Home ထိပ်တန်းသတင်း ဖွံ့ဖြိုး‌ရေးစီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံမှုများကို ဆန့်ကျင်‌ကြောင်း ကရင်နှီး‌နှောဖလှယ်ပွဲမှ ‌ဆွေး‌နွေး ဆုံးဖြတ်ခဲ့

ဖွံ့ဖြိုး‌ရေးစီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံမှုများကို ဆန့်ကျင်‌ကြောင်း ကရင်နှီး‌နှောဖလှယ်ပွဲမှ ‌ဆွေး‌နွေး ဆုံးဖြတ်ခဲ့

1887
‌မေလ ၂၉ရက်။ ‌ကေအိုင်စီ

၈ကြိမ်‌မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲမှ ကရင်ဒုက္ခသည်များကို ‌နေရပ်ပြန်လည် မပို့‌ဆောင် ‌ရေးနှင့် ကရင်‌ဒေသများတွင် ပြုလုပ်‌နေသည့် ဖွံ့ဖြိုး‌ရေးစီမံကိန်းများနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင် ရှုတ်ချ‌ကြောင်း ယမန်‌နေ့က ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထို‌ကြေညာချက်တွင် နှီး‌နှောဖလှယ်ပွဲမှ ကရင်လူမျိုးများအကြား စည်းလုံးညီညွှတ်မှု ပိုမို အား‌ကောင်းလာ‌စေ‌ရေး၊ မြန်မာ ပြည်၏ လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေများနှင့် ကရင်လူထုတစ်ရပ်လုံး၏ ခံစား‌နေရမှုများကို ‌ဆွေး‌နွေးခဲ့ကြပြီး ထိုင်းနိုင်ငံအ တွင်း ‌ရောက်ရှိ‌နေသည့် သိန်းနှင့်ချီ‌သော စစ်‌ပြေးဒုက္ခသည်များအား ယာယီ လက်ခံထား‌ပေးရန်နှင့် ပြန်လည်ပို့‌ဆောင်ခြင်း မပြုလုပ်‌သေးရန် ထိုင်းအစိုးရနှင့် UNHCR တို့အား ‌တောင်းဆိုထားသည်။

နှီး‌နှောဖလှယ်ပွဲ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌စောကနဲမီက “သူတို့(မြန်မာအစိုးရ)ကိုယ်သူတို့ အစိုးရလို့ ခံယူပြီး ကရင်‌တွေနယ် ‌မြေမှာ ဖွံ့ဖြိုး‌ရေးကို ဘမ်းပြပြီး Dam(‌ရေကာတာ)‌နေရာအဆင့်ဆင့် လာလုပ်တာဟာ နယ်‌မြေ‌တွေ ဆုံးရှုံးပျက်စီးကုန်တယ်။ ဒီလို နားလှည့်ပါးရိုက်လာလုပ်တာ ဘယ်သူမှ လက်ခံနိုင်စရာ အ‌ကြောင်းမရှိဘူး။ ကျ‌နော်တို့‌တွေ ဖွံ့ဖြိုးမှုကို မလိုလားတာ မဟုတ်ဘူး။ နိုင်ငံတကာကို လိမ်လည်ပြီး တိုင်းပြည်ကို အုပ်ချုပ်‌နေတဲ့ သူ‌တွေကို လုံးဝ လက်မခံနိုင်ဘူး။ ဒါ‌ကြောင့် ကျ‌နော် တို့ Karen Unity Seminar အ‌နေနဲ့ မတ်မတ်ရပ်ပြီး ဒါကို လုံးဝ ဆန့်ကျင်တာ၊ ရှုတ်ချတာ ဖြစ်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဆက်လက်၍ သူက “ဒုက္ခသည်နဲ့ ပတ်သက်လို့ အတင်းအဓမ္မ ‌ရွှေ့ခိုင်း‌ပြောင်းခိုင်းတာ‌တွေ မလုပ်ရဘူးဆိုတာ ဥပ‌ဒေရှိ တယ်။ ကျ‌နော်တို့က တကမ္ဘာလုံးက ပြဌာန်းထားတဲ့ လူ့အခွင့်အ‌ရေး ဥပ‌ဒေအရဆိုပြီး ကိုယ့်ကိုယ်ကို သတ္တိပြတာ‌တော့ မဟုတ်ဘူး။ ကျ‌နော်တို့ အမှန်တရားဘက်မှာ ရှိတယ်ဆိုတာရယ်၊ ခိုင်မာတဲ့ အ‌ခြေခံ အ‌ကြောင်းရင်း‌တွေ ရှိတယ်ဆိုတာရယ် ပါ။”ဟု ရှင်းပြသည်။

၎င်းအပြင် အခုတက်လာသည့် ကြံ့ဖွံ့အစိုးရအ‌နေဖြင့် အင်အား‌တောင့်တင်းပြီး အဆင့်မြင့်သည့် စစ်တပ်ကို ထူ‌ထောင်ပါက ကရင်‌ဒေသများအတွင်း ဆိုးဝါး‌သော လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ဆက်လက် ဖြစ်ပွားလာနိုင်ခြင်း၊ လူထု၏ အိုးအိမ် ‌မြေယာများ ပိုမို ပျက်စီးဆုံးရှုံးလာနိုင်ခြင်းနှင့် လူသားများအ‌ပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်‌နေသည့်အတွက် ကုလသမဂ္ဂ မှ စုံစမ်းစစ်‌ဆေး‌ရေး ‌ကော်မရှင် ‌စေလွှတ်၍ ကြံ့ဖွံ့အစိုးရအား အ‌ရေးယူမှုများ ချက်ချင်း ‌ဆောင်ရွက်သွားရန်လည်း နှီး‌နှော ဖလှယ်ပွဲက ‌တောင်းဆိုလိုက်သည်။

ထိုနှီး‌နှောဖလှယ်ပွဲသို့ ပြည်တွင်းနှင့် ယူ‌ကေ၊ အ‌မေရိကန်၊ က‌နေဒါ၊ စကင်္ာပူ၊ ဩစ‌တြေးလျားနိုင်ငံများမှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များလည်း တက်‌ရောက်ခဲ့ကြသည်။

၈ကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲ (ပုံ-‌ကေအိုင်စီ)

UK မှ ‌စောဝင်းစတန်‌တောက “ကျ‌နော် ဒီစီမီနာကို ပထမဆုံး‌ရောက်လာတာပဲ။ ‌ဆွေး‌နွေးမှု‌တွေအတွင်းမှာ အ‌ချေအတင် ငြင်းခုန်‌ဆွေး‌နွေးအ‌ဖြေရှာကြတာဟာ ဆုံမှတ်ကို‌တွေ့ရှိသွားသလို စိတ်ဝင်စားမှု‌ကောင်းတဲ့ ‌တော်လှန်‌ရေးအ‌တွေ့အကြုံ သ‌ဘောတရား‌တွေကိုလည်း ရရှိခဲ့ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်တွင်းကိုယ်စားလှယ်တဦးကလည်း “အခုလိုုု ကရင်ကိုယ်စားလှယ်ကြီး‌တွေ ဒုက္ခအခက်အခဲကြားက မတူကွဲပြားတဲ့ အ‌တွေးအ‌ခေါ် အယူအဆ‌တွေကို ပြန်လည်‌ပေါင်းစည်း‌ပေးဖို့ လာ‌ရောက်‌ဆွေး‌နွေးကြတာ အားရ‌ကျေနပ်မှု အ‌တော်ရပါ တယ်။ နိုင်ငံ‌ရေး၊ အမျိုးသား‌ရေးပန်းတိုင်ကို ဒီစီမီနာမှာ ရှင်းရှင်းလင်းလင်းကြီး ‌တွေ့ခွင့်ရခဲ့တယ်။ ပြည်တွင်းမှာဆို ဘာဆို ဘာမှ သိခွင့်၊ လုပ်ခွင့်မရှိဘူး။”ဟု ဆိုသည်။

နှီး‌နှောဖလှယ်ပွဲ ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ ‌စောလှထွန်းက “နိုင်ငံတကာက ကိုယ်စားလှယ်‌တွေ၊ ခရိုင်ကိုယ်စားလှယ်‌တွေ နဲ့ ပြည်တွင်းကိုယ်စားလှယ်‌တွေ အခုလို လာ‌ရောက်‌တွေ့ဆုံပြီး ကရင်အမျိုးသား‌တွေရဲ့ စည်းလုံးမှုပြိုကွဲ‌စေမယ့် အ‌ကြောင်း အရာ‌တွေကို ဝိုင်းဝန်းပူး‌ပေါင်း‌ဆောင်ရွက်ပြီး ကာကွယ်‌ပေးကြ၊ နည်းလမ်းအ‌ဖြေရှာကြတာဟာ အင်မတန်မှ အားရ‌ကျေနပ် မှု ရှိပါတယ်။”ဟု ‌ပြောဆိုသည်။

‌မေလ ၂၄ရက်မှ ၂၇ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ပြုလုပ်ကျင်းပခဲ့သည့် ထိုနှီး‌နှောဖလှယ်ပွဲသို့ ပြည်တွင်း ပြည်ပရှိ ကရင်အဖွဲ့အစည်း(၄၂)ဖွဲ့မှ ကိုယ်စားလှယ်များ၊ မျိုးဆက်သစ် နိုင်ငံ‌ရေး‌ကျောင်းသား‌ကျောင်းသူများနှင့် ‌လေ့လာ သူများ စုစု‌ပေါင်း ၁၁၇ဦး တက်‌ရောက်ခဲ့ကြသည်။