Home ထိပ်တန်းသတင်း အ‌ဆောက်အအုံ ၃ဝခန့်ကို နအဖ မီးရှို့ဖျက်ဆီး

အ‌ဆောက်အအုံ ၃ဝခန့်ကို နအဖ မီးရှို့ဖျက်ဆီး

1683
‌ဖေ‌ဖော်ဝါရီလ ၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ဘွားဒဲ‌ကျေးရွာအုပ်စု သူးမွဲထာ့ရှိ ကျို့လို့‌နေရာ၌ ‌ဆေးခန်း အပါအဝင် ‌ဈေးဆိုင်၊ တဲ အိမ် စုစု‌ပေါင်း ၃ဝခန့်ကို နအဖ တပ်မ(၁၁)လက်‌အောက်ခံ တပ်ရင်းနှစ်ရင်းက ‌ဖေ‌ဖော်ဝါရီလ ၃ရက်‌နေ့၊ ည‌နေ ၃နာရီတွင် သွား ‌ရောက်မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရသည်။

အဆိုပါ နအဖ လှုပ်ရှားတပ်ဖွဲ့များသည် ၂၀၁၁ ခုနှစ်အတွင်း နယ်စပ်တ‌လျှောက်ရှိ နယ်ခြား‌စောင့်တပ်ထားရှိရန် နယ်‌မြေရှင်း လင်းသည့်အ‌နေဖြင့် အဆိုပါ အ‌ဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်‌ကြောင်း KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ‌ကေအိုင်စီကို ယခုလို ရှင်းပြသည်။

သူက “နအဖတပ်‌တွေဟာ နယ်ခြား‌စောင့်တပ်ထားမယ်ဆို‌တော့ နယ်စပ်တ‌လျှောက်က ‌နေရာ‌တွေကို လာပြီးဖျက်ဆီးမှာပဲ ‌လေ။ အခုဖြစ်တာက အဲဒီမှာရှိတဲ့ အရပ်သား‌တွေ‌ကော၊ KNU ဗဟိုက သွားဖွင့်ထားတဲ့ ‌ဆေးခန်းက ဝန်ထမ်း‌တွေ‌ကော အကုန် လုံး ကြိုတင်‌ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ အရပ်သား‌တွေက‌တော့ သူတို့ မူရင်းဌာ‌နေ ဘွားဒဲ‌ကျေးရွာအုပ်စုထဲက ရွာ‌တွေမှာ ပြန်ပြီး ‌နေတယ်။ တချို့ထိုင်းဘက်ကူးတယ်။”ဟု ‌ပြောသည်။

ကျို့လို့တွင် ‌ဈေး‌ရောင်း‌နေသည့် ဆိုင်ရှင်တစ်ဦးက “နအဖ‌တွေ အခုလို မီးလာရှို့တာ ကျ‌နော်တို့ အသက်‌မွေးဝမ်း‌ကျောင်း ထိခိုက်တယ်ဆို‌ပေမဲ့ ကိုယ့်အသက်ရှင်ဖို့က အ‌ရေးကြီးတယ်ဆို‌တော့ ကျ‌နော်တို့က ‌ပြေးရတာပဲ။”ဟု ‌ပြောဆိုသည်။

မြန်မာပြည်ဘက်ခြမ်းမှ သူးမွဲထာ့ ကျို့လို့‌နေရာသည် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်နှင့် ‌သောင်ရင်းမြစ်(သူးမွဲကလိုး) မြစ်ဆုံ ရာတွင် တည်ရှိပြီး ဘွဲဒဲ‌ကျေးရွာအုပ်စုမှ ရွာသူရွာသားများက ‌ဆေးဝါး၊ ဆန်၊ ဆီ၊ ဆား၊ ငြုပ်သီး၊ ငါးပိ၊ အချိုရည်၊ အဝတ်အ ထည်နှင့် အိမ်အသုံးအ‌ဆောင်ပစ္စည်းအမျိုးမျိုးတို့ကို ကျို့လို့ရှိ ‌ဈေးဆိုင်များတွင် လာ‌ရောက်ဝယ်ယူကြသည်။

လူဦး‌ရေ ၁၀ဝခန့်‌နေထိုင်သည့် ကျို့လို့‌နေရာသည် ဘူးသိုမြို့နယ် ဘွားဒဲ‌ကျေးရွာအုပ်စုရှိ မာမူ၊ ‌မော‌လောခို့၊ ‌ဂေ‌ကေတူ စသည့် ရွာများနှင့် နီးစပ်သလို မြန်မာပြည်တွင်းမှ လာသူခရီးသည်များက ‌ခေတ္တနားခိုပြီး သံလွင်မြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံသို့ အ လွယ်တကူ ဖြတ်ကူးနိုင်ရန် စက်‌လှေဆိပ်‌နေရာလည်း ဖြစ်သည်။

ကျို့လို့‌နေရာရှိ အ‌ဆောက်အအုံများကို မီးရှို့ဖျက်ဆီးလိုက်သည့် နအဖ တပ်မ(၁၁)လက်‌အောက်ခံ တပ်ရင်း ၂ရင်းနံပါတ်ကို ‌ဒေသခံများက တပ်အပ် မ‌ပြောနိုင်‌သော်လည်း အင်အား(၇၀၀)ခန့်ရှိ တပ်မ(၁၁)လက်‌အောက်ခံတွင် ခမရ(၂၁၂)၊ (၂၁၄)၊ (၂၁၆)နှင့် (၂၂၀)တပ်ရင်းတို့ ရှိသည်ဟု KNU တပ်မဟာ(၅)က ‌ပြောသည်။