Home ထိပ်တန်းသတင်း မြန်မာဒုက္ခသည်များ မိမိကိုယ်ကို ရပ်တည်နိုင်ရန် ပိုမိုကူညီမည်ဟု EU ‌ပြော

မြန်မာဒုက္ခသည်များ မိမိကိုယ်ကို ရပ်တည်နိုင်ရန် ပိုမိုကူညီမည်ဟု EU ‌ပြော

1663
မတ်လ ၁၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)


ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များကို သူတပါးအ‌ပေါ် မှီခိုရသည်ထက် မိမိကိုယ်ကို ရပ်တည်နိုင်‌အောင် အသက်‌မွေး ဝမ်း‌ကျောင်းပညာရပ်များ ပိုမိုကူညီသွားမည်ဟု ဥ‌ရောပသမဂ္ဂ၏ လူသားချင်း ကူညီ‌ထောက်ပံ့မှုဆိုင်ရာ ‌ကော်မရှင်(အီးယူ)က ‌ပြောသည်။

အီးယူ ‌ကော်မရှင်နာမင်းကြီး ခရစ္စတာလီးနား ‌ဂျော်ဂျီဗား(Kristalina Georgieva.)သည် ယခုလ မတ်လ ၁၃ရက်‌နေ့တွင် ထိုင်း နိုင်ငံ၊ မဲ‌ဆောက်မြို့‌မြောက်ဘက် ၄၅ကီလိုမီတာအကွာရှိ မယ်လဒုက္ခသည်စခန်းကို ‌ရောက်ရှိခဲ့ရာတွင် ထိုကဲ့သို့ ‌ပြောဆိုလိုက် ခြင်းဖြစ်‌ကြောင်း စခန်းဥက္ကဌ ‌စောထွန်းထွန်းက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “လစဉ်‌ထောက်ပံ့‌နေတဲ့ အ‌ရေး‌ပေါ်အကူအညီ‌တွေအစား ဒုက္ခသည်‌တွေ ကိုယ့်‌ခြေ‌ထောက်အ‌ပေါ် ကိုယ်ရပ်တည်နိုင် မယ့် အသက်‌မွေးဝမ်း‌ကျောင်း ပညာ‌တွေကို ပိုပြီး‌တော့ ကူညီသွားဖို့ သူတို့‌တွေ သ‌ဘောထားရှိတယ်လို့‌ပြောတယ်။”ဟု ဆို သည်။

မြန်မာဒုက္ခသည်များသည် မြန်မာနိုင်ငံကို လွယ်ကူစွာဖြင့် ပြန်နိုင်မည့် အ‌ခြေအ‌နေမျိုးမရှိသည့်အတွက် ‌ရေရှည်ရပ်တည်နိုင် ‌ရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်‌ကြောင်း မစ္စစ်‌ဂျော်ဂျီဗားက ထည့်သွင်း‌ပြောကြားသွားသည်ဟုလည်း ‌ပြောကြားသွား သည်ဟု ‌စောထွန်းထွန်းက ဆက်လက် ‌ပြောဆိုသည်။

အီးယူသည် ၎င်းတို့ ပုံမှန် ကူညီ‌ပေး‌နေသည့် ‌ထောက်ပံ့‌ငွေများကို လက်ရှိ အ‌ခြေအ‌နေတွင် နဂိုအတိုင်း ဆက်လက် ‌ပေးသွား မည်ဖြစ်‌သော်လည်း ‌ရှေ့ဆက် တဖြည်းဖြည်းချင်း ‌လျှော့ချပြီး ဒုက္ခသည်များ ကိုယ်တိုင် ရပ်တည်သွားနိုင်မည့် အစီအစဉ်ကို ပို၍ အကူအညီ ‌ပေးသွားမည်ဟု မစ္စစ်‌ဂျော်ဂျီဗားက စခန်းတာဝန်ရှိသူများကို ‌ပြောခဲ့သည်ဟု သိရသည်။

အဆိုပါ အီးယူ‌ကော်မရှင်နာမင်းကြီး ခရစ္စတာလီးနား ‌ဂျော်ဂျီဗားသည် ပြီးခဲ့သည့် မတ်လ ၁၂ရက်‌နေ့က ထိုင်းနိုင်ငံကို ‌ရောက် လာကာ ယမန်‌နေ့က မယ်လဒုက္ခသည်စခန်းနှင့် မဲ‌ဆောက်မြို့ရှိ ထိုင်း-မြန်မာချစ်ကြည်‌ရေးတံတားကို သွား‌ရောက်ကြည့်ရှုခဲ့ သည်။

ဘီဘီစီ မြန်မာပိုင်း၏ သတင်း‌ဖော်ပြချက်အရ ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်များအတွက် ပညာ‌ရေးအကူအညီများ၊ ‌လေ့ကျင့် သင်တန်း‌ပေး‌ရေး အကူအညီများ၊ လုပ်ငန်းဆိုင်ရာ အရည်အ‌သွေးများ တည်‌ဆောက်‌ပေးမည့် အကူအညီများ ‌ဆောင်ရွက်နိုင် ရန်အတွက် အီးယူအ‌နေဖြင့် ထိုင်းဝန်ကြီးချုပ်နှင့် ယ‌နေ့ ‌တွေ့ဆုံ‌ဆွေး‌နွေးသွားမည်ဟု သိရသည်။

ဥ‌ရောပသမဂ္ဂ၏ လူသားချင်း ကူညီ‌ထောက်ပံ့မှုဆိုင်ရာ ‌ကော်မရှင်(အီးယူ)သည် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ခုကို ‌ငွေ‌ကြေးအများဆုံး ကူညီ‌ထောက်ပံ့‌ပေး‌နေသည့် အဖွဲ့တဖွဲ့ ဖြစ်သည်။