Home ထိပ်တန်းသတင်း ၂၆နှစ်‌မြောက် KWO ‌နေ့ ကျင်းပပြီးစီး

၂၆နှစ်‌မြောက် KWO ‌နေ့ ကျင်းပပြီးစီး

1499
ဧပြီလ ၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယ‌နေ့ ဧပြီလ ၅ရက်‌နေ့၌ ကျ‌ရောက်‌သော ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ ၂၆နှစ်‌မြောက် တည်‌ထောင်ခြင်းပြည့် အခမ်းအနားတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တ‌နေရာတွင် ကျင်းပခဲ့ရာ လူထုပရိဿတ် ၁၀ဝ ဝန်းကျင် တက် ‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် KWO ဒုဥက္ကဌ ‌နော်‌ဖော‌ဒေးတိုးမှ အမှာစကား ‌ပြောကြားခြင်း၊ ဥက္ကဌ၏မိန့်ခွန်း၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန် မာနိုင်ငံ) WLB ၏ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ KWO ‌နေ့ ဖြစ်‌ပေါ်လာပုံနှင့် အဖွဲ့၏ လုပ်ငန်းလှုပ်ရှားမှုများကို ရုပ်သံမှတ် တမ်းဖြင့် တင်ဆက်ပြသခဲ့ကြပြီး လက်ကမ်းစာ‌စောင်များ၊ မဂ္ဂဇင်းနှင့် အစီရင်ခံစာများကို ဖြန့်‌ဝေထားခဲ့ကြသည်။

အခမ်းအနားတွင် KWO တွဲဘက်အတွင်း‌ရေးမှူး(၁) ‌နော်ဘလူးမင်နိုက်ဇံက ကရင်အမျိုးသမီးများသည် အဖိနှိပ်ခံဘဝမှ အမျိုး သမီးအခွင့်အ‌ရေး ရရှိ‌ရေးအတွက် တဖြည်းဖြည်း ကြိုးပမ်းရပ်တည်လာခဲ့ရာ အ‌ရေးပါသည့် အခန်းကဏ္ဍသို့ ‌ရောက်ရှိလာပြီဟု ယခုလို ‌ပြောသည်။

“ကျမတို့ အမျိုးသမီး‌တွေဟာ ဖိနှိပ်ချုပ်ချယ်မှု‌အောက်က‌နေ မလွတ်‌မြောက်‌သေး‌ပေမဲ့ ကျမတို့ ကရင်ထဲမှာ အမျိုးသမီး‌တွေ ဦး‌ဆောင်လာနိုင်မှု‌တွေ ရှိလာတာကို ‌တွေ့ရတယ်။ ခရိုင်အဆင့်ထဲမှာ၊ ဒုက္ခသည်စခန်းထဲမှာနဲ့ တချို့လည်း နိုင်ငံတကာလှည့် ပြီး‌တော့ Advocacy ပညာ‌ပေးလုပ်ငန်း‌တွေမှာ အများကြီး ပါဝင်လာနိုင်တာ ‌တွေ့ရတယ်။ ‌ရှေ့လုပ်ငန်းစဉ်ဆိုရင် ကျမတို့အဖွဲ့ ချမှတ်ထားတဲ့ ရည်ရွယ်ချက်နဲ့အတူ (၅)ကြိမ်‌မြောက် ကွန်ဂရက်မှာ ချမှတ်ထားတဲ့အတိုင်း သွားမှာပါ။”ဟု သူမက ‌ပြောသည်။

KWO အ‌နေဖြင့် ယ‌နေ့ ထုတ်ပြန်ခဲ့သည့် ‌ကြေညာချက်၌ ၂၀၁၀‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်း ဖြစ်‌ပေါ်လာသည့် စစ်‌ရေးပဋိပက္ခများ ‌ကြောင့် အမျိုးသမီးနှင့် က‌လေးများ ဆင်းရဲဒုက္ခ ရင်ဆိုင်‌နေရပြီး ကရင်ပြည်နယ်၏ ‌ဒေသများတွင်လည်း စစ်တပ်က အမျိုးသမီး များကို လုပ်အား‌ပေး‌ပေါ်တာအဖြစ် အသုံးပြုမှု၊ အဓမ္မပြုကျင့်မှုများရှိ‌နေပြီး လက်ရှိ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများမှာလည်း ဆက်လက် ဖြစ်ပျက်‌နေသည်ဟု ထည့်သွင်း‌ဖော်ပြထားသည်။

မြန်မာပြည်တွင် လူ့အခွင့်အ‌ရေးနှင့် ရာဇဝတ်မှုများ ကျူးလွန်‌နေသည့် စစ်အုပ်စုသည် ‌ရွေး‌ကောက်ပွဲလွန်ကာလ လွှတ်‌တော်အ စည်းအ‌ဝေး ‌ခေါ်ယူကျင်းပကာ အရပ်သားအစိုးရသစ်ဟူ၍ ‌ရွေးချယ်ဖွဲ့စည်းလိုက်ပြီဖြစ်‌သော်လည်း အစိုးရသစ်ထဲတွင် အမျိုး သမီးဦး‌ရေနှင့် တိုင်းရင်းသားကိုယ်စားလှယ် အနည်းငယ်မျှသာ ပါဝင်ကာ ကြံ့ဖွတ်ပါတီမှ လွှတ်‌တော်ကိုယ်စားလှယ်များသာ အစိုးရသစ်အဖွဲ့တွင် ပါဝင်‌နေခြင်းအ‌ပေါ် KWO အ‌နေဖြင့် လက်မခံ‌ကြောင်းလည်း ‌ကြေညာချက်တွင် ပါရှိသည်။

၎င်းအပြင် မြန်မာပြည်တွင် ပြည်တွင်းစစ်နှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ချက်ချင်းရပ်တန့်‌ရေးအတွက် စစ်အာဏာ‌နောက် ခံထားသည့် အစိုးရသစ်အ‌နေဖြင့် လက်‌တွေ့လုပ်‌ဆောင်ရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း အစိုးရသစ်ကို ဝိုင်းဝန်းဖိ အား‌ပေးပါရန် KWOမှ တိုက်တွန်းထားသည်။

‌နော်ဘလူးမင်းနိုက်ဇန်က “အခု အစိုးရသစ်နဲ့ပတ်သက်ပြီး ‌ပြောချင်တာက‌တော့ လူပဲ‌ပြောင်းတာ မူက‌တော့ အရင်အတိုင်းပဲ သွားမှာပဲ။ ကျမတို့ တိုင်းရင်းသူအမျိုးသမီးအ‌ပေါ်မှာလည်း အရင်ကလို သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ လုပ်အား‌ပေးခိုင်း‌စေမှုစတဲ့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေ ဆက်လက်ကျူးလွန်အုံးမယ်။ ဒါ‌တွေက ရပ်တန့်ဖို့လို‌နေပြီ။”ဟု ‌ပြောဆိုသည်။

ကရင်အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်းများ၊ အမျိုးသမီးနှင့် က‌လေးသူငယ် အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှု များ ပ‌ပျောက်‌စေရန်အတွက် လုပ်‌ဆောင်‌ပေး‌နေသည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)ကို ဖားအံခရိုင်အတွင်းရှိ ‌ကေအဲန် ယူ ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် ၁၉၈၅ခုနှစ်က ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။