Home ထိပ်တန်းသတင်း အချိန်မဟုတ် မိုးရွာသွန်းမှု‌ကြောင့် ‌တောင်ယာစိုက်သူများ အခက်ကြုံရ

အချိန်မဟုတ် မိုးရွာသွန်းမှု‌ကြောင့် ‌တောင်ယာစိုက်သူများ အခက်ကြုံရ

1728
‌မေလ ၄ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌မြောက်ပိုင်း ‌တောင်ငူခရိုင်အတွင်းရှိ ‌တောင်‌ပေါ်‌ဒေသများတွင် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစ၍ ယခုချိန်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ‌ကြောင့် ‌တောင်ယာစပါးစိုက်ပျိုးမည့် လူထုများသည် ၎င်းတို့ခုတ်ထား‌သော ‌တောင်ယာခင်း များကို မီးရှို့ရှင်းလင်းရန် အခက်ကြုံ‌နေ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

‌တောင်ငူ‌ဒေသခံတဦးက “ဒီနှစ်မှာ ဧပြီလကစပြီး‌တော့ မိုးက မကြာခဏရွာတယ်။ ခုချိန်အထိပဲ။ တခါခါရွာရင် သုံး‌လေးငါးရက် ဆို‌တော့ ခုတ်ထားတဲ့ ‌တောင်ယာခင်း‌တွေက ဘယ်လိုမှ မီးရှို့လို့မရဘူး။ ဒီနှစ်မှာ‌တော့ ‌တောင်ယာလုပ်သူ‌တွေအတွက်‌တော့ အလားအလာ မ‌ကောင်းဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

“တချို့‌တောင်ယာ‌တွေ မီးရှို့ထားတာရှိတယ်။ ဒါ‌ပေမယ့် မိုးရွာ‌တော့ ခုတ်လှဲထားတဲ့အပင်‌တွေ မ‌ခြောက်‌တော့ မီးမစားနိုင်ဘူး။ အပင်ကြီး‌တွေဆို မဖယ်နိုင်ဘူး။ အဲဒီအတိုင်းပဲ ထားရတယ်။ ‌တောင်ယာဆိုတဲ့ဟာမျိုးက မီး‌လောင်မှ လုပ်လို့‌ကောင်းတာ။ မီး ‌လောင်မှ ‌မြေဩဇာရမယ်။ ‌မြေဩဇာရှိမှ အပင်‌ကောင်းမယ်‌လေ။” ဟု ၎င်းက ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သတ်မှတ်နယ်‌မြေ၊ ‌တောင်ငူခရိုင်၊ သံ‌တောင်နှင့် ထန်းတပင်မြို့နယ်ရှိ ‌တောင်‌ပေါ်‌ဒေသ များတွင် ‌နေထိုင်ကြသူများသည် ယမန်နှစ်က ၎င်းတို့၏ အသက်‌မွေးဝမ်း‌ကြောင်းရာ ဖာလာခြံ၊ ကွမ်းခြံ၊ ဒူးရင်းခြံ အ‌တော်များ များကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်း‌ကြောင့် ယခုနှစ်တွင် ထိုခြံများကို အားကိုး၍မရ‌တော့သည့်အတွက် ‌တောင်ယာ စပါးစိုက်ပျိုး‌ရေးကို ပိုမိုလုပ်‌ဆောင်လာသည်။

သို့‌သော် ယခုလို ရာသီဥတု‌ဖောက်ပြန်မှုကို ကြည့်ခြင်းအားဖြင့် ‌တောင်ယာလုပ်ငန်းသည်လည်း အလားအလာ မ‌ကောင်း‌သော ‌ကြောင့် လာမည့်နှစ်တွင် ထို‌တောင်ငူ‌ဒေသခံများအတွက် ဆန်စပါး အခက်အခဲများ ရှိလာနိုင်‌ကြောင်း ‌ဒေသခံလူထုများက သုံး သပ်‌ပြောဆို‌နေကြသည်။