Home ထိပ်တန်းသတင်း “‌ဝေါ်ကာ့‌ထော့‌ကေ သွီ့က‌ညော” ကရင်ဗွီဒီယိုဇာတ်ကား မကြာခင် ထွက်‌တော့မည်

“‌ဝေါ်ကာ့‌ထော့‌ကေ သွီ့က‌ညော” ကရင်ဗွီဒီယိုဇာတ်ကား မကြာခင် ထွက်‌တော့မည်

2484
မတ်လ ၁၈ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ဘန့်ဒုံယန်းဒုက္ခသည်စခန်းရှိ ကရင်လူငယ်များ စု‌ပေါင်း ရိုက်ကူးထားသည့် “‌ဝေါ်ကာ့‌ထော့ ‌ကေသွီ့က‌ညော- ကရင့်‌သွေးကို ပြန်လည်တည်‌ဆောက်စို့”အမည်ရှိ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ယခု မတ်လအကုန်တွင် ထုတ်‌ဝေဖြန့်ချိ ‌ရောင်းချ သွားမည်ဟု ရိုက်ကူးထုတ်လုပ်သူများက ‌ပြောသည်။

အဆိုပါဇာတ်ကားကို ထိုင်း-မြန်မာနယ်စပ်ရှိ ဘန့်ဒုံယန်းကရင်ဒုက္ခသည်စခန်းမှ ကရင်လူငယ်အစည်းအရုံး(KYO) များက ရိုက်ကူး ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ‌နေရာအနှံ့အပြားတွင် ‌နေထိုင်ကြသည့် ကရင်လူမျိုးများ တဦးအ‌ပေါ်တဦး ယုံကြည်မှုရှိ‌စေရန်နှင့် စည်း လုံးညီညွှတ်ပြီး အမျိုးသား‌ရေးအတွက် လက်တွဲ‌ဆောင်ရွက်ရန် ရည်ရွယ်‌ဖော်ညွှန်း တင်ဆက်ထားသည့် ဇာတ်ကားဖြစ်သည်ဟု ဘန့်ဒုံယန်းစခန်းမှ KYO ဥက္ကဌ ‌စောပိုး‌လောင်းက ‌ပြောသည်။

သူက “ဒီဇာတ်ကားထဲမှာ အဓိက ဇာတ်‌ကောင် ၄‌ယောက်ရှိတယ်။ စီးပွား‌ရေးသမား၊ ရဲ၊ ‌တော်လှန်‌ရေးသမား၊ စစ်အစိုးရလက် ‌အောက်က ပြည်သူ။ သူတို့‌လေး‌ယောက်ဟာ ကရင်လူမျိုး‌တွေဖြစ်တယ်။ သူတို့ ၄‌ယောက်ရဲ့ ဆက်စပ်မှုကို ဇာတ်လမ်းလုပ်ထား တယ်။ ရည်ရွယ်ချက်က‌တော့ ကရင်လူမျိုး‌တွေ ဘယ်‌နေရာမှာပဲ‌နေ‌နေ၊ ဘယ်‌ဒေသကိုပဲ‌ရောက်‌ရောက် အချင်းချင်း ယုံကြည်မှုထား ဖို့၊ ကိုယ့်ကိုယ်ကို ကရင်ပါဆိုတဲ့အသိနဲ့ အမျိုးသား‌ရေးအတွက် ဝိုင်းဝန်းလုပ်‌ဆောင်သွားဖို့‌ပေါ့။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါရုပ်ရှင်ကားတွင် စ‌ကောကရင်နှင့် ဗမာဘာသာစကားနှစ်မျိုး တွဲသုံးထားပြီး နိုင်ငံခြားသားများ နားလည်ရန်အတွက် အဂင်္လိပ် ဘာသာဖြင့် စာတန်းထိုးထားကာ ဇာတ်လမ်း‌ခွေ ‌ရောင်းချရရှိသည့် ‌ငွေများကို လာမည့် ‌မေလ ၂၃ရက်‌နေ့ ကရင်လူငယ်အစည်း အရုံး(KYO)‌နေ့ ကျင်းပ‌ရေးအတွက် ရန်ပုံ‌ငွေအဖြစ် သုံးစွဲသွားမည်ဖြစ်‌ကြောင်းလည်း ‌စောပိုး‌လောင်းက ‌ပြောသည်။

ဘန့်ဒုံယန်းစခန်း KYO အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁ဝခုနှစ်ကလည်း စ‌ကောကရင်လို “ယသွီ့ ယညာ့ ယပွာကလူ” ငါ့အ‌သွေး၊ ငါ့အ သား၊ ငါ့လူမျိုး ဆိုသည့် ဗွီဒီယိုဇာတ်ကားတစ်ကားကို ထုတ်‌ဝေခဲ့ပြီး ယခု ဒုတိယအကြိမ် ထုတ်‌ဝေ ဖြန့်ချိ‌တော့မည့် “‌ဝေါ်ကာ့‌ထော့ ‌ကေ သွီ့က‌ညော”ဇာတ်ကားကို ပြည်တွင်းပြည်ပရှိ ကရင်ပြည်သူများအ‌နေဖြင့် ကြည့်ရှုအား‌ပေးလိုပါက +66 (0) 845220472 ဖုန်းနံပါတ်အတိုင်း ဆက်သွယ်မှာယူနိုင်သည်ဟု သိရသည်။