Home ထိပ်တန်းသတင်း ‌ကော့‌သောင်းတွင် အစိုးရ ‌ရေတပ်က မွတ်စလင် (၃၀)ဦး ဖမ်းဆီးရမိ

‌ကော့‌သောင်းတွင် အစိုးရ ‌ရေတပ်က မွတ်စလင် (၃၀)ဦး ဖမ်းဆီးရမိ

1717
‌မေလ ၇ရက်။ (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ ‌ကော့‌သောင်းခရိုင်တွင် မွတ်ဆလင်လူမျိုး ၃ဝဦး စီးနင်းလိုက်ပါလာ‌သော စက်‌လှေတစ်စင်းကို အစိုးရ စစ်‌ရေ ယာဉ်အမှတ်(၅၀၃)မှ ဗိုလ်ကြီးဝင်းသိန်း‌ဇော် ဦးစီးသည့် ‌ရေတပ်ဖွဲ့က ‌မေလ (၂)ရက်‌နေ့တွင် ဖမ်းဆီးခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

အစိုးရ ‌ရေတပ်အ‌ခြေစိုက်ရာ သံကျွန်းစခန်းနှင့် ၁ဝကီလိုမီတာ အကွာအ‌ဝေးတွင် အဆိုပါ မွတ်ဆလင်(၃၀)ဦးအား မသကင်္ာသ ဖြင့် ဝင်‌ရောက်စစ်‌ဆေးရာမှ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည် စစ်‌တွေမြို့မှ ထိုင်းနိုင်ငံ‌တောင်ပိုင်း ဖာ့တိုက်ဘက်သို့ တရား မဝင် သွား‌ရောက်မည့်သူများဖြစ်‌သော‌ကြောင့် မြိတ်မြို့ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်သို့ ယခု ပို့‌ဆောင်လိုက်ပြီဟု စစ်တပ်သတင်း ရပ်ကွက်က ဆိုသည်။

တနသင်္ာရီတိုင်းရှိ စစ်တပ်နှင့် နီးစပ်သူတစ်ဦးက “ရခိုင်ပြည်နယ် စစ်‌တွေ-‌မော်လမြိုင်လမ်း‌ကြောင်းက‌နေ လာတယ်။ ည ၂နာရီ အချိန်မှာ ဖမ်းဆီးရမိတာဖြစ်တယ်။ သူတို့‌တွေဟာ မြန်မာနိုင်ငံသားကဒ် ကိုင်‌ဆောင်‌ပေမယ့် ထိုင်းနိုင်ငံကို အလုပ်ထွက်လုပ် မယ့် စာရွက်စာတမ်းမပါတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်။ အကုန်လုံးက အမျိုးသားချည်းပဲ။ အခု ကရခကို ပို့လိုက်ပြီ။” ဟု ‌ပြောသည်။

‌ကော့‌သောင်းခရိုင်တွင် ယခင်ကလည်း ထိုင်းနိုင်ငံသို့ အလုပ်ထွက်လုပ်ရန်အတွက် တရားမဝင်သည့် ‌ရေ‌ကြောင်းခရီးဖြင့် လာ ခဲ့ကြသည့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များမှာ မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးမှုကို မကြာခဏ ခံရကာ ပြန်ပို့ခြင်းခံခဲ့ကြရ သည်ဟု အဆိုပါ စစ်တပ်နှင့် နီးစပ်သူက ‌ပြောသည်။