Home ထိပ်တန်းသတင်း ‌တောင်ငူတွင်လည်း အကျဉ်းသား ‌ပေါ်တာများ စစ်တပ်၏ မိုင်းရှင်း ကိရိယာဖြစ်‌နေ

‌တောင်ငူတွင်လည်း အကျဉ်းသား ‌ပေါ်တာများ စစ်တပ်၏ မိုင်းရှင်း ကိရိယာဖြစ်‌နေ

2009
‌ဖေ‌ဖော်ဝါရီ ၁၈ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်‌မြောက်ပိုင်း ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ဝင်‌ရောက်လှုပ်ရှား‌နေသည့် စစ်အစိုးရတပ်များသည် အကျဉ်း သား‌ပေါ်တာများကို မိုင်းရှင်းသည့် ကိရိယာတခုလို အသုံးပြု‌နေသည်ဟု ထွက်‌ပြေးလွတ်‌မြောက်လာသည့် အကျဉ်းသား‌ပေါ်တာ များက ‌ပြောသည်။

စစ်တပ်မှ အထမ်းသမားများအဖြစ် ‌ခေါ်‌ဆောင်အသုံးပြု‌နေသည့် မြစ်ကြီးနား၊ လားရှိုး အကျဉ်း‌ထောင်များမှ အကျဉ်းသား‌ပေါ်တာ ၅ဦးသည် ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့က ‌ကေအဲန်ယူ တပ်မဟာ(၂)ထံသို့ ထွက်‌ပြေး‌ရောက်ရှိလာပြီး ယင်းကဲ့သို့ ထုတ်‌ဖော်‌ပြောဆို ခြင်း ဖြစ်သည်။

စစ်အစိုးရတပ်က ၎င်းတို့ကို ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ထမ်းခိုင်းပြီး မထမ်းနိုင်ပါက ရိုက်နှက်၊ ကန်‌ကျောက်၊ ထိုးကြိတ်မှုများ လုပ်‌ဆောင်ခဲ့သည့်အပြင် မိုင်းရှင်းသည့်အ‌နေဖြင့် အ‌ရှေ့မှတက်ခိုင်းပြီး မသွားရဲပါက ‌သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်း‌ခြောက် သည့်အတွက် ယခုလို ထွက်‌ပြေးရခြင်းဖြစ်‌ကြောင်း ထိုအကျဉ်းသား‌ပေါ်တာများက ‌ပြောသည်။

အဆိုပါအကျဉ်းသား‌ပေါ်တာများသည် စစ်တပ်၏ ညှင်းပမ်းနှိပ်စက်မှုဒဏ်နှင့် အစာ‌ရေစာများလုံ‌လောက်စွာ မစားရသည့်အတွက် အားအင်များ ကုန်ခမ်းကာ ပင်ပမ်းနွမ်းနယ်လျှက်ရှိသည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၂) တာဝန်ရှိသူတဦးက ‌ပြောပြသည်။

၎င်းက “ဒီ‌ပေါ်တာ ၅‌ယောက်ဟာ ‌သေမထူး‌နေမထူး ထွက်‌ပြေးလာတဲ့‌ပေါ်တာ‌တွေပါ။ စစ်တပ်က နှိပ်စက်ထားတဲ့ဒဏ်နဲ့ ထမင်းဝ ‌အောင်မ‌ကျွေးတာရယ်၊ ‌ရေမချိုးရတာရယ်‌ကြောင့် ခန္ဓာကိုယ် ပိန်‌ခြောက်ပြီး‌တော့ တကိုယ်လုံး နံ‌စော်တယ်။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတုန်းလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ဖားအံမြို့နယ်တွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်များသည် အလားတူ အကျဉ်းသား‌ပေါ်တာများကို မိုင်းရှင်းသည့်အ‌နေဖြင့် အ‌ရှေ့က‌နေတက်ခိုင်းခဲ့သလို မထမ်းနိုင်‌တော့သည့် ‌ပေါ်တာတချို့ ကိုလည်း သတ်ဖြတ်တဲ့အထိ လုပ်‌ဆောင်ခဲ့သည်ဟု ယခင်ထွက်‌ပြေးလာခဲ့သည့် အကျဉ်းသား‌ပေါ်တာများက ‌ပြောသည်။