Home ထိပ်တန်းသတင်း ကျိုက်ဒုံ‌ဒေသခံရွာသား ၂၀၀‌ကျော် တိုက်ပွဲ‌ကြောင့် နယ်စပ်သို့တိမ်း ‌ရှောင်

ကျိုက်ဒုံ‌ဒေသခံရွာသား ၂၀၀‌ကျော် တိုက်ပွဲ‌ကြောင့် နယ်စပ်သို့တိမ်း ‌ရှောင်

1670
‌မေလ ၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲတွင် ယ‌နေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေ‌သော‌ကြောင့် ‌ဒေသခံရွာသား ၂၀၀‌ကျော်မှာ ထိုင်းနယ်စပ်၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်လာခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်‌နေ့က ကျိုက်ဒုံမြို့နယ်ခွဲရှိ မိတန်နှင့် မိနန်းအပ်‌ကျေးရွာကြားတွင် ဖြစ်ပွားခဲ့သည့် ဒီ‌ကေဘီ‌အေ တပ်မ ဟာ(၅)တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ကြား ပစ်ခတ်မှုသည် ယ‌နေ့အချိန်ထိ ဆက်လက်ဖြစ်ပွား‌သော‌ကြောင့် ရွာသားများ ယခုလို ပိုင် ခလန်‌ကျေးရွာနှင့် နို့ဖိုးဒုက္ခသည်စခန်းအတွင်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်လာခြင်းဖြစ်‌ကြောင်း နို့ဖိုးစခန်း အတွင်း‌ရေးမှူး ‌စောသူး‌လေ ဒိုစိုးက ‌ပြောသည်။

၎င်းက “အခု နို့ဖိုးစခန်းမှာ‌ရောက်တာ အ‌ယောက် (၃၀)ပဲရှိ‌သေးတယ်။ ပိုင်ခလန်ရွာမှာဆို အ‌ယောက် ၂၀၀‌ကျော်‌လောက် ရှိပြီ။ ‌လော‌လောဆယ် စခန်းထဲမှာ ‌ရောက်တဲ့လူ‌တွေကို‌တော့ အ‌ရေး‌ပေါ်အကူအညီတခုအ‌နေနဲ့ ကျ‌နော်ကူညီ‌ထောက်ပံ့‌ပေး ထား တယ်။”ဟု ‌ပြောသည်။

အလားတူ ပိုင်ခလန်ရွာသားတစ်ဦးက “ရွာမှာ အ‌ယောက် တစ်ရာ‌ကျော်‌လောက်ရှိမယ် ထင်တယ်။ တိုက်ပွဲက ဆက်ဖြစ်‌နေတုန်းဆို ‌တော့ ထပ်တက်လာဖို့‌တောင် ရှိအုံးမယ်။ ထိုင်းအာဏာပိုင်‌တွေက‌တော့ ဒီအတိုင်းပဲလွှတ်ထားတယ်။ ဘာမှ အ‌နှောက်အယှက်‌ပေး တာတို့ မ‌တွေ့ရဘူး။”ဟု ‌ပြောသည်။

ထိုင်းနယ်စပ်တွင် ထွက်‌ပြေး‌ရောက်ရှိလာသည့် ၎င်းရွာသူရွာသားသည် တိုက်ပွဲဖြစ်ပွားရာ မိနန်းအပ်နှင့် အဇင်း စသည့်‌ကျေးရွာများ မှ ရွာသားများဖြစ်ပြီး အများစုမှာ အမျိုးသမီးနှင့် က‌လေးငယ်များဖြစ်ကြသည်ဟု သိရသည်။

ထိုင်းနှင့် မြန်မာနယ်စပ်တ‌နေရာဖြစ်သည့် ပိုင်ခလန်‌ကျေးရွာသည် နို့ဖိုးဒုက္ခသည်စခန်း၏ အ‌နောက်‌တောင်ဘက်ခြမ်းတွင်ရှိပြီး ကား ဖြင့်သွားလျှင် ၄၅မိနစ်ခန့် ‌မောင်းနှင်ရသည်။

မြန်မာအစိုးရစစ်တပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဆက်လက် ဖြစ်ပွား‌နေသည့် ပစ်ခတ်မှုများ‌ကြောင့် မြန်မာနိုင်ငံသား ၄၀၀‌ကျော် ထိုင်းနယ်စပ်၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်လျှက်ရှိသည်ဟု နယ်စပ်အ‌ခြေစိုက် ထိုင်းသတင်း ရပ်ကွက်က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ရက်‌နေ့က အစိုးရစစ်တပ်နှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုအတွင်း အရပ်သား ၁ဦး ‌သေဆုံး ပြီး ၁ဦး ထိခိုက်ကာ အစိုးရစစ်တပ်ဘက်မှ ၃၆ဦး ထိခိုက်‌သေဆုံးခဲ့သည်ဟု ဒီ‌ကေဘီ‌အေ သတင်းရပ်ကွက်က ဆိုသည်။