Home ကဗျာ စီးချင်းထိုးခြင်း

စီးချင်းထိုးခြင်း

2208
(လကင်္ာဒီပ) ‌ဖေ‌ဖော်ဝါရီလ ၂၇၊ ၂၀၁၁။

ဥသျစ်သီချင်း
‌ခေါင်းချင်းဆိုင်ရိုက်မှ‌တော့
အ‌ပျော့အမာ၊ အနာအဆာ
ဒဏ်ရာ‌တော့ ရှိကြစမြဲ
အသဲမာ‌ယောက်ျား မငြီးတွားဘူး‌နော်။

မင်းပဲ မာမလားကွာ
ငါပဲ မာသလား‌ဟေ့
‌ပြေး‌တွေ့လိုက်ကြမယ်‌လေ
စစ်‌မြေပြင်တလွှား
‌ယောက်ျားအလှ‌တွေရှိတယ်။

ပထမဆုံး‌သေနတ်သံကစ
‌အောင်ပွဲခံမှပြန်လာမယ်‌လေ
အ‌ရေအတွက်၊ အရည်အချင်းနဲ့
စီးချင်းထိုးမဲ့ပွဲစဉ်
အာဏာရှင်လဲပြိုတဲ့အထိ‌ပေါ့။

တိုက်ရင်းနဲ့စည်းရုံး
စည်းရုံးရင်းနဲ့ပျိုး‌ထောင်
ဟိုး..‌တောင်‌တော်ဇွဲကပင်နဲ့‌ဒေါနက
ပြုံးပြကာကြိုဆို‌နေလိမ့်မယ်။

ဒီ‌မြေ၊ ဒီ‌ရေ၊ ဒီ‌လေ
ပြည်သူ‌တွေ မလွတ်လပ်‌သေးသ‌ရွေ့
‌ပြေး‌တွေ့ကာရဲရဲ
ပွဲ‌တွေ့ရင်ဆိုင်ကြမယ် သူငယ်ချင်း။

မျိုးချစ်စိတ်နဲ့ အသက်ရှင်
စစ်‌မြေပြင်ဝင်မဲ့တို့
တစ်ဘို့ထဲသမား
အတ္တငနွား‌လောက်‌ကောင်‌တွေကို
အ‌နောက်‌မှောင်‌နေညိုစခန်းထံ
တွန်းလှန်ကာ အမြန်တိုက်ထုတ်ကြပါစို့လား။ ။