Home ထိပ်တန်းသတင်း Hobson's choice ‌ရွေး‌ကောက်ပွဲအစီရင်ခံစာ BNI ထုတ်ပြန်

Hobson's choice ‌ရွေး‌ကောက်ပွဲအစီရင်ခံစာ BNI ထုတ်ပြန်

1714
မတ်လ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာစစ်အစိုးရ ကြီးမှူးကျင်းပသည့် ၂၀၁၀‌ရွေး‌ကောက်ပွဲတွင် ပြည်သူများ၏ လွတ်လပ်စွာ ‌ရွေးချယ်ခွင့်မရှိသည့် အ‌ခြေအ‌နေ နှင့် ပတ်သက်၍ ရည်ညွှန်းထား‌သော Hobson’s Choice “‌ရွေးချယ်ခွင့် လမ်းမရှိသည့် ‌ရွေးလမ်း”အမည်ရှိ အစီခံစာတစ်အုပ်ကို နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI) မှ ယ‌နေ့ထုတ်ပြန်လိုက်သည်။

အဆိုပါ အစီရင်ခံစာကို ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့ရှိ နိုင်ငံခြားသား သတင်း‌ထောက်များကလပ် (FCCT)တွင် ယ‌နေ့ နံနက် ၁ဝနာရီခွဲမှ ၁၁နာရီခွဲအထိ ဘန်‌ကောက်မြို့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကာ ထုတ်ပြန်‌ကြေညာလိုက်ခြင်းဖြစ်သည်။

အစီရင်ခံစာ ထုတ်ပြန်ရခြင်းအ‌ပေါ် သျှမ်းသံ‌တော်ဆင့်၏ အယ်ဒီတာချုပ်လည်းဖြစ်၊ BNI ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူတစ်ဦးလည်း ဖြစ်သည့် ဦးခွန်ဆိုင်းက “Hobson’s Choice ဆိုတဲ့စကားက ‌ရွေးချယ်ခွင့် လမ်းမရှိတဲ့ ‌ရွေးလမ်း‌ပေါ့။ ဆိုလိုချင်တာက‌တော့ ဒီ‌ရွေး‌ကောက်ပွဲသာ ‌ရွေးလိုက်လုပ်လိုက်တယ်။ သို့‌သော်လည်းပဲ လူထုက တကယ်တမ်း‌ရွေးရမှာက‌တော့ နအဖပါတီဖြစ်တဲ့ ကြံ့ဖွတ်ပါတီပဲ ဖြစ်တယ်။ အဲဒါကို ‌ဖော်ပြချင်တာဖြစ်တယ်။”ဟု ‌ပြောသည်။

စာမျက်နှာ ၁၃၄မျက်နှာရှိ အဂင်္လိပ်ဘာသာဖြင့် ထုတ်‌ဝေသည့် ၎င်းအစီရင်ခံစာထဲတွင် မည်သည့်ပါတီများပါဝင်အ‌ရွေးခံခြင်း၊ မည်သူက အ‌ရွေးခံရပြီး ဝန်ကြီးဖြစ်လာသည့်အ‌ကြောင်း၊ ‌ရွေး‌ကောက်ပွဲအတွင်း နအဖစစ်အစိုးရက မည်သည့်အမိန့်များ ထုတ် ပြန်ခဲ့သည့်အ‌ကြောင်း၊ ‌ရွေး‌ကောက်ပွဲဖြစ်‌ပေါ်လာပုံနှင့် ‌ရွေး‌ကောက်ပွဲအတွင်း မဲမသမာမှုများအ‌ကြောင်းကို အဓိကထားပြီး ‌ဖော် ပြ‌ရေးသားထားသည်ဟု ဦးခွန်ဆိုင်းက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀‌ရွေး‌ကောက်ပွဲအတွင်း တိုင်းရင်းသား‌ဒေသအလိုက် ဖြစ်‌ပေါ်‌နေသည့် ‌ရွေး‌ကောက်ပွဲနှင့် သက်ဆိုင်‌သော အ‌ကြောင်းအရာများကို BNI သတင်းဌာနအဖွဲ့ဝင်များမှ သတင်းအချက်အလက်များ စု‌ဆောင်းပြီး အစီရင်ခံစာ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုအစီရင်ခံစာ ထုတ်ပြန်ခြင်းအားဖြင့် သတင်း‌ထောက်များအတွက် များစွာအကျိုးရှိသလို မြန်မာပြည်ကို အုပ်စိုးမည့် အစိုးရ သည် မည်သည့်အစိုးရမျိုးဖြစ်‌ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းမှ သိရှိနာလည်၍ ‌ရှေ့ဆက် မြန်မာအစိုးရနှင့် မည်သို့ဆက်ဆံ ရမည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်ဟု ဦးခွန်ဆိုင်းက ‌ပြောသည်။

သူက “သတင်း‌ထောက်ဆိုတာ ‌နောက်‌ကြောင်းကို သိလို့ရှိရင် အခုလုပ်‌နေတဲ့ဟာကိုလည်း ပိုပြီး‌တော့ နားလည်မှုရှိတယ်။ ကိုယ့်ရဲ့စာဖတ်သူ‌တွေ ပိုနားလည်‌အောင်ပိုရှင်းပြနိုင်တယ်‌ပေါ့။ အဲဒါတချက်၊ ဒုတိယတချက်က ကျ‌နော်တို့ရဲ့ နိုင်ငံကို အုပ်စိုုး မယ့်အစိုးရဟာ ဘယ်လိုအစိုးရမျိုးလဲဆိုတာ သိ‌စေချင်တယ်။ သိပြီဆိုလို့ရှိရင်လည်း သူတို့ (နိုင်ငံတကာအသိုင်းအဝိုင်း) ဒီအစိုး ရအဖွဲ့နဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာကိုလည်း သူတို့က ဆုံးဖြတ်နိုင်မှာ‌ပေါ့။ အဲဒါအဓိကပါပဲ”ဟု ‌ပြောသည်။

ထို့အပြင် ကရင်သတင်းဌာန အယ်ဒီတာ နန်း‌ဖော‌ဂေကလည်း ‌ရွေး‌ကောက်ပွဲကာလအတွင်း နိုင်ငံတကာ သတင်းဌာနများနှင့် ပြည်ပ‌ရောက်မြန်မာသတင်းဌာနများမှ လက်လှမ်းမမှီနိုင်သည့် တိုင်းရင်းသား‌ဒေသများတွင် အ‌သေးစိတ်ကျသည့် ‌ရွေး‌ကောက် ပွဲအ‌ခြေအ‌နေနှင့် ပတ်သက်‌သော သတင်းအချက်အလက်များကို မီး‌မောင်းထိုးပြနိုင်သည်ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀‌ရွေး‌ကောက်ပွဲ၌ စစ်အစိုးရမှ ‌ကျော‌ထောက်‌နောက်ခံပြုထားသည့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (USDP)နှင့် ၎င်းတို့ ကမကထပြုပြီး တည်‌ထောင်ထားသည့် မဟာမိတ် တိုင်းရင်းသားပါတီများ၏ မဲသမာမှုများနှင့် စစ်အစိုးရ ဘက်မှ တခြားပါတီများအ‌ပေါ် ပိတ်ပင်တားဆီးမှုများကို သက်‌သေအ‌ထောက်အထားများနှင့်တကွ အစီရင်ခံစာတွင် ‌ရေးသား ထုတ်ပြန်ထားသည်။

ယ‌နေ့ပြုလုပ်သည့် BNI ၏ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲနှင့်အတူ BNI အဖွဲ့ဝင်များမှ ရိုက်ယူထားသည့် တိုင်းရင်းသား ‌ဒေသဆိုင်ရာ သတင်းဓာတ်ပုံပြပွဲကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသားသတင်းအဖွဲ့များ၏ အမည်များနှင့်တကွ ပြသထားသည်။

၂၀၀၃ခုနှစ်တွင် ပြည်ပအ‌ခြေစိုက် မြန်မာသတင်းဌာန ၄ခုဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းရင်းသားဌာနများ အပါအဝင် အဖွဲ့ဝင် (၁၁)ဖွဲ့ဖြင့် ပူး‌ပေါင်းပါဝင်ထားသည့် BNI သည် ၂၀၀၈ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူထုဆန္ဒခံယူပွဲဆိုင်ရာ အစီရင်ခံစာ အပါအဝင် အစီရင်ခံစာ (၂)ခု ထုတ်ပြန်နိုင်ခဲ့ပြီဟု သိရသည်။

BNI တွင် လွတ်လပ်‌သော မွန်သတင်း‌အေဂျင်စီ၊ ကချင်သတင်းဌာန၊ ကုလားတန်၊ ကရင်သတင်းဌာန(‌ကေအိုင်စီ)၊ ခိုနူမ်းထုန် သတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ သတင်းနှင့် မီဒီယာကွန်ယက်၊ သျှမ်းသံ‌တော်ဆင့်၊ ‌ကောင်းဝါ၊ နရဇ္စရာနှင့် ကန္တာရဝတီတိုင်းမ် သတင်းဌာနများဖြင့် ဖွဲ့စည်းထားသည်။