Home ထိပ်တန်းသတင်း အဖမ်းခံရသည့် က‌နေဒါနိုင်ငံ သားအား ‌နေပြည်‌တော်သို့ ပို့‌ဆောင်လိုက် ပြီ

အဖမ်းခံရသည့် က‌နေဒါနိုင်ငံ သားအား ‌နေပြည်‌တော်သို့ ပို့‌ဆောင်လိုက် ပြီ

2064
ဧပြီလ ၁ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ ‌ဝေါ်‌လေ‌ဒေသတွင် ဖမ်းဆီးခံထားရသည့် က‌နေဒါနိုင်ငံသား ရွန်နိုရွန်နိုကို နအဖစစ်တပ်က ယခု ‌နေပြည်‌တော်သို့ ပို့‌ဆောင်လိုက်ပြီဖြစ်‌ကြောင်း နယ်စပ်မှ လာသည့်သတင်းအရ သိရသည်။

အဆိုပါ က‌နေဒါနိုင်ငံသားသည် ပြီးခဲ့သည့် မတ်လ ၂၃ရက်‌နေ့က ထိုင်းဘက်ခြမ်း ‌မောကဲစစ်‌ဆေး‌ရေးဂိတ်‌နေရာမှ‌နေ၍ မြန်မာ ဘက်ခြမ်းရှိ ‌ဝေါ်‌လေ‌ကျေးရွာအတွင်းသို့ ဝင်‌ရောက်ကာ ရွာသူရွာသားများနှင့် လူ‌နေအိမ်များကို ဓါတ်ပုံလိုက်ရိုက်‌နေစဉ် နအဖ စစ် တပ်မှ ၎င်းအား ဖမ်းဆီးလိုက်ပြီး‌နောက် ‌နေပြည်‌တော်သို့ ပို့‌ဆောင်ရန် မတ်လ ၂၈ရက်‌နေ့က ‌ဝေါ်‌လေ‌ကျေးရွာမှ ထွက်ခွာသွားပြီး ဖြစ်သည်ဟု ‌ဒေသခံတဦးက ‌ပြောသည်။

သူက “နအဖ အာဏာပိုင်‌တွေက‌တော့ သူ့ကို တရားမဝင် နယ်‌ကျော်မှုရယ်၊ KNU၊ DKBA အဖွဲ့‌တွေနဲ့ ဆက်စပ်တဲ့ သတင်း ‌ထောက်တစ်‌ယောက်အ‌နေနဲ့ စွပ်စွဲထားတယ်ထင်တယ်။ သူ့ကို ‌နေပြည်‌တော်ကိုပို့ဖို့ မတ်လ ၂၈ရက်‌နေ့ကတည်းက ဒီက‌နေ ထွက် သွားပြီ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဖမ်းခံရသည့် အဆိုပါနိုင်ငံခြားသားမှာ သတင်း‌ထောက်တစ်ဦးဖြစ်‌ကြောင်း ဘီဘီစီသတင်းဌာနက ‌ဖော်ပြထားပြီး ထိုင်းတာဝန်ရှိ သူများက သူ ပြန်လည်လွတ်‌မြောက်လာ‌ရေးအတွက် ကြိုးပမ်းခဲ့သည့်ကြားမှ ယခုလို ‌နေပြည်‌တော်သို့ အပို့ခံလိုက်ရခြင်းဖြစ်သည် ဟု သိရသည်။