Home အယ်ဒီတာ့အာဘော် စစ်တပ်အုပ်ချုပ်‌နေသ‌ရွေ့ လူထုတရပ်လုံး လူညွှန့်တုံးမည်သာ

စစ်တပ်အုပ်ချုပ်‌နေသ‌ရွေ့ လူထုတရပ်လုံး လူညွှန့်တုံးမည်သာ

1474

နအဖစစ်အုပ်စုသည် အရွယ်‌ရောက်သူ အမျိုးသား၊ အမျိုးသမီးတိုင်း ၁၈-၄၅၊ ၁၈-၃၅နှစ် စသဖြင့် အသက်သတ်မှတ်ကာ အနည်း ဆုံး ၃နှစ် စစ်မှုမထမ်းမ‌နေရ ဥပ‌ဒေကို ၂၀၁၁ခုနှစ်ဆန်း၊ ဇန်နဝါရီလတွင် ပြဌာန်းလိုက်သည်။ ထိုပြဌာန်းချက်‌ကြောင့် မြန်မာပြည်သူလူထုအတွင်းရှိ အလွှာအတန်းအစား အသီးသီးမှ လူငယ်‌မောင်မယ်များအတွင်း ယုံရခက်ခက်၊ ထွက်ရနိုးနိုး ပြည် ပကို ‌မျှော်ကိုးလာကြ‌လေပြီ။

ဗမာပြည်တွင်းမှ လူငယ်လူရွယ်များသည် ကြပ်တည်းသည့် ရှင်သန်ရပ်တည်မှုများကြားမှ မိမိတို့၏ ဘဝတိုးတက်‌ရေးကို နည်း လမ်း‌ပေါင်းစုံဖြင့် ရှာကြံထိုး‌ဖောက်‌နေကြရသည်။ ဤ‌မြေတွင်ဖွား ဤ‌ရေကို‌သောက်ကာ ကြီးပြင်းလာကြသူများအား တိုးတက် ရာတိုးတက်‌ကြောင်း ‌ရှေ့‌ဆောင် လမ်းဖွင့်‌ပေးရမည့်အစား ဤသို့စစ်မှုထမ်းကာ စစ်‌မြေပြင်သို့ ပို့‌ဆောင်မည့် ရည်မှန်းချက်မှာ လူသားတစ်ရပ်လုံးကို အညွှန့်တုံး‌အောင် အမိန့်အာဏာဖြင့် သတ်ဖြတ်‌နေခြင်းသာ ဖြစ်သည်။

“ယ‌နေ့လူငယ် ‌နောင်ဝယ်လူကြီး” ဆိုရိုးစကား ရှိခဲ့‌သော်ငြား လက်ရှိ ဖက်ဆစ်စစ်အုပ်စု အုပ်ချုပ်‌နေသည့် သက်တမ်းကာလ တွင် မြန်မာလူထုမှာ ‘အရွယ်‌ရောက်လူငယ်’ဟု သတ်မှတ်နိုင်‌လောက်သည့်အရွယ် မ‌ရောက်ခင်ကတည်းက အိမ်နီးချင်းနိုင်ငံ များတွင် က‌လေးအလုပ်သမားများအဖြစ် အဓမ္မ လုပ်အားခိုင်း‌စေခံရမှုအပြင် မ‌တော်မတရား စစ်သားစု‌ဆောင်းခံရမှုကို ဗမာ ပြည်တွင်းထဲ၌ ခါးသီးစွာ ခံစား‌နေကြရသည်။ အရပ်နှင့်ညီသည့် ‌သေနတ်ကိုထမ်းရင်း အရွယ်နှင့်မမျှသည့် စစ်သင်တန်း ပို့ ‌ဆောင်ခံရကာ စစ်‌မြေပြင်သို့ အထိတ်တလန့်ဖြင့် ‌ရောက်ရှိလာ‌နေကြရသည်။

စစ်အုပ်စုသည် ၎င်းတို့ရန်သူသဖွယ် သတ်မှတ်ထားသည့် စစ်အာဏာရှင်စနစ်ကို ‌တော်လှန်ခဲ့၊ ‌တော်လှန်‌နေဆဲဖြစ်‌သော တိုင်း ရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် အဆိုပါက‌လေးစစ်သားများသာ အတုံးအရုံး ထိခိုက် ‌သေဆုံးကြရသည်။ တိုင်းပြည်၏ အနာဂတ်အတွက် ပုခုံး‌ပြောင်းတာဝန်ယူမည့် လူငယ်‌လေးများကို ပစ်ကွင်းသို့ ပို့‌ဆောင်သုတ် သင်ခြင်းပင် ဖြစ်သည်။

အလားတူ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာနယ်‌မြေများတွင် ထိုးစစ်ဆင်ရာ၌ အကျဉ်း‌ထောင်များမှ ‌ထောင်သားများကို အ ထမ်းသမား‌ပေါ်တာ(၎င်းတို့အ‌ခေါ်အရ ဝန်ထမ်း)များကို မိုင်းရှင်းရဲ‌ဘော်များနှင့်အတူ ‌ရှေ့တန်းမှသွား‌စေခြင်း၊ နွမ်းနယ်အားပြတ် သူများအား နှိပ်စက်ညှင်းပမ်းသတ်ဖြတ်ရာတွင် မလည်မဝယ်နှင့် အမိန့်နာခံ‌နေရသည့် လူငယ်၊ က‌လေးစစ်သားများကို အသုံး ပြုခြင်းများမှာ လူထုအချင်းချင်း သုတ်သင်‌စေ‌သော လူသားဖြစ်မှုကို ဟန့်တားသည့် မူဝါဒ(‌ပေါ်လစီ)ဖြစ်သည်ကို ‌ကျေးလက် မြို့ပြများမှ တိုင်းရင်းသားလူငယ်များအားလုံး သိနားလည်ထားရ‌ပေမည်။

နအဖ စစ်တပ်တွင် တာဝန်ထမ်း‌ဆောင်ဖူးသူများ၏ အ‌ပြောအရ စစ်တပ်သည် တိုင်းရင်းသား‌ဒေသများကို ထိုးစစ်ဆင်မည့်အခါ တိုင်း အကျဉ်း‌ထောင်တွင်းမှ ရာဇဝတ်သား အကျဉ်းသားများကို အသုတ်လိုက် ‌ခေါ်ထုတ်ကာ ‌ရှေ့တန်းသို့ အထမ်းသမားများ အဖြစ်လည်း‌ကောင်း၊ ထိခိုက်ဒဏ်ရာရပါက အချိန်ကုန်ခံ ကုသရမည်ထက် စစ်‌မြေပြင်တွင် ပစ်သတ်ကာ လူမသိသူမသိ ထား ရစ်ခဲ့ခြင်းမှာ တိုင်းပြည်ကို စစ်တပ်အုပ်ချုပ်‌နေသမျှ ဖြစ်ပျက်‌နေမည်သာဖြစ်၍ ‌ခေတ်ဝန်ကိုထမ်းမည့် အနာဂတ်လူငယ်များအ ‌နေဖြင့် စွန့်စားစိတ်ဖြင့် တွန်းလှန်သွားကြရ‌ပေမည်။