Home ထိပ်တန်းသတင်း နှစ်ရက်တာတိုက်ပွဲအတွင်း နအဖ ၁ဝဦး‌ကျော် ထိခိုက်‌သေဆုံး

နှစ်ရက်တာတိုက်ပွဲအတွင်း နအဖ ၁ဝဦး‌ကျော် ထိခိုက်‌သေဆုံး

1809
‌ဖေ‌ဖော်ဝါရီလ ၂၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကနဲ‌လေးဂွင်ရှိ ဖို့ခဲတဒို့နှင့် ခီးကု‌ဒေါ့်ခီးဂွင်‌ဖောမု ‌ဘောထာ့‌နေရာတွင် ကရင်တပ်ဖွဲ့နှင့် နအဖ တပ်များအကြား နှစ်ရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ၁ဝဦး‌ကျော် ထိခိုက်‌သေဆုံးခဲ့သည်ဟု သိရှိရသည်။

DKBA-KNLA ပူး‌ပေါင်းတပ်နှင့် နအဖ စကခ(၅) လက်‌အောက်ခံ ခမရ(၅၆၃)၊ စကခ(၈) လက်‌အောက်ခံ ခမရ(၄၀၄)တပ်ရင်း တို့ ယမန်‌နေ့နှင့် ယ‌နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်မှ ထိခိုက်မှုများ မရှိ‌သော်လည်း နအဖဘက်မှ ၇ဦး ကျဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူးတဦးက ‌ကေအိုင်စီကို ယခုလို အတည်ပြု ‌ပြောဆိုသည်။

“မ‌နေ့ည‌နေ ၆နာရီ မိနစ်၂ဝ ‌ဖောမု‌ဘောထာ့မှာ ကျ‌နော်တို့နဲ့ ခမရ(၅၆၃)တို့ ဖြစ်တဲ့တိုက်ပွဲက ၁ဝမိနစ်‌လောက်ပဲကြာမယ်။ အဲဒီ တိုက်ပွဲမှာ နအဖဘက်က ၄‌ယောက်‌သေတယ်။ ၆‌ယောက် ဒဏ်ရာရတယ်။ ဒီ‌နေ့ ‌နေ့လည် ၁၂နာရီ ၅မိနစ်မှာ ခမရ(၄၀၄)နဲ့ တခါ ထပ်ဖြစ်တယ်။ ၃‌ယောက်‌သေ၊ ၃‌ယောက် ဒဏ်ရာရတယ်။ ‌နောက် ဒီ‌နေ့လည် ၁၁နာရီ ၅၅မိနစ်မှာ နအဖတပ်သား တ‌ယောက် မိုင်းနင်းမိတာရှိ‌ပေမဲ့ ဘယ်တပ်ရင်းလဲဆိုတာ‌တော့ စုံစမ်းဆဲပဲ။”ဟု သူက ‌ပြောသည်။

လက်ရှိအချိန်တွင် ကနဲ‌လေးဂွင်အတွင်း လက်ရှိလှုပ်ရှား‌နေသည့် နအဖ စကခ(၈) လက်‌အောက်ခံ ခမရ(၄၀၄)တပ်ရင်း‌နေရာ ကို စကခ(၅) လက်‌အောက်ခံ ခမရ(၃၄၆)တပ်ရင်းက ယ‌နေ့ လာ‌ရောက်ကာ တပ်အ‌ပြောင်းအလဲလုပ်‌ပေး‌နေသည်ဟု သိရ သည်။

‌ဖေ‌ဖော်ဝါရီလ ၂၁ရက်‌နေ့ မွန်းလွဲပိုင်းအချိန်တွင် တာလပတ်များ ဖုံးအုပ်ထားသည့် ကား ၃စီး အပါအဝင် ဆန်အိတ်များ၊ ဆီ‌ပေ ပါများ တင်‌ဆောင်ထားသည့် နအဖ TE ကားအစီး‌ရေ ၃ဝခန့် မြဝတီမြို့တွင်းမှ ‌ဝေါ်‌လေ၊ ကနဲ‌လေးဂွင်ဘက်သို့ ထွက်ခွာသွားခဲ့ ‌ကြောင်း ကိုယ်တိုင်မြင်‌တွေ့ခဲ့သူတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါတိုက်ပွဲများ ဖြစ်ပွားရာ‌ဒေသတွင် နယ်‌မြေခံ ရွာသူရွာသားများ ‌နေထိုင်ခြင်းမရှိ‌တော့သဖြင့် လူထုထိခိုက်မှု၊ ထွက်‌ပြေး တိမ်း‌ရှောင်မှုများ မရှိ‌ကြောင်း သိရသည်။

သို့‌သော် ထို‌ဒေသတွင် ဝင်‌ရောက်လှုပ်ရှား‌နေသည့် နအဖ တပ်ဖွဲ့ဝင်များမှာ ကရင်တပ်ဖွဲ့ဝင်များ၏ ‌ပြောက်ကျားတိုက်ခိုက်မှုကို ‌နေ့စဉ် ရင်ဆိုင်‌နေရသည့်အတွက် ထိခိုက်ကျဆုံးမှုဦး‌ရေ တစထက်တစ ပိုမိုများပြားလာသည်ဟု ကရင်တပ်ဖွဲ့ဝင်များက ‌ပြော သည်။