Home ထိပ်တန်းသတင်း ကရင်ပြည်နယ်ထွက် ခ‌နောက်စိမ်း‌ကျောက် ကို ကုမ္ပဏီများ တူး‌ဖော်‌နေ

ကရင်ပြည်နယ်ထွက် ခ‌နောက်စိမ်း‌ကျောက် ကို ကုမ္ပဏီများ တူး‌ဖော်‌နေ

2878
မတ်လ ၃၁ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ခ‌နောက်စိမ်း‌ကျောက်များ ထွက်ရှိသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မတ်လဆန်းပိုင်းမှစ၍ မြန်မာပြည်တွင်းရှိ ကုမ္ပဏီနှစ်ခုက သက်ဆိုင်ရာ ‌ဒေသခံတာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး မိုင်းတူး‌ဖော်‌ရေးလုပ်ငန်းများ လုပ်‌ဆောင်လျှက်ရှိ‌ကြောင်း သိရ သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တ‌မော်သဲ‌ဒေသတွင် ခ‌နောက်စိမ်း‌ကျောက်များ တူး‌ဖော်ရန် သုဝဏ္ဏ‌မြေဆီကုမ္ပဏီနှင့် လင်းဖုန်းပြည် ကုမ္ပဏီနှစ်ခုသည် ယခုနှစ်အ‌စောပိုင်းက ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေ၊ ဒူးပလာယာခရိုင်မှ သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များနှင့် လာ‌ရောက်‌တွေ့ဆုံကာ သ‌ဘောတူညီချက်ရယူခဲ့ပြီး‌နောက် ‌ကျောက်တူး‌ဖော်‌ရေးလုပ်ငန်းကို မတ်လမှစ၍ လုပ်‌ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

“အခု သုဝဏ္ဏ‌မြေဆီကုမ္ပဏီနဲ့ ဦးခင်‌ဇော် ဦး‌ဆောင်တဲ့ ကုမ္ပဏီ နှစ်ခုက အပြိုင်အဆိုင်ပဲ။ ‌မြေ‌နေရာခွဲ‌ဝေပြီး‌တော့ တူး‌နေကြတယ်။ အခု လမ်း‌တွေလည်း ‌ဖောက်‌နေတယ်။ အရင်နှစ်‌တွေက သစ်လုပ်ငန်း‌ပေါ့၊ သစ်က‌တော့ ဒီကရင်လူကြီး‌တွေ ပိတ်လိုက်‌တော့ အခု ‌မြေကြီး‌တွေ လာတူး‌နေကြတယ်။ ‌မြေကြီးကို စက်ပစ္စည်း‌တွေနဲ့ လာတူးတဲ့အခါကျ‌တော့ ‌မြေ‌တွေ ပျက်စီးသလို၊ သဘာဝပတ်ဝန်း ကျင်ကိုလည်း ထိခိုက်တယ်။”ဟု ထို‌ဒေသခံက ‌ပြောသည်။

ယခုအချိန်တွင် ကြာအင်းဆိပ်ကြီးမြို့နှင့် ကျိုက်ဒုံမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမကြီးကို ဗဟိုပြု၍ ‌ကျောက်တူး‌ဖော်သည့် ‌ဒေသသို့ ‌ကျောက်သယ်သည့်ကားများ သွားလာနိုင်‌အောင် လမ်းသွယ်‌လေးများ ‌ဖောက်လုပ်‌နေရာ ထိုလမ်း‌ကြောတစ်‌လျှောက်ရှိ ‌ဒေသခံများ၏ လယ်ယာ‌မြေအချို့ ပျက်စီးမှုများ ရှိ‌နေ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

သို့‌သော် အဆိုပါတ‌မော့သဲ ခ‌နောက်စိမ်း‌ကျောက်တွင်းကို ဆက်လက်တူး‌ဖော်လိုသည့် ထိုကုမ္ပဏီနှစ်ခုသည် တ‌မော့သဲရွာသူရွာ သားများအတွက် ‌ကျေးရွာအတွင်း မီးရရှိ‌အောင်နှင့် ‌ရေရရှိ‌အောင် စီစဉ်‌ဆောင်ရွက်‌ပေး‌နေသလို ‌ရှေ့ဆက်၍လည်း တ‌မော့သဲ ‌ကျေးရွာအနီးတဝိုက်ရှိ ‌ကျေးရွာများမှ ရွာသူရွာသားများအတွက် ထိုကဲ့သို့ လုပ်‌ဆောင်‌ပေးသွားမည်ဖြစ်၍ ‌ဒေသဆိုင်ရာ ‌ကေအဲန် ယူ‌ခေါင်း‌ဆောင်များအ‌နေဖြင့် အချိန်အကန့်အသတ်ဖြင့် တူး‌ဖော်ခွင့်ပြုထား‌ကြောင်း KNU ဒူးပလာယာခရိုင်၊ မိုင်းလုပ်ငန်းတာဝန်ခံ ပဒို‌စော‌မောထူးက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “အခုချိန်မှာ သစ်‌တွေ၊ ‌ကျောက်‌တွေဝယ်ဖို့ ပြည်တွင်းပြည်ပက လူ‌တွေ ကျ‌နော်တို့‌ဒေသမှာ အများကြီး ဝင်လာတယ်။ သစ်က‌တော့ ကျ‌နော်တို့ ပိတ်ထားတယ်။ မိုင်းတွင်းအ‌ဟောင်း‌တွေကို ဖွင့်ဖို့ လာ‌ပြောကြတဲ့သူ‌တွေ အများကြီးပဲ။ ဒါ‌ပေမယ့် ကျ‌နော်တို့ လက်မခံဘူး။ သုဝဏ္ဏ‌မြေဆီ ကုမ္ပဏီက‌တော့ အခြားတဆင့်ခံပြီး ကျ‌နော်တို့နဲ့ လာ‌ဆွေး‌နွေးတယ်။ လင်းဖုန်းပြည်ကုမ္ပ ဏီက‌တော့ ကျ‌နော်တို့နဲ့ တိုက်ရိုက်လာ ‌တွေ့တယ်။ ‌ဒေသခံလူထု‌တွေရဲ့ သ‌ဘောထားကို ကျ‌နော်တို့ကြည့်‌တော့ သူတို့က လိုလို လားလားရှိတဲ့အတွက် ဒီကုမ္ပဏီ‌တွေကို လုပ်ခွင့်‌ပေးလိုက်တာပါ။ ဒီနှစ် မတ်လကစပြီး ၃နှစ် လုပ်ခွင့်‌ပေးလိုက်တယ်။”ဟု ဆိုသည်။

ယခု တူး‌ဖော်‌နေသည့် ခ‌နောက်စိမ်း‌ကျောက်တွင်းသည် တ‌မော့သဲရွာ၏ အ‌နောက်ဘက်ခြမ်းမှ တမိုင်‌ကျော် အကွာအ‌ဝေးတွင် တည်ရှိပြီး လွန်ခဲ့သည့် ၂နှစ်ခန့်က ‌နေပြည်‌တော်မှ ကုမ္ပဏီတခု လာ‌ရောက်တူး‌ဖော်လာခဲ့‌သော်လည်း ယမန်နှစ်တွင် ရပ်နားလိုက် ပြီး ထိုကုမ္ပဏီအစား ယခု သုဝဏ္ဏ‌မြေဆီကုမ္ပဏီနှင့် လင်းဖုန်းပြည်ကုမ္ပဏီတို့က ဝင်‌ရောက်လုပ်‌ဆောင်လာခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီများသည် ၎င်းတို့၏ တူး‌ဖော်‌ရေး စက်ကိရိယာများ သယ်‌ဆောင်လာသည့်အပြင် လုပ်ငန်းအတွက် လိုအပ်သည့် အလုပ်သမားများကိုပါ တစ်ပါတည်း ‌ခေါ်‌ဆောင်လာခဲ့‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်‌မြေ ဒူးပလာယာခရိုင်မှ ကြာအင်းဆိပ်ကြီးမြို့နယ်အပြင် အခြား ‌ကော့ကရိတ်နှင့် ဝင်း‌ရေးမြို့ နယ်တို့တွင်လည်း အလားတူ အ‌သေးစား မိုင်းတူး‌ဖော်‌ရေးလုပ်ငန်းများ ရှိ‌နေသည်။