Home ထိပ်တန်းသတင်း ‌တောင်ငူ‌ဒေသတိုက်ပွဲတွင် နအဖဘက်မှ ‌သေဆုံးမှုရှိ

‌တောင်ငူ‌ဒေသတိုက်ပွဲတွင် နအဖဘက်မှ ‌သေဆုံးမှုရှိ

2938
မတ်လ ၁၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၆)နှင့် (၇)တွင် ‌နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားသလို ‌တောင်ငူခရိုင်၊ တပ်မဟာ(၂) သံ‌တောင်မြို့နယ်ရှိ ‌တောင်ငူ-ကြီး‌ချောင်းကားလမ်း၌လည်း KNU လက် ‌အောက်ခံတပ်များက နအဖ လှုပ်ရှားတပ်များကို မတ်လ ၈ရက်‌နေ့က ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖတပ်သား ၂ဦး ကျဆုံးခဲ့သည်။

တိုက်ခိုက်ခံရ၍ ကျဆုံးသွားသည့် အဆိုပါ နအဖ တပ်ဖွဲ့ဝင်များမှာ မည်သည့်တပ်ရင်းမှဖြစ်‌ကြောင်း အတိအကျ မသိ‌သော် လည်း ထို‌ဒေသရှိ နအဖ အ‌ခြေစိုက်ရာ ကြီး‌ချောင်းတပ်စခန်းတွင် နအဖ စကခ(၇)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း ခမရ(၄၂၅) နှင့် စကခ(၉)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း ခမရ(၃၇၇)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်ဟု ‌ကေအဲန်ယူ ‌တောင်ငူခရိုင်မှ ‌စောအဲ့ဝါးက ယခုလို ‌ပြောသည်။

သူက “အခု တိုက်ခိုက်ခံရပြီး ‌သေသွားတဲ့ နအဖ တပ်ဖွဲ့ဝင်က ဘယ်တပ်ရင်းဆိုတာ ‌ပြောရခက်တယ်။ ‌သေချာတာက‌တော့ နအဖ တပ်စခန်း ကြီး‌ချောင်းစခန်းမှာ လှုပ်ရှားတဲ့တပ်က ခမရ(၄၂၅)နဲ့ (၃၇၇)ပဲ။ အခု သူတို့(နအဖ)ကို ကျ‌နော်တို့တပ်‌တွေက ‌ပြောက်ကျားနည်းနဲ့ ‌ချောင်းပစ်လို့ ထိတာပဲ။ ကျ‌နော်တို့ဘက်က ထိတာ မရှိဘူး။”ဟု ‌ပြောသည်။

ယခုလိုရာသီမျိုးတွင် ‌ကေအဲန်ယူနှင့် နအဖတပ်အကြားရှိ တိုက်ပွဲများအပြင် နအဖ လှုပ်ရှားတပ်များက ရိက္ခာထမ်းခိုင်းခြင်း၊ လမ်းရှင်းခိုင်းခြင်း စသည့် အတင်းအဓမ္မ ခိုင်း‌စေမှုများကို ခံရ‌သော‌ကြောင့် သွား‌ရေးလာ‌ရေးနှင့် လုပ်ကိုင်စား‌သောက်ရ ခက်ခဲ ‌နေသည်ဟုလည်း သံ‌တောင်မြို့နယ် ‌ဒေသခံပြည်သူများက ဆိုသည်။

ထို‌နေ့တစ်ရက်တည်းမှာပဲ ကြီး‌ချောင်းစခန်းရှိ နအဖ လှုပ်ရှားတပ်ဖွဲ့ဝင် အသက်(၂၃)နှစ်အရွယ် ဒု-တပ်ကြပ်‌ကျော်မင်း ကိုယ်ပိုင် နံပါတ် တ/၄၀၁၀၃၂ က K-3 ‌သေနတ်တလက်၊ ကျည်ဆံ ၁၀၀‌တောင့်၊ မက္ကစင်း(၄)ခုနှင့်အတူ ‌ဒေသခံ ကရင်အမျိုးသားလွတ် ‌မြောက်‌ရေး တပ်မ‌တော်(KNLA)ထံ လာ‌ရောက်ပူး‌ပေါင်းခဲ့သည်ဟု သိရသည်။

ပဲခူးတိုင်း အ‌ရှေ့ဘက်ခြမ်း၊ ကရင်ပြည်နယ် သံ‌တောင်မြို့နယ်တွင် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂၆ရက်‌နေ့က နအဖ စကခ(၇) လက်‌အောက်ခံ ခမရ(၄၂၆)တပ်ရင်းက သဘါဖဲ့ရွာသားတဦးကို အ‌ကြောင်းမဲ့ ပစ်သတ်ခဲ့သည်။