Home ထိပ်တန်းသတင်း ဒုအရာခံဗိုလ် ပါဝင်သည့် နယ်ခြား‌စောင့် ၁၂ဦး ‌ကေအဲန်ယူထံ ထွက်‌ပြေးလာ

ဒုအရာခံဗိုလ် ပါဝင်သည့် နယ်ခြား‌စောင့် ၁၂ဦး ‌ကေအဲန်ယူထံ ထွက်‌ပြေးလာ

1840
ဧပြီလ ၂၂ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီမြို့ နယ်စပ်‌ဒေသရှိ နယ်ခြား‌စောင့်တပ်(၁၀၁၆)မှ တပ်ဖွဲ့ဝင် ၁၂ဦးသည် လက်နက်ကိုယ်စီဖြင့် ကရင်အ မျိုးသားအစည်းအရုံး တပ်မဟာ(၇)ထံသို့ ယမန်‌နေ့က ထွက်‌ပြေးလွတ်‌မြောက်လာခဲ့သည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စော ‌ဂျော်နီက ‌ပြောသည်။

၎င်းက “နယ်ခြား‌စောင့် ၁၂‌ယောက် ကျ‌နော်တို့ တပ်မဟာ(၇)ကို မ‌နေ့က ည‌နေ ၄နာရီ‌လောက်မှာ ထွက်‌ပြေးလာတယ်။ အဲဒီ အထဲမှာ ဒုအရာခံဗိုလ် တစ်‌ယောက်ပါတယ်။ သူတို့နဲ့အတူ ‌မော်တာတစ်လက် အပါအဝင် လက်နက် ၁၃လက် ပါလာတယ်။” ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များထဲတွင် ဒုအရာခံဗိုလ် ၁ဦးနှင့် တပ်ကြပ် ၁ဦး ပါဝင်ပြီး ၎င်းတို့ယူ‌ဆောင်လာသည့် လက် နက်ခဲယမ်းများမှာ M-16 ၄လက်၊ AK-47 ၆လက်၊ ကျည်ဆံ ၆၈၃‌တောင့်၊ ကာဘိုင် ၂လက်၊ M-79 ၁လက်နှင့် ၎င်းကျည် ၁၇ လုံးတို့ဖြစ်သည်ဟု သိရသည်။

ယင်းသို့ထွက်‌ပြေးလာသည့် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များထဲတွင် အသက် ၁၅နှစ်နှင့် ၁၆နှစ်အရွယ် က‌လေးစစ်သားနှစ်ဦး ပါဝင် ပြီး ၎င်းတို့မှာ နယ်စပ်ရှိ ကလို့‌ယော်ထာ့‌နေရာတွင် တာဝန်ကျသည့် ဗိုလ်မှူးမြတ်ခိုင် ဦးစီး‌သော နယ်ခြား‌စောင့်တပ်(၁၀၁၆) တပ်ရင်းမှဖြစ်‌ကြောင်း ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီး‌စောမျိုးမင်းသူက ယခုလို ‌ပြောသည်။

“အခု ပြန်‌ရောက်လာတဲ့ နယ်ခြား‌စောင့်အဖွဲ့ဝင်‌တွေက (၁၀၁၆)တပ်ရင်းကလူ‌တွေချည်းပါပဲ။ ၅‌ယောက်၊ ၆‌ယောက်‌လောက်က ‌တော့ ကျ‌နော်တို့နဲ့အတူ တိုက်ပွဲဆက်ဝင်မယ်လို့ ‌ပြောတယ်။ အသက်မပြည့်တဲ့ က‌လေးနှစ်‌ယောက်က စစ်သားဆက်လုပ်ချင် ‌ပေမဲ့ ကျ‌နော်တို့ လက်မခံ‌သေးဘူး။”ဟု ‌ပြောဆိုသည်။

ယခု ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေသို့ နယ်ခြား‌စောင့်တပ်(၁၀၁၅)၊ (၁၀၁၆)နှင့် (၁၀၁၉)တပ်ရင်းများမှ ထွက်‌ပြေးလာသည့် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ၄၇ဦးရှိပြီး ဧပြီလထဲ၌ အ‌ယောက် ၂ဝနီးပါး ထွက်‌ပြေး ‌ရောက်ရှိလာသည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)မှတ်တမ်းများအရ သိရသည်။