Home ထိပ်တန်းသတင်း နအဖ စစ်တပ်က လူ‌နေအိမ် ၁၁လုံးကို မီးရှို့ဖျက်ဆီး

နအဖ စစ်တပ်က လူ‌နေအိမ် ၁၁လုံးကို မီးရှို့ဖျက်ဆီး

1478
‌ဖေ‌ဖော်ဝါရီ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ဝေါ်‌လေ‌ဒေသတွင် ဝင်‌ရောက်လှုပ်ရှား‌နေသည့် နအဖစစ်တပ်များသည် ယမန်‌နေ့ညနှင့် ယ‌နေ့မွန်လွဲပိုင်းတွင် ‌လေး‌ဝေါ်‌ကျေးရွာမှ လူ‌နေအိမ်(၁၁)လုံးကို အ‌ကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု နယ်‌မြေခံများက ‌ပြောသည်။

ယမန်‌နေ့ည (၈)နာရီတွင် နအဖ စကခ (၁၂)လက်‌အောက်ခံရင်းများသည်‌ဝေါ်‌လေ‌ဒေသသို့ ရိက္ခာပို့ရန် ‌လေး‌ဝေါ်‌ကျေးရွာမဝင် ခင်တွင် ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်များ၏ ‌ထောင်ထားခဲ့‌သော ‌မြေမြှုပ်ပိုင်း တက်နင်းမိခဲ့ပြီး‌နောက် ‌ကျေးရွာအတွင်းသို့ဝင်‌ရောက် ကာ လူ‌နေအိမ် (၅)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယ‌နေ့မွန်းလွဲ ၃နာရီ‌ကျော်တွင် ‌နောက်ထပ် အိမ် ၄လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ သည်ဟု နယ်‌မြေခံတဦးက ‌ပြောသည်။

“ည(၈)နာရီအချိန်မှာ နအဖတပ်‌တွေ ‌လေး‌ဝေါ်ရွာနားမှာ ‌မြေမြှုပ်မိုင်းတလုံး၊ နှစ်လုံး တက်နင်းမိတယ်။ အဲဒီမှာ သူတို့လူ‌တွေ သုံး‌လေး‌ယောက်‌လောက် ထိသွားမယ်ထင်ပါတယ်။ သူတို့လူ‌တွေအထိနာ‌တော့ ဘာမှမဆိုင်တဲ့ ရွာသား‌တွေရဲ့လူ‌နေအိမ် ၅လုံး ကို မီးရှို့ပစ်လိုက်တယ်။ ဒီ‌နေ့မွန်းလွဲ ၃း၁ဝမိနစ်‌လောက်မှာ ‌နောက်ထပ် ၄လုံး ရှို့ပြန်တယ်”ဟု အဆိုပါနယ်‌မြေခံက ‌ပြောသည်။

အိမ်‌ခြေ ၁၄၀‌ကျော်ရှိသည့် အဆိုပါ‌ကျေးရွာမှ ရွာသူရွာသားများမှာ လွန်ခဲ့သည့်လက နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များအ ကြား အပြန်အလှန် ပစ်ခတ်မှု‌ကြောင့် ထိုင်းနိုင်ငံ၊ ဖို့ဖရမြို့နယ်သို့ ယ‌နေ့အချိန်ထိ ထွက်‌ပြေးခိုလှုံလာခဲ့ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ဒီ‌ကေဘီ‌အေ ထိန်းချုပ်ရာနယ်‌မြေများဖြစ်ကြသည့် ‌လေး‌ဝေါ်၊ ဖလူး၊ ဆုံဆည်းမြိုင်၊ ‌ကျောက် ခက်၊ ‌သေ‌ဘော်ဘိုး(‌မော်လီချိုင်း) စသည့်‌နေရာများတွင် နအဖစစ်တပ်များက ဝင်‌ရောက်‌နေရာယူခဲ့ပြီး‌နောက်ပိုင်း ‌ဒေသခံရွာ သား တစ်‌သောင်း‌ကျော်မှာ ထိုင်းနိုင်ငံ ဖို့ဖရ၊ မဲ‌ဆောက်၊ ထာ့‌ဆောင်ယန်း၊ အုန်းဖန် စသည့်‌နေရာများတွင် ယာယီ ခိုလှုံ‌နေ ထိုင်‌နေကာ ၎င်းတို့၏ ကျန်းမာ‌ရေးနှင့် စားဝတ်‌နေ‌ရေးအတွက် ထိုင်းနယ်စပ် အ‌ခြေစိုက် လူမှုကယ်ဆယ်‌ရေးအဖွဲ့များက ကူညီ ‌ပေးထားသည်။

ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်များ လှုပ်ရှား‌နေသည့် ‌ဝေါ်‌လေနှင့် ချူကလီး‌ဒေသတွင် နအဖစစ်တပ် စစ်ကွပ်ကဲ‌ရေး ဌာနချုပ်-စကခ(၁၂) လက်‌အောက်ခံ ဗျူဟာ(၂)၊ တိုင်းတပ်လက်‌အောက်ခံတပ်ရင်းများ၊ စကခ(၅) ဗျူဟာ(၁)၊ စကခ(၁၉) ဗျူဟာ(၁)နှင့် တပ်မ(၂၂)မှ ဗျူဟာ(၁)နှင့် ယခင်ရှိထားသည့် စကခ(၈) လက်‌အောက်ခံ တပ်ရင်းများ လှုပ်ရှားလျှက်ရှိသည်။

လက်ရှိအချိန်တွင် အဆိုပါနအဖစစ်တပ်များသည် စစ်‌ရေးလှုပ်ရှားမှုထက် စစ်ရိက္ခာနှင့် လက်နက်ခဲယမ်း၊ မီး‌ကျောက်များ ပိုမို ဖြည့်တင်းလျှက်ရှိပြီး ‌ဖေ‌ဖော်ဝါရီလ ၇ရက်‌နေ့က စစ်ရိက္ခာအပြည့် တင်‌ဆောင်လာသည့် စစ်ကား ၉စီးနှင့် ယမန်‌နေ့ညတွင် လည်း စစ်ရိက္ခာအပြည့်ပါသည့် စစ်ကား ၁၂စီး ထပ်မံ ‌ရောက်ရှိလာသည်ဟု နယ်‌မြေခံ‌ကေအဲန်အယ်လ်‌အေ လှုပ်ရှားတပ်များ က ‌ပြောသည်။