Home သတင်း ကြိုးနီစနစ် မ‌ပျောက်‌သေး‌သော ကရင်ပြည်နယ်မှ မြဝတီ

ကြိုးနီစနစ် မ‌ပျောက်‌သေး‌သော ကရင်ပြည်နယ်မှ မြဝတီ

2710
မြဝတီမြို့ခံ ကရင်‌လေး

၂၀၁၁ခုနှစ် ဧပြီလ (၁)ရက်‌နေ့မှာ အနိုင်ရပါတီက‌နေ အစိုးရအသစ် ဖွဲ့စည်းပြီး စစ်ယူနီ‌ဖောင်းချွတ်ကာ အရပ်ဝတ်ဖြင့် စတင် အုပ်ချုပ်တာကို တီဗွီနဲ့ သတင်းစာမှာ ဖတ်ရပါတယ်။ နိုင်ငံတကာ အများအမြင်မှာ‌တော့ အရပ်သားအုပ်ချုပ်‌ရေးလို့ မြင်ကြ‌ပေမဲ့ ကျ‌နော်တို့ ကရင်ပြည်နယ်မှာ‌တော့ စစ်အုပ်ချုပ်‌ရေးအတိုင်း အုပ်ချုပ်တာကို ‌တွေ့ရပါတယ်။ ဝန်ကြီးချုပ်က စစ်တပ်ကပဲ ဖြစ်‌နေ လို့ပါ။

နိုင်ငံ‌ရေးပါတီ‌တွေဖြစ်တဲ့ ပြည်ခိုင်ဖြိုး၊ ဖလုံစ‌ဝေါ်၊ တစည၊ ကရင်ပါတီ(၂)ခုနဲ့ မွန်ပါတီတို့ဟာ ဘယ်သူမှ အနိုင်မရကြလို့ စစ်တပ် ကပဲ အုပ်ချုပ်သွားတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်က ပြည်ခိုင်ဖြိုးပါတီက မဟုတ်ပါဘူး။ ဝန်ကြီးချုပ်နဲ့ ပြည်ခိုင်ဖြိုးနဲ့လည်း မတည့်ကြဘူးလို့ သိရပါတယ်။ ဝန်ကြီးချုပ်တဖြစ်လည်း ကရင်(ပယက)ဥက္ကဌဟာ ယခင် ‌အေးချမ်းဖွံ့ဖြိုး‌ရေး‌ကောင်စီ လက် ထက်မှာပင် ဝန်ထမ်းများကို ထိုးကြိတ်၊ ပိတ်ကန်၊ ပါးရိုက်ကာ ဂျပန်‌ခေတ် အုပ်ချုပ်‌ရေးစာအုပ်ကို အလွတ်ကျက်မှတ်ပြီး အုပ် ချုပ်လျက်ရှိတာလို့ ကရင်ပြည်သူ‌တွေက ‌ပြောကြပါတယ်။ အခုလည်း ဝန်ကြီးချုပ်အ‌နေဖြင့် ‌နောက်ထပ် ၅နှစ် အုပ်ချုပ်မှာဖြစ် တဲ့အတွက် အနားမှာရှိတဲ့ ပါတီက တက်လာတဲ့ ဝန်ကြီး‌တွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲများ ဘယ်သူပါးရိုက်ခံရမလဲ။ ဘယ်သူ ဆွဲထိုးကြိတ်ခံရမလဲ ဆိုတာကို နားစွင့်‌နေရမှာပါ။ ကရင်ပြည်သူ‌တွေက‌တော့ ‌လေ့လာ‌စောင့်ကြည့်‌နေပါတယ်။ ယခင် ပယပ ဥက္ကဌလုပ်တုန်းကလည်း ကရင်ပြည်နယ်မှာ ဘာမှ မတိုးတက်ခဲ့ပါဘူး။ တစ်ဖက်ထိုင်းနိုင်ငံကို အားကိုးပြီး လုပ်ကိုင်စား‌သောက် ‌နေရတာ အများအမြင်ပါပဲ။ နိုင်ငံပိုင်‌မြေ‌တွေပဲ ‌ခေါင်းစဉ် အမျိုးမျိုးတက်ကာ လိုက်လံသိမ်းဆည်းပြီး ‌ရောင်းစားတာကိုပဲ ‌တွေ့ရ ပါတယ်။

ယခု ဦးသိန်းစိန် သမ္မတလက်ထက်မှာ‌တော့ ကရင်ပြည်နယ်မှာရှိတဲ့ ခရိုင်/မြို့နယ်‌တွေမှာ စစ်မှန်တဲ့ ဒီမိုက‌ရေစီလမ်း‌ကြောင်း ‌ပေါ်သို့ ညင်သာစွာ မသွားဘဲ ကြိုးနီစနစ်ကို ကျင့်သုံးပြီး အာဏာပိုင်လို့ စကားလုံးသုံးနှုန်းကာ လက်သံ‌ပြောင် အုပ်ချုပ်‌နေသူ မှာ‌တော့ မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူးဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို မ‌ကျေညက်‌သေးဘူးလို့ ‌ဝေဖန်သုံးသပ်သူ‌တွေက ‌တော့ တီးတိုး‌ပြော‌နေကြပါတယ်။ မကြာ‌သေးမီက အခမ်းအနားတစ်ခုမှာ ကျ‌နော်တို့သွား‌ရောက်တက်ခဲ့ပါတယ်။ ဝန်ထမ်းတစ် ချို့ မသိလို့ မလာကြတာလား။ ခရိုင်အုပ်ချုပ်‌ရေးမှူးက ရိုင်းလို့မလာတာလား‌တော့ မသိဘူး။ သူ့ထက် အသက်အလွန်ကြီးတဲ့ ဝန်ထမ်း‌တွေကို မိုက်ရိုင်းစွာ ‌ပြောဆို‌နေတာကို ကျ‌နော်တို့ အပြင်လူ‌တွေ ကြားလိုက်ရ‌တော့ အလွန်ပဲ အံ့ဩသွားပါတယ်။ ကျ ‌နော်တို့အပြင်လူ‌တွေ‌တောင် အသက်အရွယ်ကြီးတဲ့သူ‌တွေအ‌ပေါ် ဗုဒ္ဓဘာသာအရ ‌လေးစားစွာ ‌ပြောဆိုဆက်ဆံရမှာကို သိပါ တယ်။ သူ့အထက်က လူကြီး‌တွေ မသွန်သင်လိုက်တာ ဖြစ်မှာပဲလို့သာ ‌တွေးမိပါတယ်။

ဝန်ထမ်း‌တွေအ‌ပေါ်လည်း မိုက်ရိုင်စွာ ဆက်ဆံ‌ပြောဆိုသလို မြို့ခံပြည်သူ‌တွေအ‌ပေါ်လည်း ‌နွေး‌ထွေးစွာ မရှိပါဘူး။ လူလယ် ‌ခေါင်မှာ သူ့ရဲ့မိုက်ရိုင်းတဲ့ ‌ပြောဆိုမှု‌ကြောင့် ဝန်ထမ်း‌တွေဟာ ငရဲခံစားရသလို ‌နောက်လိုက်လည်း မလိုက်ချင်ကြတာကို အကဲ ခတ်မိပါတယ်။

ကျ‌နော်တို့ မြို့ခံပြည်သူ‌တွေအ‌နေနဲ့ သူတို့လုပ်တဲ့ အခမ်းအနားကို မတက်ချင်ပါဘူး။ ကိုယ့်မြို့ကိုယ့်ရွာအ‌နေဖြင့် လှူ‌ပေး၊ လုပ် ‌ပေးချင်‌ပေမဲ့ မ‌ကောင်းတဲ့ အာဏာရှင်ဆိုရင်လည်း ‌တွေးပြီး အလွန်စိတ်ပျက်မိပါတယ်။ ဒါ‌ပေမဲ့ ခရိုင်အုပ်ချုပ်‌ရေးမှူးရဲ့ ထူးချွန် ‌ပြောင်‌မြောက်မှုက‌တော့ သဃင်္န်းညီ‌နောင် တံတားကျိုးစစ်တပ်ရဲ့ ဂိတ်‌ပေါက်‌တွေကို အာဏာသိမ်းလိုက်နိုင်တာ ‌တွေ့လိုက်ရ ‌တော့ အထူးကို ‌လေးစားသွားပါတယ်။ တစ်ခု‌တော့ ‌တွေးမိပါတယ်။ ဘယ်ပါတီကိုမှလည်း မ‌ထောက်ခံ၊ ဘယ်ပါတီကိုမှလည်း မနှစ်သက်၊ ကိုယ်ကြီးပြင်းခဲ့ရတဲ့ စစ်တပ်ကို‌တောင်မုန်းတဲ့ ခရိုင်အုပ်ချုပ်‌ရေးမှူးကျ‌တော့ ဘာဖြစ်လို့ အ‌ချောင်အာဏာရသွား တာလည်းလို့ပဲ ‌တွေး‌နေမိပါတယ်။