Home ထိပ်တန်းသတင်း တပ်အင်အားဖြည့်ရန် BGF က တပ်သားသစ်ထပ်‌ကောက်ခံ

တပ်အင်အားဖြည့်ရန် BGF က တပ်သားသစ်ထပ်‌ကောက်ခံ

2087
ဧပြီလ ၁၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်ရှိ နယ်ခြား‌စောင့်တပ်-BGF ၏ အကြံ‌ပေးပုဂိ္ဂုလ် ‌စောချစ်သူက မြဝတီမြို့နယ်အတွင်းရှိ ‌ကျေးရွာများမှ တာ ဝန်ရှိသူများကို ဧပြီလ ၈ရက်‌နေ့က ‌ရွှေကုက္ကိုရွာတွင် ‌ခေါ်ယူကာ တပ်သားသစ် ၇၅ဦး ‌တောင်းခံထား‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

နယ်ခြား‌စောင့်တပ်သည် ၎င်းတို့၏ တပ်အင်အားဖြည့်ရန်အတွက် ယခုလို တပ်သားသစ် ‌တောင်းခံခြင်းဖြစ်ပြီး ဧပြီလ ၂၇ ရက်‌နေ့တွင် ၎င်းတို့ထံ အ‌ရောက်ပို့‌ပေးရမည်ဟု ‌ပြောဆိုခဲ့‌ကြောင်း ‌ဒေသခံအချို့က ‌ပြောသည်။

ယင်းသို့ တပ်သားသစ် ‌ကောက်ခံရာတွင် နဘူးမြို့နယ် မယ်ပလဲ့တို‌ဒေသအတွင်းရှိ ‌ရွှေကုက္ကိုရွာမှ ၂ဝဦး၊ ထီးဝါ့ဘ‌လောရွာ မှ ၁၂ဦး၊ ကယ်‌ဝေါ်ရွာမှ ၁ဝဦး၊ လို့‌ဘောရွာမှ ၇ဦး၊ ထီးချားရာရွာမှ ၅ဦး၊ ကျ‌ဝေါ်ခို့ရွာမှ ၄ဦး၊ သဲပုံရွာမှ ၄ဦး၊ ထီးဟို‌ထောရွာမှ ၃ဦး၊ သီ့ဝါးပူရွာမှ ၃ဦး၊ ဖားကျူရွာမှ ၃ဦး၊ သက္ကာရရွာမှ ၂ဦး၊ မဲပလဲ့ထာ့ရွာမှ ၁ဦးနှင့် ‌တောအူရွာမှ ၁ဦးဖြစ်‌ကြောင်း ကရင်အ မျိုးသားအစည်းအရုံး(KNU)၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

နဘူးမြို့နယ်မှာ KNU ၏ နယ်နိမိတ်သတ်မှတ်ချက်အရ ဖားအံခရိုင်တွင် တည်ရှိ‌သော်လည်း မြန်မာအစိုးရ၏ သတ်မှတ် ချက်အရ မြဝတီမြို့ နယ်နိမိတ်ဖြစ်သည်။

KNU ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက “BGF က တပ်သားသစ်ကို အဲလိုသတ်မှတ်ထားပြီး ‌ခေါ်မရတဲ့သူ‌တွေ ကို ဘတ်‌ငွေ တစ်သိန်း‌ပေးရမယ်လို့ ကျ‌နော်တို့ ကြားတယ်။ သူတို့တပ်ထဲမှာ ထွက်‌ပြေးတဲ့သူများလာ‌တော့ တပ်သားသစ် ‌တွေ ထပ်‌ကောက်ခံတာ‌ပေါ့။ ‌မောင်ချစ်သူဟာ တပ်ကလူ မဟုတ်‌တော့‌ပေမဲ့ သူက အကြံ‌ပေးပုဂ္ဂိုလ်ဖြစ်တဲ့အခါကျ‌တော့ သူ့ မှာ ဩဇာအပြည့်ရှိ‌သေးသလို တပ်အ‌ကြောင်းလည်း သိတဲ့အ‌နေအထား‌ပေါ်မှာ သူပဲ ဒီတပ်သားသစ်‌ကောက်တဲ့ကိစ္စကို ဝင်ကိုင်‌နေတာပဲ။”ဟု ‌ပြောသည်။

‌ကေအဲန်ယူ ဖားအံခရိုင် တပ်မဟာ(၇)နယ်‌မြေတွင် ၂၀၁၁ခုနှစ်၊ ဧပြီလ ၆ရက်အထိ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ၅၁ဦး ထွက် ‌ပြေး‌ရောက်ရှိလာခဲ့သည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)၏ မှတ်တမ်းများအရ သိရသည်။

BGF တပ်သားသစ် ‌ကောက်ခံသည့် ‌ဒေသမှ ရွာသားတစ်ဦးက “တပ်ထဲဝင်ဖို့ သွားမယ့်သူလည်း မရှိ‌တော့ဘူး။ ကရင်အ ချင်းချင်း တိုက်ရမှာဖြစ်တဲ့အတွက်လည်း ဘယ်သူမှမသွားချင်ကြဘူး။”ဟု ဆိုသည်။

ယင်းသို့ တပ်သားသစ်‌ကောက်ခံသည့် သတင်းထွက်‌ပေါ်‌နေသည်ကို မြဝတီမြို့နယ် ‌ရွှေကုက္ကို‌ကျေးရွာရှိ BGF တပ်မှူးတစ် ဦးထံ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ ထိုသတင်းမှာ မဟုတ်မှန်‌ကြောင်းနှင့် ၎င်းတို့အ‌နေဖြင့် တပ်သားသစ် ‌ကောက်ခံ ခြင်း အစီအစဉ် တစုံတရာ မရှိ‌ကြောင်း ပြန်လည်‌ပြောဆိုခဲ့သည်။

‌စောချစ်သူ ဦး‌ဆောင်သည့် ယခင် ဒီ‌ကေဘီ‌အေ တပ်မဟာ-၉၉၉ သည် ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၊ ‌မေလကလည်း ဖားအံခရိုင် ပိုင်ကျုံမြို့နယ်အတွင်းရှိ ‌ကျေးရွာများတွင် တပ်သားသစ်စု‌ဆောင်းမှု တကြိမ် ပြုလုပ်ခဲ့‌သေးသည်။