Home ထိပ်တန်းသတင်း စစ်မက်ဖြစ်ပွားသည့် ကရင်‌ဒေသတွင် ၃လအတွင်း အရပ်သား ၈ဦး‌သေဆုံး

စစ်မက်ဖြစ်ပွားသည့် ကရင်‌ဒေသတွင် ၃လအတွင်း အရပ်သား ၈ဦး‌သေဆုံး

1796
ဧပြီလ ၁၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

စစ်‌ရေးပဋိပက္ခဖြစ်ပွား‌နေသည့် ကရင်‌ဒေသများတွင် ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ၃လအတွင်း မြန်မာအစိုးရ စစ်တပ် များ၏ ပစ်ခတ်၊ သတ်ဖြတ်ခြင်း‌ကြောင့် အရပ်သားလူ ၈ဦး ‌သေဆုံးခဲ့ပြီး အမျိုးသမီး ၁ဦး အဓမ္မပြုကျင့်ခံရသည်ဟု ယ‌နေ့ထုတ် ပြန်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု အစီရင်ခံစာအရ သိရသည်။

အစီရင်ခံစာ၏ စာရင်း‌ဖော်ပြချက်အရ ပြီးခဲ့သည့် ဇန်နဝါရီလမှ မတ်လအထိ KNU ထိန်းချုပ်နယ်‌မြေ ‌တောင်ငူခရိုင်တွင် ဝင် ‌ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ်များမှ ‌ဒေသခံရွာသား ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အိမ်‌ထောင်သည်အမျိုးသမီး ၁ဦးကို လည်း အဓမ္မပြုကျင့်ခဲ့သလို ‌ညောင်‌လေးပင်ခရိုင်နှင့် ဖာပွန်ခရိုင်တို့တွင် ရွာသား ၁ဦးစီ အသတ်ခံရသည်ဟု ဆိုသည်။

အလားတူ ဒူးပလာယာခရိုင်တွင်လည်း ဝင်‌ရောက်လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်များက ‌ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်မှု‌ကြောင့် အသက် ၂၆နှစ်အရွယ် ရွာသစ်ကုန်းရွာသူ ၁ဦး ‌သေဆုံးခဲ့သလို သဲထာရွာသူ ၁ဦး ‌မြေမြှပ်မိုင်းနင်းမိကာ ‌သေ ဆုံးခဲ့‌ကြောင်းလည်း အစီရင်ခံစာတွင် ‌ဖော်ပြပါရှိသည်။

ထို့အပြင် KNU လက်‌အောက်ခံနယ်‌မြေ၊ ဖားအံခရိုင်တွင်မူ ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလအတွင်း၌ ထို‌ဒေသရှိ နယ်ခြား‌စောင့်တပ် (၁၀၁၅)တပ်ရင်းမှ ‌ဒေသခံရွာသား ၁ဦးအား သတ်ဖြတ်ခဲ့‌ကြောင်း ထိုအစီရင်ခံစာ ‌ဖော်ပြချက်အရ သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ KNU ထိန်းချုပ်ရာ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံခရိုင်တို့တွင် ယခုနှစ် ဆန်းပိုင်း၌ မြန်မာအစိုးရစစ်တပ်များ ပိုမိုဝင်‌ရောက်လာသည်နှင့်အမျှ ‌ဒေသခံလူထုများကို လုပ်အားခိုင်း‌စေခြင်း၊ မိုင်းရှင်းခိုင်း ခြင်းအပြင် ‌ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ချခြင်းကြာင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ‌ဒေသခံများထဲတွင် ဆယ်‌ကျော် သက်လူငယ်များလည်း ပါဝင်‌ကြောင်း ‌ကေအဲန်ယူ၏ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။