Home ထိပ်တန်းသတင်း ထိုင်းနိုင်ငံဆိုင်ရာ US သံအမတ် နယ်စပ် ပညာ‌ရေး၊ ကျန်းမာ‌ရေး အ‌ခြေအ‌နေ လာ‌ရောက်‌လေ့လာ

ထိုင်းနိုင်ငံဆိုင်ရာ US သံအမတ် နယ်စပ် ပညာ‌ရေး၊ ကျန်းမာ‌ရေး အ‌ခြေအ‌နေ လာ‌ရောက်‌လေ့လာ

1737
မတ်လ ၃ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံဆိုင်ရာ အ‌မေရိကန်ပြည်‌ထောင်စု(US) အမျိုးသမီးသံအမတ်ဖြစ်သူ Ksistie Kenney က ထိုင်း-မြန်မာနယ်စပ်ရှိ မယ်‌တော်‌ဆေးခန်း အပါအဝင် ‌ရွှေ့‌ပြောင်းအလုပ်သမား‌ကျောင်းနှင့် မယ်လဒုက္ခသည်သို့ ယ‌နေ့ လာ‌ရောက်‌လေ့လာခဲ့ သည်။

သံအမတ် Mrs. Ksistie Kenney သည် ယ‌နေ့မနက် ၁ဝနာရီခန့်တွင် ‌ဒေါက်တာစင်သီယာ၏ မယ်‌တော်‌ဆေးခန်းသို့ လာ ‌ရောက်‌လေ့လာခဲ့ပြီး မဲ‌ဆောက်မြို့ရှိ ‌ဒေါက်တာစင်သီယာ‌မောင်၏ မယ်‌တော်‌ဆေးခန်းသို့ လာ‌ရောက်ခဲ့ပြီး‌နောက် လူမှု‌ရေး အဖွဲ့များမှ ဖွင့်လှစ်ထားသည့် စာသင်‌ကျောင်းအချို့နှင့် မယ်လဒုက္ခသည်စခန်းရှိ ပညာ‌ရေး၊ ကျန်းမာ‌ရေးလုပ်ငန်းများကို ‌လေ့လာသွားခဲ့ခြင်းဖြစ်သည်။

သူမက “အ‌မေရိကန်ပြည်‌ထောင်စုအ‌နေနဲ့ ဒီ(ထိုင်း-မြန်မာနယ်စပ်)က လူဦး‌ရေ အ‌တော်များများကို ပံ့ပိုးခဲ့တာပါ။ ဒါ‌ကြောင့် ဒီမှာရှိတဲ့ ကျန်းမာ‌ရေးကူညီ‌စောင့်‌ရှောက်‌ရေးလုပ်ငန်း၊ ပညာ‌ရေးလုပ်ငန်းနဲ့ ဒုက္ခသည်စခန်း‌တွေရဲ့ အ‌ခြေအ‌နေကို ‌သေ‌သေ ချာချာဖို့ ရည်ရွယ်ပြီး‌တော့ သက်ဆိုင်ရာ လုပ်ငန်းတာဝန်ခံ‌တွေနဲ့ ကိုယ်တိုင်လာ‌တွေ့ဆုံတာဖြစ်ပါတယ်။ ‌နောက်ထပ် သူတို့ ဘာ‌တွေလုပ်‌ဆောင်မလဲနဲ့ ‌ရှေ့ဆက်သူတို့ကို ဘယ်လိုကူညီပံ့ပိုး‌ပေးဆိုတာပဲ ဖြစ်ပါတယ်။”ဟု သတင်း‌ထောက်များကို ‌ပြောကြားခဲ့သည်။

ဆက်လက်၍ သူမက အ‌မေရိကန်ပြည်‌ထောင်စုက ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခ‌ရောက်မြန်မာနိုင်ငံပြည်သူများကို ကူညီ ‌စောင့်‌ရှောက်ရန် လူသားချင်းစာနာသည့်အ‌နေဖြင့် တနှစ်လျှင် အ‌မေရိကန်‌ဒေါ်လာ (၄၂,၀၀၀,၀၀၀)၄၂သန်း ကူညီပံ့ပိုးခဲ့ သည်ဟုလည်း ‌ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ ယူအက်သံအမတ် Mrs. Ksistie Kenney နှင့် ‌ဒေါက်တာစင်သီယာ‌မောင် (Photo-KIC)

Mrs. Ksistie Kenney သည် မယ်‌တော်‌ဆေးခန်းသို့ ‌ရောက်ရှိချိန်တွင် မယ်‌တော်‌ဆေးခန်းမိသားစုဝင်များနှင့် စီဒီစီ ‌ကျောင်း သား‌ကျောင်းသူအချို့နှင့် ‌တွေ့ဆုံနှုတ်ဆက်ကာ မယ်‌တော်‌ဆေးခန်း၏ လုပ်ငန်းပိုင်းဆိုင်ရာဌာနများကို ‌လေ့လာကြည့်ရှုခဲ့ ပြီး‌နောက် ‌ဒေါက်တာစင်သီယာ‌မောင် အပါအဝင် မဲ‌ဆောက်ရှိ ကျန်းမာ‌ရေး၊ လူမှု‌ရေး၊ ပညာ‌ရေး လုပ်ငန်းလုပ်ကိုင်သူ အဖွဲ့ ၃ဖွဲ့မှ တာဝန်ရှိသူအချို့နှင့် နာရီဝက်ခန့် ‌ဆွေး‌နွေးခဲ့ကြသည်။

 

အဆိုပါ ‌ဆွေး‌နွေးမှုနှင့် ပတ်သက်၍ ‌ဒေါက်တာစင်သီယာ‌မောင်က “US သံအမတ်လာတာ အဓိက‌တော့ နယ်စပ်က ကျန်း မာ‌ရေးနဲ့ ပညာ‌ရေးကိစ္စ‌တွေပါ။ ‌နောက် အထူးသဖြင့်‌တော့ ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်းမှာ လူထု‌တွေနဲ့ တည်ငြိမ်မှု၊ နယ်စပ် ‌ဒေသရဲ့ လုံခြုံမှုအ‌ခြေအ‌နေနဲ့ ဒုက္ခသည်‌တွေဖြစ်‌စေ၊ ‌ရွှေ့‌ပြောင်းလူထု‌တွေရဲ့ ကျန်းမာ‌ရေး၊ ပညာ‌ရေးကိစ္စဖြစ်‌စေ၊ ဆက် လက် ပံ့ပိုးသွားမဲ့အ‌ခြေအ‌နေမှာ ကျမတို့ ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်ရမလဲဆိုတာကို ‌ဆွေး‌နွေးဖို့ လာတာဖြစ်ပါတယ်။”ဟု ဆိုသည်။

ထို့‌နောက် မစ္စ Ksitie Kenney နှင့်အဖွဲ့သည် ည‌နေ ၂နာရီ‌ကျော်တွင် မယ်လဒုက္ခသည်စခန်းကို သွား‌ရောက်ခဲ့ပြီး ရိက္ခာ ဂို‌ဒေါင်၊ စာသင်‌ကျောင်း၊ ‌ဆေးရုံ၊ မသန်မစွမ်း ဒုက္ခိတဌာန၊ တတိယနိုင်ငံထွက်မည့်‌နေရာများကို ‌လေ့လာကြည့်ရှုကာ ည‌နေ ၅နာရီ‌ကျော်တွင် စခန်းမှ ပြန်လည်ထွက်ခွာခဲ့သည်ဟု မယ်လစခန်းဥက္ကဌ ‌စောထွန်းထွန်းက ‌ပြောသည်။

သူက “သူလာတာက စခန်းရဲ့ အ‌ခြေအ‌နေကို ‌လေ့လာကြည့်ရှုတာသက်သက်ပဲ။ တခုခု‌ဆွေး‌နွေးတာထက် စခန်းရဲ့ အ‌ခြေ အ‌နေမှန်ကို လက်‌တွေ့ ‌လေ့လာကြည့်ရှုပြီး သက်ဆိုင်ရာ လူ‌တွေနဲ့ပဲ အ‌မေးအ‌ဖြေလုပ်သွားတယ်။”ဟု ရှင်းပြသည်။

ထိုင်းနိုင်ငံဆိုင်ရာ အ‌မေရိကန်ပြည်‌ထောင်စု(US) အမျိုးသမီး သံအမတ်ဖြစ်သူ Ksistie Kenney သည် ထိုင်း-မြန်မာနယ်စပ် ရှိ မြန်မာနိုင်ငံသားများ၏ လူထုအကျိုးပြုလုပ်ငန်းနှင့် ဒုက္ခသည်များအ‌ခြေအ‌နေကို ပထမဦးဆုံးအကြိမ်အဖြစ် လာ‌ရောက် ‌လေ့လာကြည့်ရှုခဲ့ခြင်းဖြစ်သည်။