Home ထိပ်တန်းသတင်း အစိုးရ သတင်းစာ ‌ရေးသား‌ဖော်ပြ ချက် KNU ငြင်းဆို

အစိုးရ သတင်းစာ ‌ရေးသား‌ဖော်ပြ ချက် KNU ငြင်းဆို

2709
‌မေ ၂၄ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

မွန်ပြည်နယ်၊ ‌ရေးမြို့နယ်တွင် KNU တပ်ဖွဲ့ဝင်များသည် ခရီးသည်တင်မှန်လုံယာဉ်များ ပစ်ခတ်၊ ဆက် ‌ကြေး‌တောင်း၊ ယာဉ်‌မောင်းနှင့် ယာဉ်‌နောက်လိုက်များအား ဖမ်းဆီး‌ခေါ်‌ဆောင်ခဲ့သည်ဟု အစိုးရပိုင် သ တင်းစာတွင် ယ‌နေ့ ‌ရေးသား‌ဖော်ပြမှုနှင့်ပတ်သက်၍ မဟုတ်မမှန်သည့် သတင်းတရပ်သာ ဖြစ်သည်ဟု ‌ကေအဲန်ယူက တုန့်ပြန်‌ပြောဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းရုံး-KNU အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ဒါဟာ သက်သက်စွပ်စွဲတာ ပဲ။ ကျ‌နော်တို့ ‌ကေအဲန်ယူက သူများပစ္စည်း‌တွေကို အတင်းအဓမ္မလိုက်‌တောင်းဖို့အတွက် ‌ပေါ်လစီမရှိ ဘူး။”ဟု တန့်ပြန်‌ပြောဆိုသည်။

(61)ကြိမ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့တွင် ‌တွေ့မြင်ရသည့် KNU တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-‌ကေအိုင်စီ)
ယမန်‌နေ့ နံနံက် ၉နာရီခန့်တွင် မွန်ပြည်နယ်၊ ‌ရေးမြို့နယ် ကနင်က‌မော့ရွာနှင့် လိ‌မ္မော်ခြံရွာအကြား ‌ရေး-သံဖြူဇရပ်ကားလမ်း‌ပေါ်၌ ‌ရေးဘက်မှ ‌မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၅စီးအား KNU တပ်ဖွဲ့ဝင်များ ပစ်ခတ်တားဆီးကာ ယာဉ်‌မောင်းနှင့် ယာဉ်‌နောက်လိုက်များအား ဖမ်းဆီး‌ခေါ်‌ဆောင်သွား သည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ယ‌နေ့‌ဖော်ပြသည်။

ပြီးခဲ့သည့် ‌မေလ ၂၃ရပ်‌နေ့ မနက် ၇နာရီခွဲခန့်တွင် ‌ရေးမှ သံဖြူဇရပ်ဘက်သို့ ‌မောင်းနှင်လာ‌သော ‌ရွှေမြင်းပျံ၊ ‌ရွှေဝယ်ရတနာ၊ ‌ရွှေဝါဖူး၊ ကြယ်စင်ဟိန်း၊ ရာဇာမင်းယာဉ်လိုင်းများမှ ခရီးသည်တင်မှန်လုံ ယာဉ် ၅စီးအနက် ‌ရှေ့ဆုံးမှ ‌မောင်းနှင်လာ‌သော ‌ရွှေမြင်းပျံခရီးသည်တင်ယာဉ်၏ ဘီးအား အင်အား ၃ဝခန့်ရှိ KNU တပ်ဖွဲ့ဝင်များက ပစ်ခတ်‌ဖော်ခွဲ၍ ယာဉ်တန်းကို ရပ်တန့်‌စေပြီး ဆက်‌ကြေး ‌ကောက်ခံခဲ့ဟု မြန်မာ့အလင်း သတင်းစာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် KNU တပ်ဖွဲ့ဝင်များက ထားဝယ်-ရန်ကုန် မှန်လုံယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၁ဝ သိန်းနှင့် ထားဝယ်-‌မော်လမြိုင်မှန်လုံယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၃သိန်းဖြင့် ဆက်‌ကြေး အဖြစ်‌ကောက်ခံခဲ့ပြီး ၎င်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ နယ်‌မြေခံ အစိုးရစစ်‌ကြောင်း၏ လိုက်လံရှင်းလင်းမှု ‌ကြောင့် ဖမ်းဆီးခံရသူများအနက် ၄ဦးသည် ထွက်‌ပြေးလွွှတ် ‌မြောက်လာခဲ့ပြီး ၂ဦးသာကျန်ရှိသည်ဟု ‌ဖော်ပြသည်။

KNU တပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ပြည်သူများထံမှ ဆက်‌ကြေး‌ကောက်ခံခြင်း၊ ဆန်စပါးအပါအဝင် ရိက္ခာ များအဓမ္မ‌တောင်းခံခြင်းစသည့် အကြမ်းဖက်လုပ်ရပ်တို့ကိုသာ တစိုက်မတ်မတ် လုပ်‌ဆောင် လျှက်ရှိ သဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စက်ဆုပ်ရွံ့ရှာလျှက် ရှိသည်ဟု ‌ရေးသား‌ဖော်ပြချက်သည် သတင်းဖြစ်စဉ်မဟုတ်ဘဲ အစိုးရ၏ အာ‌ဘော်သာဖြစ်သည်ဟု KNU က တုန့်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၁၉၄၉ခုနှစ်မှစ၍ ယ‌နေ့အချိန်ထိ မြန်မာအစိုးရ အဆက် ဆက်ကို ခုခံ‌တော်လှန်‌နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။