Home ထိပ်တန်းသတင်း ‌နေရပ်ပြန် ‌ဝေါ်‌လေရွာသူရွာသားများ ‌မြေမြှပ်မိုင်းဒဏ် ခံစား‌နေရ

‌နေရပ်ပြန် ‌ဝေါ်‌လေရွာသူရွာသားများ ‌မြေမြှပ်မိုင်းဒဏ် ခံစား‌နေရ

1823
မတ်လ ၂၈ရက်၊ နန်းထူးစံ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ မကြာခဏ ပစ်ခတ်မှုများဖြစ်ပွား‌နေသည့် ကရင်ပြည်နယ်၊ ‌ဝေါ်‌လေ‌ကျေးရွာတွင် ပြီးခဲ့သည့် နှစ်ရက်အ တွင်း ၎င်းရွာသားရွာသူ ၂ဦး မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်သည့်အတွက် ယခုအချိန်တွင် မဲ‌ဆောက်‌ဆေးရုံ၌ ‌ဆေးကုသမှု ခံ ယူ‌နေရ‌ကြောင်း ရွာသူရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

‌ဝေါ်‌လေ‌ကျေးရွာတွင် ‌နေထိုင်သည့် ၁၉နှစ်အရွယ် ရွာသားတဦးသည် ယမန်‌နေ့က ‌ဝေါ်‌လေ‌ကျေးရွာရှိ ဗျူဟာကုန်းအ‌ပေါ်ပိုင်း တွင် သစ်ခုတ်သွား‌နေစဉ် ‌မြေမြှပ်မိုင်းနင်းမိခဲ့သဖြင့် ဒဏ်ရာပြင်းသလို မတ်လ ၂၆ရက်‌နေ့ကလည်း အမျိုးသမီးတစ်ဦး မိုင်းနင်း မိကာ ဒဏ်ရာရရှိခဲ့ခြင်း‌ကြောင်း မဲ‌ဆောက်‌ဆေးရုံသို့ ပို့‌ဆောင်ခဲ့ရသည်ဟု ‌ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ‌ပြောသည်။

သူမက “မိုင်းနင်းမိတဲ့ ‌ကောင်‌လေးက မဲ‌ဆောက်‌ဆေးရုံမှာ ပို့လိုက်ပြီ။ ဒဏ်ရာက ‌တော်‌တော်ပြင်းတယ်။ ‌ခြေနှစ်ဖက်စလုံး ‌ကြေ မွသွား‌တော့ ဖြတ်လိုက်ရတယ်လို့ ကြားရတယ်။ ၂၆ရက်‌နေ့လည်း ရွာသူတစ်ဦး မိုင်းထိပြီး မဲ‌ဆောက်‌ဆေးရုံကိုပဲ ပို့လိုက်တယ်။ ရွာထဲမှာ ပြန်‌နေထိုင်တဲ့ ရွာသူရွာသား‌တွေက‌တော့ အခု ဒီမိုင်းအန္တရာယ်ကို အ‌ကြောက်ရဆုံးပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

လက်ရှိ ‌ဝေါ်‌လေ‌ဒေသတွင် နအဖ တပ်ဖွဲ့များ၊ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA)နှင့် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ဖွဲ့များက ၎င်းတို့၏ စစ်‌ရေးလှုပ်ရှားမှုတွင် အသုံးပြုလျက်ရှိသည့် ‌မြေမြှပ်မိုင်းများ ‌ကြောင့် ရွာသူရွာသားများ ဒုက္ခ‌ရောက်‌နေရခြင်းဖြစ်သည်ဟု ‌ဒေသခံများ ‌ပြောဆို‌နေကြသည်။

ယခုအချိန်တွင် ‌ဝေါ်‌လေ‌ဒေသအတွင်းရှိ ‌တောင်သူများအ‌နေဖြင့် ‌တောင်ယာခင်း၊ ‌ပြောင်းစိုက်ခင်းများ စတင် ခုတ်ထွင်ရှင်း လင်းရသည့်အချိန်ဖြစ်ပြီး ‌မြေမြှုပ်မိုင်းဒဏ်ကို ‌ကြောက်လန့်‌နေကြ‌သော်လည်း မိမိတို့၏ အသက်‌မွေးလုပ်ငန်းကို မဖြစ်မ‌နေ လုပ်ရမည်ဟု လယ့်‌ဟော်ရွာသားတဦးက ‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ရက်‌နေ့က ‌ဝေါ်‌လေ‌ကျေးရွာသူကြီးများနှင့် စကခ(၅)၊ ဗျူဟာ(၁)မှ အာဏာပိုင်တချို့သည် ‌ဝေါ်‌လေ‌ဒေ သရှိ ထီးသဲလယ်၊ အူက‌လေ့ထာ့၊ က‌လော်‌ဝေါ်၊ လယ့်‌ဟော်၊ ‌ကော်ဆယ် စသည့်‌ကျေးရွာများမှ ရွာသူကြီးများကို ‌ဝေါ်‌လေ‌ကျေး ရွာတွင် ‌ခေါ်ယူ‌တွေ့ဆုံခဲ့စဉ် ထိုသို့ ‌ပြောဆိုခဲ့‌ကြောင်း သွား‌ရောက်‌တွေ့ဆုံခဲ့သည့် သူကြီးတစ်ဦးက ‌ပြောသည်။

(တိုက်ပွဲဖြစ်စဉ်က ထွက်‌ပြေးလာခဲ့ကြသည့် ရွာသူရွာသားများ)

သူက “ဗမာစစ်တပ်က ကိုယ့်‌မြေကိုယ့်ခြံမှာ ပြန်လာမ‌နေဘူး။ မလုပ်ဘူးဆိုရင် အခြား‌နေရာက လူ‌တွေကို ‌ခေါ်ပြီး‌တော့ လာ လုပ်ခိုင်းမယ်တဲ့။ အဲဒီအခါ မင်းတို့‌မြေယာ‌တွေ ဆုံးရှုံးလိမ့်မယ်လို့ ရွာသူကြီး‌တွေကို ‌ခေါ်‌ပြောတယ်‌လေ။ အဲဒါ‌ကြောင့် မိုင်း ‌ကြောက်‌ပေမယ့် ပြန်လာလုပ်ရမယ်။ ဖလူးဘက်မှာ‌တော့ သူတို့ အဲလိုမျိုး လုပ်တယ်လို့ ကြားတယ်‌လေ။”ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်‌တောင်ပိုင်းရှိ ‌ဝေါ်‌လေ‌ဒေသတွင် စစ်အစိုးရတပ်နှင့် ဗိုလ်မှူးချုပ်‌စောလားပွယ် ဦးစီးသည့် ဒီ‌ကေဘီ ‌အေ တပ်မဟာ(၅)တပ်ဖွဲ့တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁ဝခုနှစ် နိုဝင်ဘာလ ၈ရက်‌နေ့မှစ၍ ယခုအချိန်ထိ မိုင်း ဒဏ်‌ကြောင့် ‌ဝေါ်‌လေ‌ကျေးရွာ အပါအဝင် လယ့်‌ဟော်၊ အူဖိုးထာ့၊ အူက‌လေ့ထာ့‌ကျေးရွာမှ ဒဏ်ရာရရှိသူ ရွာသူရွာသား ၅ဦးရှိ ပြီး ‌သေဆုံးသူ ၁ဦးရှိခဲ့သည်ဟု နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့(BPHWT)၏ မှတ်တမ်းများအရ သိရ သည်။