Home ထိပ်တန်းသတင်း ‌ရွှေကုမ္ပဏီနှစ်ခုကို ‌ကေအဲန်ယူက ဧပြီလအထိ ‌ရွှေတူး‌ဖော်ခွင့်‌ပေး

‌ရွှေကုမ္ပဏီနှစ်ခုကို ‌ကေအဲန်ယူက ဧပြီလအထိ ‌ရွှေတူး‌ဖော်ခွင့်‌ပေး

1404
‌ဖေ‌ဖော်ဝါရီလ ၂၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စပ်ရှိ မယ့်ကလယ့်‌လော်‌ချောင်းအတွင်း တူး‌ဖော်လုပ်‌ဆောင်ခဲ့ သည့် ‌ရွှေတွင်းကို ယခုနှစ်ဆန်းပိုင်းမှစ၍ ရဲထွန်းနှင့် ကိုချိုကုမ္ပဏီများကို ‌ကေအဲန်ယူ ဖာပွန်ခရိုင်က ဧပြီလအထိ ဝင်‌ရောက်တူး ‌ဖော်ခွင့်‌ပေးထား‌ကြောင်း သိရသည်။

အဆိုပါ‌ရွှေတွင်းကို ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၌ မြ‌ဌေးကြွယ်နှင့် ချစ်‌လေးမြိုင် ကုမ္ပဏီတို့က DKBA (ယခု နယ်ခြား‌စောင့်တပ်-BGF) ၏ လုံခြုံ‌ရေးအကူအညီဖြင့် တူး‌ဖော်ခဲ့ပြီး ၂၀၁ဝခုနှစ် ‌မေလတွင် လုပ်ငန်းကို ရပ်တန့်ခဲ့သွားခဲ့ရာမှ ယခုနှစ်တွင်မှ ရဲထွန်းနှင့် ကိုချို ကုမ္ပဏီတို့က ဆက်လက် တူး‌ဖော်‌နေခြင်းဖြစ်သည်။

ယခုလို ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်‌နေသည့် ကုမ္ပဏီနှစ်ခုကို လုံခြုံ‌ရေးအ‌စောင့် မလိုဘဲ တူး‌ဖော်ခွင့်‌ပေးလိုက် ရခြင်းမှာ ကုမ္ပဏီတာဝန်ရှိသူများအ‌နေဖြင့် ‌ကေအဲန်ယူနှင့် လာ‌ရောက်ညှိနှိုင်းတိုင်ပင်မှု‌ကြောင့်ဖြစ်သည်ဟု ဖာပွန်ခရိုင်အတွင်း ရှိ KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ‌ကေအိုင်စီ ယခုလို ‌ပြောသည်။

သူက “မြ‌ဌေးကြွယ်နဲ့ ချစ်‌လေးမြိုင်ကုမ္ပဏီဟာ ကျ‌နော်တို့ကို လာမ‌ဆွေး‌နွေးဘဲ သူ့သ‌ဘောနဲ့သူလုပ်ပြီး DKBA(ယခု BGF) ကို လုံခြုံ‌ရေး ယူခိုင်းတယ်‌လေ။ ကျ‌နော်တို့က နယ်‌မြေခံဆို‌တော့ ဒါမျိုးလာလုပ်တာ လက်မခံဘူး‌လေ။ အခုဆို လုံခြုံ‌ရေးလာယူ‌ပေး ခဲ့တဲ့ DKBA ‌တွေလည်း BGF ‌ပြောင်း‌တော့ အရင်လို အင်အားမရှိ‌တော့ဘဲ လုံခြုံ‌ရေးယူနိုင်ဖို့ ခက်တယ်။ အခုလာတဲ့အဖွဲ့‌တွေ က ကျ‌နော်တို့နဲ့ လာတိုင်ပင်‌တော့ ၄လပိုင်းအထိ လုပ်ခွင့်သ‌ဘောတူထားတယ်။”ဟု သူက ‌ပြောသည်။

၎င်းကုမ္ပဏီနှစ်ခုသည် ‌ရွှေတူး‌ဖော်‌ရေးအတွက် ၂၀၁ဝခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ‌ကေအဲန်ယူ ဖာပွန်ခရိုင်နှင့် လာ‌ရောက်တိုင်ပင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ကာလအနည်းငယ် ‌ရွှေတူးခွင့်သ‌ဘောတူညီမှုအ‌ပေါ် အကျိုးအမြတ် မည်မျှရရှိသည် ကိုမူ ‌ကေအဲန်ယူက ထုတ်‌ဖော်‌ပြောဆိုခြင်း မရှိ‌ပေ။

မယ့်ကလယ့်‌လော်‌ချောင်းအတွင်း ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းများ ပြန်လည်စတင်သည့် အ‌စောပိုင်းတွင် ဝင်း‌မောင်း(ဝါ့မူ) ‌ကျေးရွာ အုပ်စုအတွင်းရှိ ‌ကျေးရွာအချို့သည် သန့်ရှင်းသည့် ‌သောက်‌ရေသန့်များ မရရှိသဖြင့် ရွာသူရွာသားများ အခက်ကြုံခဲ့ရ‌ကြောင်း ‌ဒေသခံရွာသားတစ်ဦးက ‌ပြောသည်။

သူက “ဒီလို ‌ရွှေပြန်လာတူး‌တော့ ကျ‌နော်တို့ ဝင်း‌မောင်း‌ကျေးနယ်အုပ်စုထဲက ရွာတချို့ ‌သောက်‌ရေပြဿနာနဲ့ ကြုံတယ်။ ဒီအ ‌ကြောင်းကို နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLAကို တင်ပြတယ်။ ကုမ္ပဏီ‌တွေကို သူတို့ပြန်‌ပြော‌ပေး ‌တော့ အခု ကျ‌နော်တို့ရွာ‌ဘေးက ‌တောင်ကျ‌ရေကို ပိုက်လုံးနဲ့ သွယ်‌ပေး‌တော့ ပြန်အဆင်‌ပြေသွားတယ်။”ဟု ‌ပြောသည်။

DKBA (ယခု BGF)တပ်ဖွဲ့သည် ‌ရွှေတူးသည့်‌နေရာသို့ သွားသည့်လမ်းတ‌လျှောက် ကားလမ်း‌ဖောက်လုပ်ခဲ့သဖြင့် မယ်ကလယ့် ‌လော်‌ချောင်းကမ်းပါး‌ပေါ်တွင် စုပုံထား‌သော သဲ‌မြေများ‌ကြောင့် အဆိုပါ‌ဒေသရှိ ဝင်း‌မောင်း(ဝါ့မူ)၊ မဲချိုနှင့် မ‌လေး‌ကျောက် (မ‌လေးလယ်) ‌ကျေးနယ်၌ ဧက ၄၀ဝခန့်ရှိ လယ်ကွင်း ၈၅ကွင်းပျက်စီးခဲ့ရသည်။

ထို‌ဒေသရှိ လယ်ကွင်းများ ပြန်လည်လုပ်ကိုင်နိုင်‌အောင် မယ့်ကလယ့်‌လော်‌ချောင်းနှင့် လယ်ကွင်းများအကြား ဆက်သွယ်ထား သည့် ‌ရေ‌ပေးတူး‌မြောင်းများကို ပြန်လည်ပြုပြင်‌ပေးရန် လက်ရှိ ‌ရွှေတူး‌ဖော်‌နေသည့် ကုမ္ပဏီများကို ‌ပြောဆိုထား‌ကြောင်း KNU ဖာပွန်ခရိုင်က ‌ပြောသည်။