Home ထိပ်တန်းသတင်း နအဖ လက်နက်ကြီးကျ‌ရောက်၍ ယာယီစခန်းမှ ဒုက္ခသည်များ ကစဉ့်ကလျားထွက်‌ပြေး

နအဖ လက်နက်ကြီးကျ‌ရောက်၍ ယာယီစခန်းမှ ဒုက္ခသည်များ ကစဉ့်ကလျားထွက်‌ပြေး

1550
‌ဖေ‌ဖော်ဝါရီလ ၁ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

မြဝတီမြို့နယ်၊ ‌ဝေါ်‌လေ‌ဒေသအတွင်းရှိ နအဖတပ်ဖွဲ့များက ယ‌နေ့မနက်တွင် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများ ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ စစ်‌ပြေးဒုက္ခသည်များ ‌ရောက်ရှိခိုလှုံသည့်‌နေရာအနီး ကျ‌ရောက်‌ပေါက်ကွဲသဖြင့် စစ်‌ပြေးဒုက္ခသည်များ အပါအဝင် ထို‌ဒေသခံ ထိုင်းရွာသူရွာသားများပါ ထွက်‌ပြေးတိမ်း‌ရှောင်ရ‌ကြောင်း သိရသည်။

ယ‌နေ့မနက် ၈နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ ‌မောကဲထိုင်း‌ကျေးရွာတွင် လက်နက်ကြီး ၅လုံး ကျ‌ရောက်လာသည့် အတွက် ထို‌ကျေးရွာအတွင်း ‌ရောက်ရှိခိုလှုံ‌နေကြသည့် ဝါ့မီထာ့နှင့် ဆုံဆည်းမြိုင်‌ကျေးရွာမှ ရွာသူရွာသား ၁,၀၀၀‌ကျော်နှင့် ထိုင်းရွာသားများ ‌ဘေးလွှတ်ရာ‌နေရာများသို့ ထွက်‌ပြေးခဲ့ကြရ‌ကြောင်း ဝါ့မီထာ့ရွာသားတစ်ဦးက ‌ပြောသည်။

၎င်းရွာသားက “မနက်က လက်နက်ကြီး‌တွေ ကျလာတာ ရွာသူအမျိုးသမီးတ‌ယောက်ဆိုရင် လန့်ပြီး ‌သွေးတိုးတက်၊ သတိလစ် သွားတယ်။ ဒီလိုတိုက်ပွဲဖြစ်ပြီဆိုရင် ကျ‌နော်တို့ ရွာသူရွာသား‌တွေပဲ ပိုဒုက္ခ‌ရောက်တယ်။ တိုက်ပွဲ‌တွေ‌ကြောင့် ကျ‌နော်တို့ ရွာမှာ မ‌နေရဲလို့ တ‌နေရာပြီးတ‌နေရာ ‌ပြေးပြီးမှ ထိုင်းဘက်ကို‌ရောက်လာတာ။ ထိုင်းဘက်မှာ ‌ရောက်တာ‌တောင်မှ ‌ပြေးရ‌သေးတယ်။” ဟု ‌ကေအိုင်စီကို ‌ပြောသည်။

သတိလစ်သွားသည့် ရွာသူအမျိုးသမီးကို ဖုတ်ဖရမြို့နယ် ‌ဆေးရုံသို့ပို့‌ဆောင်ကာ ‌ဆေးကုသ‌ပေးလျှက်ရှိသည်ဟု သိရသည်။

၎င်းစစ်‌ပြေးရွာသူရွာသားများသည် ‌မောကဲထိုင်း‌ကျေးရွာတွင် တချို့‌နေထိုင်လျှက်ရှိပြီး တချို့က ရွာ၏အ‌ရှေ့ဘက်ခြမ်းရှိ ထိုင်း စစ်တပ်၏ တပ်စခန်းဝင်းတွင် ထိုင်းအာဏာပိုင်များက ယာယီခိုလှုံခွင့်‌ပေးထားသလို ‌တောင်ယာခင်းများတွင်လည်း သွား‌ရှောင် ‌နေထိုင်ကြသူများလည်းရှိသည်ဟု ၎င်းရွာသားက ‌ပြောသည်။

(စစ်ဒဏ်‌ကြောင့် ရွာသားများ သစ်ပင်‌အောက်တွင် ယခုလို တိမ်း‌ရှောင်‌နေထိုင်ရသည်)

လက်ရှိအချိန်တွင် ထိုင်းအာဏာပိုင်များသည် ၎င်းတို့ခိုလှုံခွင့်‌ပေးထားသည့်‌နေရာရှိ စစ်‌ပြေးဒုက္ခသည်များကို ‌သောက်‌ရေနှင့် ထမင်းများ ‌ကျွေး‌မွေးကူညီ‌ပေးခဲ့သည့်အပြင် ထိုစစ်‌ရေးအ‌ခြေအ‌နေများ‌ကြောင့် နယ်စပ်‌ဒေသများတွင်လည်း လုံခြုံ‌ရေးကို ပိုမို ချထားလျှက်ရှိသည်။

‌ဒေသတွင်း တိုက်ပွဲများဖြစ်ပွားမှု‌ကြောင့် ယမန်‌နေ့က ထိုင်းနိုင်ငံ၊ ‌မော်လီချိုင်း‌ကျေးရွာသို့ ‌ရောက်ရှိလာသည့် တာအူထာ့ရွာသူ တဦးက “အခက်အခဲ‌တွေက‌တော့ အမျိုးမျိုးပဲ။ ကျမ ‌ယောက်ျားကလည်း ‌နေမ‌ကောင်းဘူး။ ပိုက်ဆံကလည်းမရှိ။ က‌လေး‌တွေ ကလည်း တဖက်နဲ့။ အခု ‌မော်လီချိုင်းရွာက သူများအိမ်နားမှာ ခိုကပ်‌နေရတယ်။”ဟု ‌ပြောသည်။

အဆိုပါ တာအူထာ့‌ကျေးရွာ အနီးအနားတွင် ကရင်တပ်ဖွဲ့နှင့် နအဖ တပ်များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိပြီး နအဖတပ်ဘက်က ပြီးခဲ့သည့် ၃ရက်ခန့်ကတည်းက လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်ခဲ့သည့်အတွက် တာအူထာ့‌ကျေး ရွာမှ ရွာသူရွာသားအားလုံး ထိုင်းနယ်စပ်ဘက်ကို ထွက်‌ပြေးတိမ်း‌ရှောင်လာခဲ့သလို ထို‌ဒေသအတွင်းရှိ အချို့ရွာများမှ ရွာသူရွာ သားများလည်း လွတ်‌မြောက်ရာသို့ ‌ပြောင်း‌ရွှေ့ခိုလှုံကြသည်ဟု သိရသည်။

စစ်‌ရေး‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြသည့် ရွာသူရွာသားများအတွက် လိုအပ်သည့် ‌နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ‌ဆေး ဝါးကုသမှုများကို နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့(BPHWT)နှင့် ကရင်လူမှုကယ်ဆယ်‌ရေးအဖွဲ့တို့မှ ကူ ညီ‌ပေးလျှက်ရှိသည်။