Home ထိပ်တန်းသတင်း ဘီးလင်းမြို့ အခွန်ဦးစီးရုံး မီးရှို့ခံရ

ဘီးလင်းမြို့ အခွန်ဦးစီးရုံး မီးရှို့ခံရ

1695
‌ဖေ‌ဖော်ဝါရီလ ၃ရက်။ (‌ကေအိုင်စီ)

မွန်ပြည်နယ် ဘီးလင်းမြို့တွင်းရှိ အခွန်ဦးစီးရုံး ဇန်နဝါရီလ ၃၁ရက်က အမည်မသိ လူတစုက လာ‌ရောက်မီးရှို့ခဲ့သည်ဟု မြို့ခံ များ၏ ‌ပြောပြချက်အရ သိရသည်။

ထို‌နေ့ည ၁၁နာရီခန့်အချိန်တွင် ဘီးလင်းမြို့ အခွန်ဦးစီးဌာနရုံးကို လူ‌ခြေတိတ်ချိန် လာ‌ရောက်မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ပြီး လာ‌ရောက်လုပ်‌ဆောင်သူများမှာ မည်သည့်အဖွဲ့ကဖြစ်‌ကြောင်း မသိရှိ‌သေးဟု ၎င်းမြို့ကို ‌ရောက်ရှိခဲ့သူတစ်ဦးက ယခုလို ‌ပြော သည်။

“မြို့ခံ‌တွေ‌ပြော‌နေကြတာက‌တော့ ညဘက် လူအိပ်ချိန် ၁၁နာရီ‌လောက်မှ လာပြီး မီးဝင်ရှို့သွားတာပဲတဲ့။ ရုံး‌စောင့်က‌တော့ ရှိ တာ‌ပေါ့‌လေ။ သူက အရပ်သားပဲ။ ‌ကြောက်လို့ ထွက်‌ပြေးသွားမှာ‌ပေါ့။ လာလုပ်တဲ့သူ‌တွေက ဘယ်ကမှန်း ဘယ်သူမှလည်း တပ်အပ် မ‌ပြောကြဘူး။”ဟု သူက ဆိုသည်။

အလားတူ ထို‌နေ့ညဘက်ကလည်း ‌ကော့ကရိတ်မြို့ မိုက်ခရို‌ဝေ့ဗ်ကို ကရင်တပ်ဖွဲ့ဝင်များ လာ‌ရောက်မီးရှို့ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ ‌သေးသည်။