Home ထိပ်တန်းသတင်း ကျိုက်ဒုံမြို့နယ်ခွဲ ပစ်ခတ်မှု အရပ်သား ၃ဦး‌သေဆုံး၊ ၈ဦး ထိခိုက်ဒဏ်ရာရရှိ

ကျိုက်ဒုံမြို့နယ်ခွဲ ပစ်ခတ်မှု အရပ်သား ၃ဦး‌သေဆုံး၊ ၈ဦး ထိခိုက်ဒဏ်ရာရရှိ

1548
‌မေလ ၁၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အစိုးရစစ်တပ်နှင့် လက်နက် ကိုင်ကရင်တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုများအတွင်း အရပ်သား ၃ဦး‌သေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အ ‌ရေးအဖွဲ့ KHRGက ယ‌နေ့ သတင်းထုတ်ပြန်သည်။

လက်နက်ကြီး ကျည်စထိမှန်သည့်ရွာသားတစ်ဦး (Photo-KHRG)
ပြီးခဲ့သည့် ဧပြီလ ၂၂ရက်‌နေ့မှ ၃ဝရက်‌နေ့အထိ အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသားများ ထိုကဲ့သို့ ထိခိုက်‌သေဆုံးခဲ့ရခြင်းသည်ဟု KHRG၏ သတင်းထုတ်ပြန်ချက် တွင် ‌ဖော်ပြထားသည်။

၎င်းပစ်ခတ်မှုများ‌ကြောင့် ကျိုက်ဒုံမြို့နယ်ခွဲရှိ အဇင်း၊ ဘုရားငုတ်တို၊ တ‌အေး‌ရှေး၊ မိနန်းအပ် စသည့်‌ကျေးရွာများမှ ရွာသား ၁၄၃ဦးသည် ထိုင်းနိုင်ငံနယ်စပ်တစ်‌နေရာသို့ ထွက်‌ပြေးခိုခဲ့ရသည့်အပြင် လူ‌နေအိမ်တချို့ကိုလည်း အစိုးရစစ်တပ်မှ မီးရှို့ဖျက် ဆီးခဲ့သည်ဟု KHRG က ‌ပြောသည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌စောအဲလ်ဘတ်(Albert)က “အဲဒီပစ်ခတ်မှု‌တွေ‌ကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ လူတချို့ကို ကျ‌နော်တို့လူ‌တွေ ကိုယ်တိုင်ကိုယ်ကျ သွားပို့ခဲ့ရတယ်။ ကျိုက်ဒုံ‌ဆေးရုံမှာ တ‌ယောက်‌သေတယ်။ ‌နောက် တစ် ‌ယောက်က‌တော့ မျက်လုံးထိမှန်သွား‌တော့ အခု ထိုင်းဘက်ခြမ်း၊ အုန်းဖန်‌ဆေးရုံမှာ ‌ဆေးကုသမှု ခံယူ‌နေပါတယ်။”ဟု ‌ပြော သည်။

ထိုင်းနိုင်ငံနယ်စပ်တွင် ထွက်‌ပြေးခိုလှုံ‌နေသည့် အဆိုပါရွာသားများသည် လက်ရှိအချိန်တွင် အလုပ်ခွင်အတွင်းသို့ ပြန်လည် လုပ်ကိုင်ကြပြီဖြစ်‌သော်လည်း နယ်‌မြေမတည်ငြိမ်သည့် အ‌ခြေအ‌နေ‌ကြောင့် စိုးရိမ်မှုများဖြင့် အလုပ်လုပ်ကိုင်‌နေရသည်ဟု ‌စော အဲလ်ဘတ်က ‌ပြောသည်။

အခုချိန်မှာ‌တော့ ရွာသား‌တွေ အလုပ်ပြန်ဆင်းကြပြီ။ ဒါ‌ပေမယ့် အ‌ခြေအ‌နေက တည်ငြိမ်မှု အပြည့်အဝ မရှိ‌သေးတဲ့အချိန်ဆို ‌တော့ သူတို့သားသမီး‌တွေကို နယ်စပ်မှာပဲ ထားခဲ့ရတယ်။ စိုးရိမ်စိတ်‌တွေ၊ ‌ကြောက်စိတ်‌တွေရှိ‌ပေမယ့် အလုပ်ကို‌တော့ သူတို့ ချန်ထားပစ်လို့မရဘူး‌လေ။”ဟု ‌ပြောသည်။

တိုက်ပွဲများ‌ကြောင့် ထိုင်းနိုင်ငံဘက်တွင် ခိုလှုံ‌နေရသည့်စစ်‌ပြေးရွာသား မိသားစုများ (Photo-KHRG)
“၎င်းပစ်ခတ်မှုတွင် အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့သည် နှစ်ဘက်ထိခိုက်‌သေဆုံးမှုများရှိသလို ယင်းပစ်ခတ်မှုများ‌ကြောင့် ကျိုက်ဒုံမြို့နယ်မှ ‌ဒေသခံပြည်သူ ၇၀၀‌ကျော် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန်‌ကျေးရွာနှင့် အနီးတဝိုက်တွင် ထွက်‌ပြေးခို လှုံခဲ့သည်ဟု ထိုင်းနယ်စပ်အ‌ခြေစိုက် သတင်းဌာနများက ‌ဖော်ပြခဲ့သည်။

ကျိုက်ဒုံမြို့နယ်ခွဲအတွင်း ရက်သတ္တပတ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်‌နောက်ပိုင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား ပစ် ခတ်မှုများ ဖြစ်ပွားလျှက်‌သော်လည်း ‌နောက်ထပ် အရပ်သား ထိခိုက်‌သေဆုံးမှုများ မရှိ‌တော့‌ကြောင်း KHRG က ‌ပြောသည်။