာတ်ပုံများကို ‌လျှော့ချခြင်းဖြင့် စာမျက်နှာအလွတ် များလာနိုင်ပါသည်။

ဗမာစစ်တပ်မှ လူမျိုးစု‌ဒေသများ၌ စစ်‌ရေး၊ နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ ယဉ်‌ကျေးမှုအပိုင်းတို့၌ အနိုင် ကျင့်၊ နှိပ်စက်ညှင်းပန်း‌နေ‌သော သတင်းများကို တိုင်းရင်းသားလူမျိုးများ သိရှိနိုင်ရန် သတင်း ‌ဖေါ်ပြနိုင် လျှင် ပို‌ကောင်းမည်ဟု ထင်ပါသည်။
အထူးသဖြင့် ကချင်၊ ချင်း၊ ရှမ်း၊ မွန်စ‌သော လူမျိုးစုသတင်းဌာနများမှ အင်တာနက်‌ပေါ် တင်ထား ‌သော သတင်းအတိုချုပ်များကို ကရင်သတင်းစဉ်နဲ့ ထည့်သွင်းနိုင်လျှင် ‌ကောင်းပါမည်။

‌ရေဒီယိုမှ သတင်းများမှာ ‌နေရာမ‌ရွှေး ဖမ်းနိုင်‌သော်လည်း အချိန်မှာ အကန့်အသတ်ရှိပြီး သတင်း စာမှ သတင်းမှာ ‌နေရာ‌ရွှေး‌သော်လည်း အချိန်မှာ အကန့်သတ်မရှိပါ။

‌စောအယ်ယား
လိပ်စာ (ကန့်သတ်)
C5-254
မယ်လဒုက္ခသည်စခန်း