Home ထိပ်တန်းသတင်း ပဒိုမန်းရှာလားဖန်း နှစ်ပတ်လည် ‌အောက်‌မေ့ဖွယ် ၃နှစ်ပြည့်

ပဒိုမန်းရှာလားဖန်း နှစ်ပတ်လည် ‌အောက်‌မေ့ဖွယ် ၃နှစ်ပြည့်

1558
‌ဖေ‌ဖော်ဝါရီလ ၁၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယ‌နေ့ ကျ‌ရောက်သည့် ချစ်သူများ‌နေ့သည် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး‌ဟောင် ပဒိုမန်းရှာ လုပ်ကြံခံရသည့် ၃နှစ်ပြည့်ဖြစ်၍ ထိုင်း-မြန်မာနယ်စပ်နှင့် နိုင်ငံအချို့ရှိ ကရင်တိုင်းရင်းသားများက ‌အောက်‌မေ့ဖွယ် ဆု‌တောင်းပွဲများ အသီး သီး ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ယင်းသို့ အမှတ်တရ ‌အောက်‌မေ့ဖွယ် ပြုလုပ်‌ပေးသူများအား ‌ကျေးဇူးတင်‌ကြောင်း ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့ က ကွယ်လွန်ခဲ့သူ ပဒိုမန်းရှာလားဖန်း၏သားကြီး ‌စော‌စေး‌စေးဖန်းက ယခုလို ‌ပြောသည်။

“ကျ‌နော့်အ‌ဖေဟာ သူမရှိ‌တော့‌ပေမဲ့ သူ့ရဲ့လုပ်ရပ်နဲ့ သူ့ကို ချစ်မြတ်နိုးတဲ့သူ‌တွေက အခုလို နှစ်ပတ်လည် ဂုဏ်ပြုကျင်းပ တာ ဖြစ်ပါတယ်။ အ‌ဖေဟာ အဖွဲ့အစည်း(KNU)ရဲ့ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း တစိုက်မတ်မတ် ဆွဲကိုင်ထားသလို မြန် မာနိုင်ငံ ဒီမိုက‌ရေစီနဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှ‌ရေး ရရှိ‌ရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်တယ်‌လေ။ ဒါ‌ကြောင့် ‌ရှေ့ ဆက် ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့‌ရောက်တိုင်း သူ့ကို ချစ်ခင်‌လေးစားကြတဲ့သူ‌တွေက‌တော့ ဒီလိုမျိုး ‌အောက်ဖွယ်အခမ်းအ နား‌တွေ ပြုလုပ်သွားအုံးမယ်လို့ ယုံကြည်တယ်။”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းအချို့နှင့် အခြားနယ်စပ်‌နေရာများတွင် ပဒိုမန်းရှာအတွက် ၃နှစ်ပြည့် ‌အောက်‌မေ့ ဖွယ်အဖြစ် ခရစ်ယာန်ဝတ်ပြုခြင်းနှင့် ဗုဒ္ဓဘာသာ သံဃာဆွမ်းကပ်လှူခြင်းများကို မိမိတို့ ကိုးကွယ်ရာ ဘာသာအလိုက် ပြု လုပ်သည့်အပြင် ပဒိုမန်းရှာနှင့် ပတ်သက်သည့် ‌ဟော‌ပြောပွဲအစီအစဉ်များကို ‌ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

ပဒိုမန်းရှာ၏ နှစ်ပတ်လည်‌နေ့အ‌ပေါ် ‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်များအဖွဲ့(BPHWT)တာဝန်ခံ ဆရာမန်းမန်းက “ပဒိုမန်း ရှာဟာ ကရင်အမျိုးသား‌ရေးအတွက် အနစ်နာခံပြီး ‌ခေါင်း‌ဆောင်ပီသတယ်။ ဒါ‌ကြောင့် သူမရှိ‌တော့‌ပေမဲ့ သူ့ကို ‌လေးစားတဲ့ အ‌နေနဲ့ အခုလို ‌အောက်‌မေ့ဂုဏ်ပြုပွဲ‌တွေ လုပ်တာပါ။ သူလုပ်ခဲ့တဲ့ မပြီး‌သေးတဲ့အလုပ်ကို သူ့ကိုချစ်တဲ့သူ‌တွေ ဆက်လုပ် သွားမယ်လို့ ယုံကြည်တယ်။”ဟု ‌ပြောသည်။

အလားတူ ဩစ‌တြေးလျားနိုင်ငံ‌ရောက် ကရင်များနှင့် မဟာမိတ်အချို့ကလည်း ဩစ‌တြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရှိ Guild-ford၊ Mt.Druitt နှင့် Villawood ‌နေရာများတွင် ယမန်‌နေ့ အားလပ်ရက်က ပဒိုမန်းရှာလားဖန်းအတွက် ၃နှစ်ပြည့် နှစ်ပတ် လည် အလှူအတန်းကို ပြုလုပ်ပြီးစီးခဲ့‌ကြောင်း သိရသည်။

ဆစ်ဒနီအ‌ခြေစိုက် ဩစ‌တြေးလျကရင်အမျိုးသားအဖွဲ့ ဥက္ကဌ မန်း‌အော်လန်းဒိုက “ပဒိုမန်းရှာဟာ ရာထူး‌တွေချ၊ ‌နေရာ‌တွေ ‌ရွှေ့‌ပြောင်းတာခံခဲ့ရ‌ပေမယ့် နိုင်ငံ‌ရေး၊ လူမျိုး‌ရေး၊ ‌တော်လှန်‌ရေး‌တွေမှ ကျရာ‌နေရာက တာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်း‌ဆောင်ခဲ့ တယ်။ အဲလိုကြိုးစားမှု‌တွေ‌ကြောင့် ဗိုလ်ချုပ်မြရဲ့ ကိုယ်‌ရေးအရာရှိ‌နေရာကိုရခဲ့တဲ့အပြင် သူ့ရဲ့ လုပ်ရည်ကိုင်ရည်‌ကြောင့် ‌ကေအဲန်ယူရဲ့ အတွင်း‌ရေးမှုးချုပ်အဖြစ် ‌ကေအဲန်ယူကွန်ဂရက်က တင်‌မြောက်ခြင်းကိုခံခဲ့ရတယ်။ သူဟာ ရိုးသား‌ဖြောင့်မတ် တယ်။ နှိမ့်ချမှုရှိတယ်၊ ကရင်အမျိုးသားနိုင်ငံ‌ရေးကို ‌သေ‌သေချာချာနားလည်တယ်။ လွတ်‌မြောက်‌ရေးအတွက်ကိုလည်း လက်‌တွေ့ကျကျ လုပ်‌ဆောင်ခဲ့တယ်။ ရန်သူ၊ မိတ်‌ဆွေ ခွဲခြားတဲ့‌နေရာမှာလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ခွဲ ခြားနိုင်တယ်။”ဟု ‌အောက်‌မေ့‌ပြောဆိုခဲ့သည်။

ဆစ်ဒနီမှ ကိုမျိုးဝင်းက “ကျ‌နော့ကိုလည်း “ဆင်ကြီး” လို့နာမည်‌ပေးပြီး‌တော့ ချစ်ချစ်ခင်ခင်နဲ့ နိုင်ငံ‌ရေး‌တွေကို သင်ပြ‌ပေးခဲ့ တာကို ဆည်းပူးခဲ့ရတယ်။ သူဟာ အင်မတန်‌တော်တဲ့ နိုင်ငံ‌ရေးပုဂ္ဂိုလ်ထူးတ‌ယောက် ဖြစ်တယ်။ ဒီ‌ရောက်‌နေတဲ့အချိန် သူ့ သတင်းဆိုးကို ကြားလိုက်ရတာ အင်မတန်အံ့ဩ‌ကြေကွဲမိပါတယ်။”ဟု ဆိုသည်။

လာမည့် မတ်လ ၅ရက်‌နေ့တွင် ပဒိုမန်းရှာလားဖန်းအား မြန်မာနိုင်ငံ အမျိုးသားတန်းတူညီမျှ‌ရေး ရရှိ‌ရေးအတွက် တစိုက် မတ်မတ် ကြိုးပမ်း‌ဆောင်ရွက်ခဲ့သူအဖြစ် အ‌မေရိကန် ပြည်‌ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ IPFW အင်ဒီယား နား ပါဒူးတက္ကသိုလ်က National Equality Award ‌ခေါ် အမျိုးသားတန်းတူ‌ရေးနှင့် သာတူညီမျှ‌ရေးဆုကို ဂုဏ်ပြုချီးမြှင့် သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့ ည‌နေ ၄း၄၅နာရီအချိန်တွင် ပဒိုမန်းရှာအား ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ၎င်း‌နေထိုင်ရာ ‌နေအိမ်၌ အမည်မသိ ‌သေနတ်သမား(၂)ဦးက လာ‌ရောက်လုပ်ကြံသတ်ဖြတ်ခဲ့သည်။